Pages

Sunday, July 25, 2010

စက်မှုလယ်ယာလုပ်ငန်းသို့


စာရီးသူရေ အလုပ်ကိစ္စအရ မကြာမကြာ ခရီးထွက်ရပါရေ။ နိန်ထိုင်ရေ အီလီနွိုင်းပြည်နယ် အလယ်ပိုင်းကနိန် အရပ်လေးမျက်နှာကို တစ်ယောက်တည်းဖြစ်စီ၊ အများနာင့်ဖြစ်စီ လားဖြစ်ပါရေ။ ပြည်နယ်၏ပထ၀ီအနိန်အထားရေ တောင်ပိုင်းစိကေချေက လွဲပြီးကေ ကျန်ရေဒေသတိရေ လွင်ပြင်ကျယ်ကြီးပါ။ တောင်ကုန်းဆိုစွာ တွိရယှားပါရေ။ ပြည်နယ်ထဲမှာ ချီကာဂိုးမြို့က အကြီးဆုံးဖြစ်ပြီးကေ ကျန်ရေ မြို့တိကတော့ ကောင်းအကြီးမှသန် မြို့ကြီးတိမဟုတ်ပါ။ လူဦးရေလည်း ကျဲပါရေ။ ယင်းမြို့တိကြားမှာ လူနိန်အိမ်ခြေ နည်းပါးပြီးကေ အားလုံး စိုက်ပျိုးမြီတိနာင့် ဖုံးလွှမ်းနိန်ပါရေ။ လွင်ပြင်ကြီးမှာ မြီဆီမြီသားကလည်း ကောင်း၊ မိုးရီအားကလည်း ကောင်း၊ အောက်ခြီ ရီထုကလည်း ကောင်းဆိုခါ စိုက်ပျိုးရေး လုပ်ငန်းတိအတွက် အဆင်ပြေလှပါရေ။

ခရီးလားရာ လမ်းတစ်လျှောက်မှာ ကြည့်မဆုံးရေ ပြောင်းနာင့် ပဲ ပင် (soy bean)တိကို ဆောင်းရာသီ အအီးချိန်ကလွဲလို့ကျန်ရေအချိန်တိမှာ မြင်တွိနိုင်ပါရေ။ စာရီးသူရေ နဂိုကတည်းကပင် ခရီးလားစွာ ၀ါသနာအထုံကလည်း ဟိရေခါ ကြည့်စရာမဟိကေလေ့ ယင်းပြောင်းခင်း ပဲခင်းတိကို ခရီးလားတိုင်း ကြည့်ပြီးကေ ကြည်နူးနိန်မိ တတ်ပါရေ။ ပြီးခရေ နှစ်က ဖတ်လိုက်ရရေ ဆောင်းပါတစ်ပုဒ်အရ လွန်ခရေ သုံးနှစ်အတွင်းမှာ ပြောင်းဈီးရေ ၃ ဆလောက် တက်လားခရေလို့ သိရပါရေ။ ယင်းအတွက်ကြောင့် ဒေသခံလယ်သမားတိကလည်း ပဲထက် ပြောင်းကို စိုက်ဖို့အားသန်ကတ်ပါရေ။ ယေကေလေ့ ပြောင်းရေ မြီဆီမြီသားက အာဟာရတတ်တိကို ယူစွာများလို့ မြီဆီပြုန်းတီးမှုကို ကာကွယ်နိုင်အောင် ပြောင်းကို နှစ်တိုင်းအမြဲတမ်းတော့ မစိုက်ကတ်ပါ။ ပဲနာင့် တခါတခါ လဲ လဲပြီးကေ စိုက်ကတ်ပါရေ။

ယင်းပိုင် စိုက်ကွင်းတိများလို့ ခရီးလားရေလမ်းမှာ တွိရရေ ရှုခင်းတိစွာ ပြောင်းလဲနိန်တတ်ပါရေ။ ဆောင်းရာသီကုန်လို့ မိမိ၏စိုက်ကွင်းရီ ခန်းခြောက်လားပျာယ်ဆိုကေ လာဖို့နှစ်အတွက် သီးနှံစိုက်ဖို့ ပျင်ဆင်ကတ်ပါရေ။ ယင်းပိုင်အချိန်ခါ ခရီးလားရာ လမ်းမှာ မြီသားလွင်ပြင်တိက အပြာရောင်ကောင်းကင်အောက်မှာ အထင်းသားမြင်နိန်ရပါရေ။ စိုက်ပျိုးဖို့အတွက် မြီတိကို စက်ကြီးတိနာင့် ဖွနိန်ကတ်စွာရို့၊ တခါ မျိုးစေ့တိချလို့ ပျိုးပင်ချေတိ နိုးထလာစွာရို့ ကိုလည်း မြင်လာရပါရေ။ နောင်ခါ အပင်တိကြီးလာရေ။ စက်နာင့် စိုက်ထားလို့ စီတန်းပြီးကေ ညီညာနိန်ရေ ပြောင်းတန်း၊ ပဲတန်းချေသဏ္ဍာန်တိကို မြင်လာရပါရေ။ ဒေသခံ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၏ပြောစကားအရ လယ်သမားတိရေ မိမိစိုက်လိုက်တေ စိုက်တန်း ဇာလောက်ညီလဲ၊ ဇာလောက်ဖြောင့်လဲ အပေါ်မှာ ဂုဏ်ယူကတ်တေလို့ သိရပါရေ။ တခါ ကြီးလာရေ အပင်ထက်မှာ ပြောင်းတံချေတိ စီရီလာရေ။ အသီးချေတိ သီးလာရေ။ ကြီးလာရေ။ ပြောင်းပင်အရောင်တိပြောင်းလာရေ။ ၀ါကျင်ကျင် ဖြစ်လာရေ။ နောက်ဆုံးမှာ အ၀ါရောင်အတိ ဖုံးလွှမ်းပြီးကေ လီအဝေ့မှာ ယိမ်းနွဲ့နိန်ကတ်တေ။ အသီးတိကြီးလာပြီးကေ ပြောင်းပင်ချေတိ ကိုင်းလာကတ်တေ။ နောက်ဆုံး ရိတ်ချိန်တန်လို့ ရိတ်သိမ်းပြီးရေခါ စိုက်ခင်းကြီးမှာ ယှင်းလားပြီးကေ ပြောင်းရင်းငုတ်တိုချေတိရာ ကျန်လိုက်တေ။ ယင်းမြင်ကွင်းကတော့ ရင်ကွဲစရာ ကောင်းရေ။

ဆောင်းရာသီဝင်လို့ နှင်းတိကျရေအခါ လွင်ပြင်ကြီးက ဖြူဖွေးလာပြန်ရေ။ ညဥ့်တာတိုရေ ဆောင်းနိန့်တိမှာ ယင်းအဖြူရောင် ကွင်းပြင်တိက အလင်းပြန်နိန်တတ်ရေ။ တခါ ဆောင်းကုန်နွေဦးရောက်လို့ ယင်းပြင်တိမှာ မြက်တိ၊ ချုံတိကပေါက်လို့၊ ယင်းကြားထဲမှာ အ၀ါရောင်၊ အပြာရောင် ပန်းချေတိကလည်း တန်ဖိုးမကြီးကေလေ့ သူ့အလှနာင့်သူ။ နောက်ဆုံး မြီသားအရောင် ပြန်ကာပြောင်းလို့ စိုက်ပျိုးရာသီတဖန် စပြန်လာလီရေ။ ကြည့်မဆုံးရေ ရှုခင်းတိက လူ့လက်ထဲက စက်တိကြားမှာ ရောင်စုံ ပြောင်းလဲနိန်ကတ်ရရေ။ ဇာဖြစ်လို့လဲ ဆိုကေ စိုက်ပျိုးရေးလုပ်ငန်းတိကို လုပ်နိန်စွာက အားလုံးနီးပါး စက်နာင့်ဂျေးဖြစ်နိန်လို့ပါ။

အကျွန်ရို့ ရခိုင်ပြည်သူပြည်သားတိ အားလုံးမြင်ဖူးကတ်ပါဖို့။ ကိုယ့်ပြည်မှာ စပါးကို ဇာပိုင်စိုက်နိန်ကတ်လဲ၊ ဇာပိုင် ထွန်ယက်ကတ်လဲ၊ ဇာပိုင် ရိတ်သိမ်းကတ်လဲ၊ ဇာပိုင် စပါးထောင်းကတ်လဲဆိုစွာကိုပါ။ ထမင်းချေတစ်နပ် နပ်မှန်အောင် စားဖို့ ဇာလောက် ပင်ပန်းကတ်ရပါလဲ။ ယင်းအထဲမှာ ဒုက္ခပီးဖို့ လူပဲ ပေါ်လာရေ။ အဆမပြတ်ချလာကတ်တေ တပ်တိ၊ ဗမာစစ်သားတိကြားမှာ 'လက်သမား အိမ်ကောင်းမနိန်ရ' ဆိုရေပိုင် လယ်သမား ဆန်ကောင်းမစားရရေ ဘ၀မှာပါ။ ဒိုင်မှူးကရာ စပါးခိုးဖို့လား၊ အရာခံအရာရှိတိကရာ နေ့ခင်းကြောင်တောင် ဓမြတိုက်ဖို့လား၊ အများကြီးပါ။ ဒုက္ခအပြည့် အနိဌာရုံအတိ။ 'စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား' လာတိုင်း တီဗွီကို မကြည့်ချင်ဘဲ ပိတ်နိုင်ကေလေ့ လယ်သမားဒုက္ခတိကိုတော့ မျက်နှာမလွဲနိုင်ကတ်။

အမေရိကန်ပြည်ထောင်စု စီအိုင်အေက ဖော်ပြရေ ကိန်းဂဏာန်းတိအရ ဗမာပြည်၏ စီးပွားရေး လုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးက ၇၀ ရာခိုင်းနှုန်းနေရာကို ယူထားပါရေလတ်။ ယင်းအတွက်ကြောင့် နိုင်ငံမှာ လုပ်နိန်ရေ လယ်ယာလုပ်ငန်းတိ အောင်မြင်တိုးတက်ဖို့ လိုပါရေ။ တစ်ဧကအထွက်နှုန်း တိုးဖို့ လိုပါရေ။ ထုတ်လုပ်စွမ်းအားမြှင့်တင်ဖို့အတွက် လူတိနာင့် လုပ်နိန်ရေ လုပ်ငန်းကို စက်တိနာင့် အစားထိုးဖို့လိုပါရေ။ ယင်းအပြင် လယ်သမားတိ စက်ပစ္စည်းကိရိယာဝယ်နိုင်အောင် ဘဏ်စနစ်ကောင်းကောင်း၊ လယ်သမားအကျိုးကို အထောက်အပံ့ပီးနိုင်ရေ ဒေသခံအစိုးရ၊ လယ်သမားတိကို ဇာစိုက်ပါလို့ အမိန့်မပီးပဲ ဈီးကွက်ကို လိုက်ပြီးကေ ဈီးကွက်က ထိန်းချုပ်တေ စနစ်၊ အစိုးရက ဈီးနှိမ်ပြီးကေ အတင်းအဓမ္မ စပါးဓမြ မတိုက်ခြင်း စရေ တခြားတခြားသော အချက်တိကလည်း အရေးပါလှပါရေ။

စာရီးသူ၏လုပ်ဖော်ကိုင်ဖက်တစ်ယောက်၏ အမိအဖတိသည် လယ်သမားတိဖြစ်ပါရေ။ သူကိုယ်တိုင်လည်း ဆင်းရဲသားဘ၀ကလာရေ ဘ၀နာ သမားတစ်ယောက်ပါ။ သူနာင့် ခရီးလားရေ အချိန်အခါတိမှာ စိုက်ပျိုးရေး၊ ခြံလုပ်ငန်းတိကို မိန်းဖြစ်ပါရေ။ လမ်းတစ်လျှောက်စိုက်ခင်းတိကို ကြည့်ပြီးကေ စကားလက်ဆုံကျတတ်ပါရေ။
စိုက်ခင်းတစ်ခု စတင်ချိန်က ရိတ်သိမ်းအချိန်ထိကို အားလုံးစက်ကိရိယာနာင့် ဇာပိုင် ကိုင်တွယ်နိန်ကတ်လဲ ဆိုစွာတိကို ပြောဖြစ်ပါရေ။

စိုက်ချိန်တန်ရေအချိန်ကို ရောက်လာခါ စိုက်ခင်းမြီကို မြီဖွ၊ ဓာတ်မြီသြဇာချ စရေလုပ်ငန်းတိကို အားလုံးစက်ကြီးတိနာင့် ဧကပေါင်းများစွာကို နာရီပိုင်းအတွင်းမှာ လူသုံးလေးယောက်လောက်က လုပ်ကတ်စွာပါ။ ပြောင်းတိ၊ ပဲတိကို စိုက်တေအခါမှာ မျိုးစိ(seed)ကနိန်တဆင့် စိုက်ပါရေ။ ယင်းမျိုးစိတိကို တစ်စက္ကန့်အတွင်းမှာကို နေရာ ၁၂ နိန်ရာ၊ ၂၄ နိန်ရာကို ချပီးနိုင်ရေ စက်နာင့် ထရပ်စပ် မျိုးချပါရေ။

ယင်းချင့်နာင့် ဆက်စပ်လို့ အကျွန်ရို့ဘက်က စပါးပျိုးပင်ချေကို ကောက်စိုက်သမားတိ ခါးကုန်းပြီးကေ ချစွာကို လားမြင်မိပါရေ။ ဇလောက် လူတိ ခါးနာကတ်ပါဖို့လဲ။ လူဆိုရေအတိုင်း ဇာလောက် အမြန်ချနိုင်ပါဖို့လဲ။ ပထမတစ်ဧကမှာ မြမြန်ချေ ချနိုင်ကေလေ့ ဒုတိယအခေါက်ကျကေ အမြန်နှုန်းက ကျလာပါဖို့ပျာယ်။ ယင်းပိုင်ပျာယ် တဖြည်းဖြည်း နှေးလာပါဖို့။

တနားကပိုင် စက်နာင့် စိုက်လိုက်တေခါ အပင်တိကလည်း စနစ်တကျ စီတန်း ထွက်လာပြီးကေ အချိန်တိုအတွင်းမှာ လူအင်အားနည်းနည်းနာင့် အများကြီး အလုပ်ပြီးလားပါရေ။ ယင်းပိုင်မျိုးစေ့ချပြီးစွာနာင့် လူတိကို ပြောင်းခင်း၊ ပဲခင်းတိကြားမှာ မြင်ရခဲပါရေ။ တခါတခါ သုတေသနလုပ်တေ လူတိ လာကြည့်စွာနာင့်၊ အချိန်တန်ကေ လေယဉ်ပျံချေတိနာင့် ပိုးသတ်ဆေးချေတိ ဖြန်းစွာကလွယ်လို့ လူတိကို စိုက်ခင်းတိနားမှာ မြင်ရခဲပါရေ။ နောက်ဆုံး ရိတ်သိမ်းချိန်ခါမှရာ မြင်ရပါရေ။ ဧကပေါင်းများစွာကို လူ၃၊ ၄ယောက်လောက်က အချိန်တိုအတွင်းမှာ အေပိုင်မြန်မြန်ဆန်ဆန် လုပ်နိုင်စွာရေ စက်တိကြောင့်ပါ။ အေပိုင်ဖြစ်လာစွာကလည်း ရှိက လယ်ယာလုပ်ငန်းကို ပြောင်းလဲနိုင်ခရေ စက်မှုတော်လှန်ရေးတိကြောင့်ဖြစ်ပါရေ။ ကမ္ဘာမှာ ထိပ်သီးနိုင်ငံဖြစ်လာရေ အမေရိကန်ပြည်ထောင်စုရေ သူရို့လုပ်တေ ကိစ္စတိကို ဆထက်တပိုး တိုးတက်အောင်၊ အကောင်းဆုံးဖြစ်အောင် ကြံဆောင်နိုင်စွမ်းဟိခလို့ ဖြစ်ပါရေ။ မိရိုးဖလာနည်းတိထက် မကောင်းကောင်းအောင် တီထွင်ခကတ်လို့ ဖြစ်ပါရေ။

၁၉ ရာစုမှာ အမေရိက၏ စိုက်ပျိုးကုန်ထုတ်လုပ်ငန်းတိကို အထောက်အကူပြုစီရေ တီထွင်မှုတိ အများကြီး ဖြစ်ပေါ်ခပါရေ။ ၁၈၄၀ ၀န်းကျင်မှာ John Deereဆိုရေလူက အီလီနွိုင်းပြည်နယ်(Illinois)၊ မိုလင်း(Moline)မြို့မှာ စတီးနာင့်လုပ်ထားရေ မြီထွန်ယက်ကိရိယာကို စပြီးကေ ထုတ်လုပ်ခပါရေ။ နဂိုသုံးနိန်ကျ သစ်သားမြီထွန်ယက်ကိရိယာထက် အများကြီး အသုံးခံ၊ ကြာရှည်ခံလို့ လက်ယာလုပ်ငန်းကို အများကြီး အထောက်အကူပြုခပါရေ။ (အခုဆိုကေ John Deere Companyရေ ကမ္ဘာ့အနှံ့မှာ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ သစ်တောလုပ်ငန်း၊ မြက်ရိတ်လုပ်ငန်းဆိုင်ရာ စက်ကိရိယာ ပစ္စည်းတိကို ထုတ်လုပ်ဖြန့်ချီနိန်ပါရေ။)

၁၈၃၄ ခုနှစ်မှာ Cyrus McCormickဆိုသူက ကောက်ရိတ်စက်တစ်ခုကို ထပ်ပြီးကေ တီထွင်ခပြန်ပါရေ။ နောက်နှစ်ပေါင်း ၃၀လောက် (အမေရိကန်ပြည်တွင်းစစ် ကာလ)ရောက်တေအခါမှာ ယင်းကောက်ရိတ်စက်ရေ လယ်သမားတစ်ယောက်စီ၏ ကုန်ထုတ်နိုင်စွမ်းအားကို လေးဆထိ တိုးမြှင့်နိုင်လိုက်တေ ဆိုစွာကို သိလာရပါရေ။ နောက်ပိုင်းမှာ John Applebyက twine binderကို တီထွင်ခပါရေ။ ယင်းကိရိယာက ရိတ်သိမ်းပြီး သီးနှံတိကို အစုလိုက် အစုလိုက် ထုံးချိုင်ပီးပါရေ။ လယ်ယာလုပ်ငန်း၏ လက်နာင့် လုပ်ရစွာတိကို စက်မှုဘက်ကို ပြောင်းပီးကတ်ပါရေ။ မထင်မှတ်ရေ အသေးအမွှားချေတိကို ထပ်ခါတလဲလဲ လုပ်နိန်ရခြင်းကြောင့် နှောင့်နှေးနိန်ရရေ ကုန်ထုတ်လုပ်မှုတိကို စက်မှုဘက်ကို ပြောင်းပြီးကေ လျင်မြန်လာစီပါရေ။ Marsh brothers ညီအကိုတစု၏ ကောက်ရိတ်သိမ်းစက်သစ်၊ Pitts thresher (သီးနှံပင်ကနိန် သီးနှံစိကို ချွတ်ယူရေ စက်)၊ Eli Whitney၏ ၀ါဂွမ်းမျှင်စက်စရေ စက်ပစ္စည်းသစ်တိရေ အမေရိက၏ လယ်ယာလုပ်ငန်းကို ကမ္ဘာမှာ ကုန်ထုတ်အားအကောင်းဆုံး လယ်ယာနိုင်ငံအဖြစ်ကို ပြောင်းလဲပစ်ခပါရေ။

American Revolutionလို့ခေါ်ရေ အမေရိကန်နိုင်ငံ စတင်ပေါ်ပေါက်ဖို့ ကြိုးစားနိန်ရေ ကာလက လူ၁၀ယောက်မှာ ၉ ယောက်ရေ လယ်သမားတိဖြစ်ပါရေ။ တနည်းအားဖြင့် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းပါ။ နောင်နှစ်ပေါင်း ၁၀၀ ကြာလာရေအခါ လူ ၂ယောက် က တစ်ယောက်ပဲ လယ်သမား ဖြစ်ကျန်လိုက်ပါရေ။ တနည်းအားဖြင့် ၅၀ ရာခိုင်နှုန်းပဲ ကျန်လိုက်ပါရေ။ အခုဆိုကေ လူ ၁၀၀မှာ ၂ ယောက် (၂ ရာခိုင်နှုန်း)ရာ လယ်သမားအဖြစ် ကျန်လိုက်ပါရေ။ ယေကေလေ့ ယင်း ၂ ရာခိုင်နှုန်းကပဲ အမေရိကန်ပြည်ထောင်စုအတွက် လုံလောက်တေ သီးနှံတိသာမက ပြည်ပကို ပို့နိုင်ရေ အလျှံပယ်ထွက်ကုန်တိကို ထုတ်လုပ်နိုင်စွမ်း ဟိနိန်ကတ်ပါရေ။

အရည်အတွက်ထက် အရည်အချင်းက ပိုတန်ဖိုးဟိရေမဟုတ်ပါလာ။ လက်မှုလယ်ယာထက် စက်မှုလယ်ယာက ပိုတန်ဖိုးဟိရေ မဟုတ်ပါလာ။ ယင်းပိုင် စက်မှုတော်လှန်ရေးကြီးတစ်ရပ် အောင်မြင်ဖွံ့ဖြိုးခစွာကလည်း အမေရိကန်ပြည်ထောင်စုထဲမှာ ဟိနိန်ရေ လယ်ယာလုပ်ငန်းက ကျွမ်းကျင်ပညာရှင်တစ်စုကြောင့်ပဲ မဟုတ်ပါလာ။ ယင်းသူရို့၏ တီထွင်ဆန်းသစ်စိတ်၊ ပြဿနာတစ်ခုကို အဖြေရှာလိုစိတ်၊ မဆုတ်မနစ်သော ဇွဲလုံ့လစိတ်ရို့ကြောင့်သာလျှင် စက်မှုလယ်ယာလုပ်ငန်းကြီးတစ်ရပ် ပီပြင်အကောင်အထည်ပေါ်လာခြင်း ဖြစ်ပါရေ။ ရခိုင်ပြည်မှာလည်း စနစ်ကျရေ စက်မှုလယ်ယာလုပ်ငန်းတစ်ရပ်ကို အမှန်အကန်၊ အမြန်အဆန် ဖန်တီးနိုင်စီဖို့ မျှော်လင့်ယင်း.....

မှီငြမ်း
1. Slavin, Stephen L.; Macroeconomics: American Agricultural Technology and Agricultural Development, Seventh Edition, p. 2-4, McGraw Hill, New York, 2005.

Tuesday, July 20, 2010

Historic Places: Preservation vs Annihilation

The National Register of Historic Places is the United States government’s official compilation of cultural resources that are significant for the local area, state, region and nation. It was created by the Congress in 1966 with the enactment of the National Historic Preservation Act (NHPA). 1 It is administered by the National Park Service that is under the U.S Department of the Interior (DOI). 2 Its main purpose is to recognize and preserve the historic building, structures, sites, objects, and districts that are significant. By being listed in the National Register, the negative impact from the federally funded or licensed projects on these properties can be reduced or eliminated. Moreover, the owners of these properties can enjoy some financial incentives for preservation purposes. So far, there are about one million properties listed on the National Register.3

Generally, a site must be over 50 years old to be listed in the National Register. Some sites can be eligible to be on the list of National Register even though they are less than 50 years old. However, they must be exceptionally significant. For over 50 years-old sites, there are four criteria to evaluate and one of the criteria must be met to be registered on the National Register of Historic Places. According to the National Park Service, the first criterion is stated that the sites “that are associated with events that have made a significant contribution to be broad patterns of our history”.4 For example, a site that is related to the Civil War and significant can be listed on the National Register. If the site is associated with the life of a person who was an important figure in American history, it can also be registered on the National Register of Historical Places. The house of Ralph Waldo Emerson who was a great essayist, poet and leader of the Transcendentalist movement in the early nineteenth century, was put on the National Register database on October 15, 1966. The third criterion utters that any site that possesses ‘the distinctive characteristics of a type, period, or method of construction, high artistic values or that represents a significant and distinguishable entity whose components may lack individual distinction’. There are hundreds of thousands of buildings, structures, objects and districts that are qualified and recorded in the Nation Register.

Historic sites are ‘telescope’ to the past. Through that, we can trace the past. We can write about it, learn valuable lessons from it or feel a sense of pride of it. Our beloved Rakhaingpray has plenty of historic places that reveal our long and rich history. It is our national duty to preserve them in an original shape and design as possible. On the other hand, any new modern project should not be implemented on and close proximity of these areas. Knowingly or unknowingly leveling them for new development projects is totally unacceptable. Preservation of historic place along with structural performance (engineering), environmental impact and economical consideration (cost and benefit analysis) should be priority of any architects and design engineers. For country like Burma where uniform army authorities have final approval stamp for all projects, they must listen to what experts have to say.

I am not sure whether it is expert who failed to report or it is military authority who intended to destroy Arakan’s rich history. One thing I know is Kyauktaw-Mrauk U highway was constructed paving on parts of old ruins of Vesali. It is a deplorable act with intent to hurt not only Arakan historically but also Arakanese psychologically. Now again, Burmese military government has waged another psychological war against Arakanese by building railroad crossing old Danyawaddy. Burmese government never recognized Danyawaddy era of Arakanese history. Thanks to recent excavation, physical evidences have corroborated Arakanese claims. It is in our interest to dig deeper and broader to collect more evidence and to uncover more truth. But the government is now trying to fill these grounds back with dirt and railroad track. According to sources inside Burma’s Ministry of Construction, the experts reported to local authorities and government’s Department of Archeology which is under Ministry of Culture that the current railroad plan will run through historic Danyawaddy site. However, the plan was approved by Burma’s own Ministry of Culture whose ultimate objective, the last time I checked, is to preserve nation’s heritage.

It’s heartbreaking to know how military government is systematically trying to wipe out our history. Comparing the two nations with U.S and Burma, the difference is amazing. One nation tries to preserve any significant places that are generally 50 years old. One nation is destroying significant places that are over thousand years old. In such challenging time, it is imperative to closely monitor that railroad project and to collect photographic and other types of evidence in order to disclose the government’s annihilation scheme.

Reference
1. Advisory Council on Historic Preservation, The National Historic Preservation Program, http://www.achp.gov/nhpp.html, accessed on June 17, 2010.
2. National Register of Historic Places, http://www.nationalregisterofhistoricplaces.com/, accessed on June 17, 2010.
3. National Register of Historic Places, The official list of the Nation's historic places worthy of preservation, National Register Research, http://www.nps.gov/nr/research/index.htm, accessed on June 17, 2010.
4. Wikipedia, National Register of Historic Places, http://www.en.wikipedia.org/wiki/National_Register_of_Historic_Places, accessed on June 17, 2010.

*Photo by Inside Sources.

Sunday, July 18, 2010

လရတတ်နာင့် လမွဲနိုင်ငံများ

အင်္ဂလိပ်စကားမှာ Euphemismဆိုရေ အသုံးအနှုန်းတစ်ခု ဟိပါရေ။ စကားတစ်ခုကို အရှိကိုအရှိအတိုင်းပြောလိုက်ကေ ရိုင်းလားဖို့စွာ ကြောက်လို့ ယယိုင်ကျကျေးချေဖြစ်အောင် စကားလှနာင့် အစားထိုးပြီးကေ ခေါ်စွာပါ။ ဥပမာ - အသက်၆၀ကျော် ၇၀ ကျော်လူကြီးတိကို 'Older People' လူကြီးလူအိုလို့သုံးဖို့အစား 'Senior Citizen' အဆင်မြင့်နိုင်ငံသားဆိုပြီးကေ ပြောင်းသုံးကတ်ပါရေ။ ယင်းပိုင် Euphemism အသုံးအနှုန်းတိရေ အထူးသဖြင့် Formalကျရေ အများဆိုင်သုံး၊ ရုံးသုံးစကားရပ်တိမှာ အသုံးများပါရေ။ အဂုလည်း လမွဲနိုင်ငံတိကို သုံးခါ စကားလှချေတိနာင့် အစားထိုးသုံးတတ်ပါရေ။ ဥပမာ- developing country (ဖွံ့ဖြိုးဆဲနိုင်ငံ) modernizing country (တိုးတက်ဆဲနိုင်ငံ) less-developed country (ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံ) third world country (တတိယအဆင့်အတန်းနိုင်ငံ) စသဖြင့် သုံးတတ်ကတ်ပါရေ။ ယင်းအသုံးအနှုန်းတိမှာ အယူဝါဒပိုင်းဆိုင်ရာ စိကေချေကွဲလွဲမှုတိ ဟိကတ်ပါရေ။ ယေကေလေ့ အားလုံးကတော့ ကမ္ဘာမှာ တိုးတက်မှုအကြီးဆုံး ထပ်သီးနိုင်ငံတိမဟုတ်စွာကတော့ သေချာပါရေ။ ဘောင်ခတ်ပြီးကေ ပပွင့်လလင်း ပြောရဖို့ဆိုကေ လမွဲနိုင်ငံတိပါ။ လရတတ်နိုင်ငံမဟုတ်သိပါ။

တစ်ဘက်မှာလည်း တစ်နိုင်ငံနာင့်တစ်နိုင်ငံရေ မတူကတ်ပါ။ တိုးတက်မှု အရှိန်ဆိုစွာလည်း မတူပါ။ တိုးတက်လာရခြင်း အကြောင်းအရာ၊ တိုးတက်မှုကို အခြေခံရေ စက်မှုအင်အား၊ နည်းပိုင်ညာအင်အားတိကလည်း ကွဲပြားကတ်ပါရေ။ ယင်းပိုင်ပျာယ်တခြားတခြားသော အကြောင်းကိစ္စ (ဥပမာ- ကျွမ်းကျင်လုပ်သားပမာဏ)တိကလည်း ဟိနိန်ပါသိရေ။ ယင်းအတွက်ကြောင့် နိုင်ငံအားလုံးကို လရတတ်၊ လမွဲ ဆိုပြီးကေ သုံးစွာရေ ပြောရလွဲအောင် သုံးခြင်းရာဖြစ်ပါရေ။ သေချာလေ့လာဖို့ဆိုကေ ပုံသေကားချပ်ပြောလို့တော့ မရပါ။ လမွဲနိုင်ငံကလည်း ခေတ်အလျှောက်တိုးတက်ပြောင်းလဲလာတတ်ပါရေ။ မမွဲတမွဲလို့ပဲပြောပြော၊ တိုးတက်လာရေလို့ပဲပြောပြော၊ လရတတ်ဘက်ယိမ်းလာရေလို့ပဲပြောပြော တိုးတက်ပြောင်းလဲမှုတိက ဟိနိန်တတ်ပါရေ။ ဥပမာ -ထိုင်ဝမ်၊ တောင်ကိုးရီးယား၊ ထိုင်း၊ တရုတ် စရေ နိုင်ငံတိရေ လွန်ခရေ နှစ်ပေါင်း ၂၀၊ ၃၀ အတွင်းမှာ လမွဲစာရင်းကနိန် လမွဲနာင့် လရတတ်ကြားနိုင်ငံအဖြစ်ကို ရောက်လာပါရေ။ အခုဆိုကေ ယင်းနိုင်ငံတိကို စက်မှုထွန်းကားနိုင်ငံသစ်များ (Newly Industrialized Country, NIC)လို့ ခေါ်လာကတ်ပါရေ။ NICနိုင်ငံအများစုကို အာရှတိုက်ဘက်မှာ တွိရပါရေ။ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ထိုင်ဝမ်၊ တောင်ကိုးရီးယား၊ တရုတ် စရေ နိုင်ငံတိပါပါရေ။ ယင်းနိုင်ငံတိမှာ စက်မှုလုပ်ငန်းတိ ထွန်းကားလာရုံသာမက အချေမွီးနှုန်းလည်း လျှော့ကျလာစွာကို တွိရပါရေ။ ယင်းချင့်က ဖွံ့ဖြိုးတိုးတက်တေ နိုင်ငံတိမှာ ဟိရေ လက္ခဏာတစ်ရပ်နာင့် လားကိုက်နိန်ပါရေ။

လမွဲနိုင်ငံတိမှာတော့ခါ စက်မှုကုန်ထုတ်နည်းပါးခြင်၊ ငွေစုနိုင်မှုနည်းပါးခြင်း၊ အိမ်ရာအဆောက်အအုံမလုံလောက်ခြင်း၊ လမ်းနာင့် ဆက်သွယ်ရေးစနစ်များ ညံ့ဖျင်းခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်သူ လုပ်သားများခြင်း၊ ကျန်းမာရေး ၀န်ဆောင်မှု မလုံလောက်ခြင်း၊ ပညာသင်ကျောင်းစနစ်များ မလုံလောက်ခြင်း၊ စာမတတ်သူဦးရေများခြင်း၊ အစာရေစာကောင်းကောင်းမစားနိုင်ခြင်း၊ အာဟာရဓာတ်ချွတ်ယွင်းခြင်း စရေ လက္ခဏာရပ်တိကို တွိရပါရေ။ ကမ္ဘာမှာဟိရေ လူ ၃ယောက်ထဲက ၂ယောက်ရေ လမွဲနိုင်ငံတိမှာ နိန်ကတ်ပါရေ။ ယေကေလေ့ ယင်းလူစုစုပေါင်း၏၀င်ငွေရေ ကမ္ဘာ့လူဦးရေအားလုံးဝင်ငွေ၏ ၆ပုံ ၁ပုံနာင့်ရာ ညီမျှပါရေ။ ယင်းလူတိ၏ကုန်ထုတ်အားရေ ကမ္ဘာ့လူဦးရေ၏ ၃ပုံ ၁ပုံနာင့်ရာ ညီမျှပါရေ။ ကမ္ဘာ့စက်မှုထုတ်လုပ်အားကဏ္ဍကကြည့်လိုက်ကေ ၁၀ပုံ ၁ပုံစာရာ ဟိပါရေ။

ထိုတစ်ရက်နိန့်က တီဗွီမှာ လာလို့ American Gangsterဆိုရေ ဘိုင်စကုပ်ကို ကြည့်လိုက်မိပါရေ။ ယင်းကားက အမေရိကားက ဘိန်းနာင့်မူးယစ်ဆီးဝါးရောင်းဝယ်ရေ လူမဲ Frank Lucasအကြောင်းကို ရိုက်ထားစွာပါ။ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ထားစွာပါ။ Frankရေ နယူးယော့ခ်မြို့အထက်မှာဟိရေ Harlemလို့ခေါ်ရေ မြို့ကနိန်ပြီးကေ မူးယစ်ဆီးရောင်းယင်း ချမ်းသာလာစွာလူပါ။ ယင်းလူက ဗီယက်နမ်စစ်ပွဲဖြစ်နိန်ရေ အချိန်မှာ ထိုင်း၊ ဗီယက်နမ်ဘက်ကို လားပြီးကေ ယင်းမှာက ဘိန်းအစစ်တိကို ယူပြီးကေ အမေရိကားကို တင်ပို့စွာပါ။ ဇလောက်ထိလုပ်လဲဆိုကေ ဗီယက်နမ်စစ်ပွဲမှာ သီလားရေ စစ်သားအလောင်းခေါင်းထဲမှာ ဘိန်းကိုထည့်ပြီးကေ အရှေ့တောင်အာရှက ဘိန်းကို အမေရိကားကို ရောက်အောင် သယ်ခစွာပါ။ အမေရိကန်စစ်တပ်ကလူတိနာင့် ပေါင်းပြီးကေ စီးပွားရေးလုပ်ခစွာပါ။ သူက ကကောင်းချမ်းသာလားကေလေ့ ဘိန်းစိုက်တေတောင်သူတိကတော့ လမွဲမှာလမွဲ၊ ဒုံရင်းမှာ ဒုံရင်းပါရာ။

ယင်းချင့်နာင့်ဆက်စပ်မိလို့ အာရှ၊ အာဖရိကနာင့် လက်တင်အမေရိကားက အမွဲဆုံးနိုင်ငံတိကို စိုင်းစားမိခီပါရေ။ ယင်းနိုင်ငံတိရေ ကုန်ကြမ်းတိကို ထုတ်ပြီးကေ ချမ်းသာရေတိုးတက်တေ နိုင်ငံတိ၏ အဖြည့်ခံနိုင်ငံတိအဖြစ်က ရုန်းမထွက်နိုင်ဘဲ သောင်တင်နိန်ကတ်ရစွာကို တွေးမိပါရေ။ မိမိနိုင်ငံကို တင်သွင်းရေ သွင်းကုန်ပစ္စည်းတန်ဖိုးက ဈီးတက်နိန်ရေအချိန်မှာ မိမိနိုင်ငံက ပို့လိုက်တေ ကုန်ကြမ်းဈီးက နဂိုအတိုင်းဟိနိန်ကတ်ပါရေ။ ဈီးကွက်စီးပွားရေးစနစ်ကို ကြိုးစားပြီးကေ တတ်သလောက်မှတ်သလောက်နာင့် ဖန်တီးနိန်ကေလေ့ ယင်းဈီးကွက်ကို ထိန်းချုပ်ထားကတ်စွာက ဖွံ့ဖြိုးပြီးနိုင်ငံက ကုမ္ပဏီကြီးတိပါ။ ယင်းကုမ္ပဏီကြီးတိ၏ ညစ်ပတ်ဈီးကဇတ်မှုတိအောက်မှာ လုံးချာလည်ပြီးကေ မတိုးတက်နိုင်ဖြစ်နိန်ပါရေ။ ချမ်းသာရေ ကုမ္ပဏီကတော့ ဆထက်တပိုး ချမ်းသာမြဲပါပျာယ်။ (ဗမာပြည်မှာလည်း ယင်းပိုင်ပါပျာယ်။ အခုဆိုကေ ကားရီကားရား "စည်းကမ်းရှိ ဒီမိုကရေစီ"ဆိုပြီးကေ ပျင်ပနာ စီးပွားရေလုပ်ငန်းတိကို ဦးပိုင်နာင့် တေဇပိုင်ရေ private ကုမ္ပဏီတိကို နာမေပြောင်းလွယ်ပြီးကေ နိုင်ငံ့စီးပွားရေး ယန္တရားကို ထိန်းချုပ်နိန်ကတ်ပါရေ။ ကုန်ကြမ်းထုတ်လုပ်တေ တောင်သူတိကတော့ လမွဲမှာလမွဲ ဒုံရင်းမှာ ဒုံရင်းပဲ ဖြစ်နိန်ရေ အချိန်မှာ ယင်းအသာစံလူတစ်စုကတော့ နိုင်ငံ၏အသီးအမြတ်တိကို စားပြီးကေ ဈီးကွက်ကို ထိန်းချုပ်နိန်ကတ်ပါရေ။)

ဗမာပြည်မှာရာမက ကမ္ဘာတစ်ခုလုံးမှာ ချမ်းသာရေလူက ပိုချမ်းသာလာပြီးကေ ဆင်းရဲရေလူမှာလည်း စားစရာမဟိအောင် ချွတ်ခြုံကျနိန်စွာကိုတော့ ပြောဖို့တောင်လိုဖို့မဟုတ်ပါ။ ကံကြမ္မာဆိုစွာက အပြောင်းအလဲဟိစမြဲပါ။ အဘိုးရှင် ရှင်မြ၀ါရို့၊ မဟာပညာကျော်၊ မင်းဗာဘုရင်ရို့ အိန္ဒိယကို လားပြီးကေ စာသင်၊ ပြန်လာ၊ ပြီးကေ နိုင်ငံကို တိုးတက်အောင် တည်ဆောက်ခရေပိုင် ရခိုင်ကံကြမ္မာကိုလည်း အခုလူငယ်ချေတိက ကြိုးစားပြီးကေ တည်ဆောက်ရဖို့ဖြစ်ပါရေ။ ဘ၀သဘာဝ၊ ပြောင်းလဲလာရေ ခေတ်ကို လက်ခံအသုံးမချဘဲ ငါတော့ ၀ါးတုတ်ပဲစားမယ်၊ အကောင်းစား ဟန်ဘာဂါ စားမှမဟုတ်ဆိုပြီးကေ နိုင်ငံကို ချစ်ပြလို့လည်း မရပါ။ လူဖြူနာင့်တွိကေ ပေါင်းသင်းဆက်ဆံလို့ ဟန်ဘာဂါဆိုင်မှာ စားချင်ကေလေ့ စားလီရပါဖို့။ တရုတ်နာင့်တွိကေလေ့ အသားလုံးဟင်းရည်သောက်ပြီးကေ ခေါ်က်ဆွဲကို တူနာင့် စားချင်လေ့ စားကတ်ရပါဖို့။ ကိုယ့်ပြည်က လူနာင့်တွိကေတော့ ငါးပိဟင်းနာင့် ၀ါးတုတ်နာင့် အားရပါးရ လက်နာင့် (ဇူး၊ ဇွန်းနာင့် မဟုတ်ပဲ) စားကတ်လီပါဖို့။ သူ့နေရာနာင့် သူ အံဝင်ဂွင်ကျ adapt (လိုက်လံပြောင်းလဲ) လားရပါဖို့။ အားလုံးသူနာင့် တည့်အောင်နိန်ပြီးကေ အဖရခိုင်ပြည်ကို အကျိုးပြုနိုင်ဖို့စွာချေတိကို စုဆောင်းလေ့လာကတ်ရဖို့မဟုတ်ပါလား။

ဆင်းရဲရေ နိုင်ငံတိ ဖြတ်သန်းရဖို့ ခရီးကတော့ စိန်ခေါ်မှုတိအပြည့်နာင့်ပါ။ ယေကေလေ့ ဆင်းရဲရေ နိုင်ငံတိရေ အမြဲတမ်းဆင်းရဲနိန်ရဖို့လို့တော့ ပြောလို့မရပါ။ အဂုနောက်ပိုင်းမှာ BRICဆိုပြီးကေ အသုံးအနှုန်းတစ်ခုပေါ်လာပါရေ။ နိုင်ငံတကာ စီးပွားရေးသုတေသီJim O'Neill ၂၀၀၁ခုနှစ်က ဘရားဇီး(Brazil)၊ ရာရှား (Russia)၊ အိန္ဒိယ (India)၊ တရုတ်(China)နိုင်ငံတိကို ပေါင်းလို့ခေါ်ထားစွာပါ။ ယင်းနိုင်ငံတိရေ တဟုန်ထိုး တိုးတက်ပြောင်းလဲလာနိန်ရေအတွက် စီးပွားရေးပညာရှင်၊ ရင်းနှီးမြှပ်နှံရေ လူတိ အနီးကပ်စောင့်ကြည့်မှုကို ခံနိန်ရရေ နိုင်ငံတိဖြစ်လာပါရေ။ ရှိရင်းစွဲ ထိပ်သီးအင်အားကြီးနိုင်ငံတိကိုတောင် ခြိမ်းခြောက်လာနိန်ပါရေ။ ဘရားဇီးနာင့်ရာရှားနိုင်ငံတိမှာရေ သယံဇာတပေါကြွယ်ဝရေအတွက် ၂၀၅၀ ၀န်းကျင်မှာ နိုင်ငံတကာမှာ ကုန်ကြမ်းဈီးကွက်ကို လွှမ်းမိုးနိုင်ရေ နိုင်ငံဖြစ်လာဖို့လို့ ခန့်မှန်းထားပါရေ။ ယင်းပိုင်ပျာယ် တရုတ်နာင့်အိန္ဒိယရို့ကလည်း ၂၀၅၀ခုနှစ်မှာ နိုင်ငံတကာထုတ်ကုန်ရောင်းဝယ်မှုနာင့် ၀န်ဆောင်မှုဈီးကွက်ကို လွှမ်းမိုးလာနိုင်ရေလို့လည်း ခန့်မှန်းထားကတ်ပါရေ။

စာရီးသူရေ အမေရိကန်ပြည်ထောင်စု အရိမြောက်ဘက်က Bostonမြို့မှာ နိန်ရေခါ အမေရိကားက ထိပ်တန်းတက္ကသိုလ်တိဖြစ်တေ MIT (Massachusetts Institute of Technology)၊ Harvard University ဘက်တိကို မကြာမကြာ ရောက်ဖြစ်ပါရေ။ MIT၀င်းထဲနာင့် Charles River ကမ်းဘေးနားကို ကားဖြတ်မောင်းကေ ယင်းမှာ ကျောင်းတက်နိန်ကတ်တေ တရုတ်တိ၊ အိန္ဒိယကုလားတိအများကြီးကို တွိရပါရေ။ ယင်းပိုင်ပျာယ် Harvard Square နားကိုလားကေလည်း အိန္ဒိယကုလားတိ၊ တရုတ်တိအများကြီးပါ။ ယင်းခါက လတ်တလောတွေးမိစွာက 'ဩော်.. အေသူရို့ ပညာရေးကို ဦးစားပီးရေမနားကူး'လို့။ ယေကေလေ့ သေချာဆက်ပြီးကေ မစိုင်းစားမိခပါ။

အိန္ဒိယမှာ တော်ရေလူတစ်ဒိုင်က ကောင်းတော်ရေဆိုစွာကိုတော့ခါ အချေခါက အကျွန်ရို့အင်္ဂလိပ်စာဆရာ ယူလာပီးရေ ၅နှစ်အရွယ် အိန္ဒိယကျောင်းသူတစ်ယောက် ရီးထားရေ အက်ဆေးကို ဖတ်ဖူးလို့တော့ သိထားမိပါရေ။ စကားလုံးအထားအသို၊ သုံးထားရေ စကားလုံးအသုံးအနှုန်းက ၅ နှစ်သမီးချေရီးထားရေလို့ မဆိုနိုင်လောက်အောင်ကို ကောင်းနိန်စွာကို မှတ်မိပါရေ။ ယေကေလေ့ တော်ရေ မနားကူးလို့ရာ စိတ်ထဲမှာ လလွယ်ချေ မှတ်ထားမိပါရေ။ ကြီးလာလို့ နိုင်ငံတကာကျောင်းကောင်းတစ်ခု ၀င်ခွင့်ရဖို့ ဇာလောက်ခက်လဲ၊ သူများနိုင်ငံမှာ ထိပ်တန်းကျောင်းတစ်ခုက ဘွဲ့ရဖို့ ဇာလောက်ခက်လဲဆိုစွာတိကို ကိုယ်တိုင်ဖြတ်သန်းလာရခါမှ ပိုပြီးကေ အလေးအနက်စိုင်းစားတတ်တေလို့ဆိုရပါဖို့။ ယင်းပိုင်ကျောင်းကောင်းတိမှာ အေလောက်တရုတ်တိ၊ အိန္ဒိယကုလားတိ စာလာသင်နိုင်ရေဆိုစွာရေ သူရို့တိ သူရို့လူမျိုးတိအတွက် ဂုဏ်ယူစရာပါ။

တစ်နှစ်တစ်နှစ်သူရို့လူမျိုးတိထဲက B.A၊ B.Scဘွဲ့အမျိုးအစားပေါင်းများစွာကို ရကတ်တေလူတိအများကြီးပါ။ ယင်းပိုင်ပျာယ် မဟာဘွဲ့တိ ရရေလူလည်း အများကြီးပါ။ ပါရဂူဘွဲ့ရရေလူတိထဲမှာဆိုကေ အမေရိကမှာနိန်ရေ လူဖြူတိထက်တောင် များပါဖို့သိ။ စာရီးသူဘွဲ့ယူရေခါ စာရီးသူကျောင်းမှာဆိုကေ ဘွဲ့ရလူ ဗမာပြည်က စာရီးသူတစ်ယောက်၊ ကုလားတိ၊ တရုတ်တိမှာဆိုကေ အနည်းဆုံးထောင်ဂဏန်းဟိပါဖို့။ ယင်းချင့်ရေ ကျောင်းတစ်ကျောင်းထဲက semesterတစ်ခုအတွက်ပဲ ဟိပါသိရေ။ အမေရိကားမှာ ဟိရေ သိန်းဂဏန်းဟိရေ တက္ကသိုလ်တိထဲမှာ တက်နိန်ကတ်တေ လူတိအများကြီးဟိပါဖို့သိ။ ယင်းချင့်တိက ဇာကို ရည်ညွန်းလဲဆိုကေ နောင်အနာဂတ်မှာ ကမ္ဘာ့သုတေသနကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နည်းပညာကဏ္ဍတိမှာ ကုလားတိ၊ တရုတ်တိက ဇာနိန်ရာက နေရာယူလာကတ်ဖို့လဲဆိုစွာကို ပြသနိန်ကတ်ပါရေ။ အခုပိုင် သူရို့မိခင်နိုင်ငံကိုယ်တိုင်ကိုယ်က တိုးတက်လာရေဆိုကေ ပိုတောင်ဆိုးပါဖို့သိ။ ဇာဖြစ်လို့လဲဆိုကေ ဘွဲ့ရပြီးရေ လူတော်တော်များများကို သူ့ရို့မိခင်နိုင်ငံက အလုပ်ရှာပီးနိုင်ဖို့လို့ဖြစ်ပါရေ။ ကိုယ့်မိခင်နိုင်ငံကို ပြန်ပြီးကေ အကျိုးပြုပြီးကေ လရတတ်နိုင်ငံကြီးတစ်ခုဖြစ်လာအောင် ကြံဆောင်နိုင်ကတ်ဖို့လို့ဖြစ်ပါရေ။

ကမ္ဘာမှာဟိရေ လမွဲနိုင်ငံတိအများစုရေ မွဲပြီးယင်း မွဲယင်းပါပျာယ်။ ယင်းအထဲက တချို့ကလည်း လမွဲနိုင်ငံက ရုန်းထွက်လို့ လားနိုင်ခကတ်ပါရေ။ တချို့ကဆိုကေ တဟုန်ထိုးတိုးတက်ပြီးကေ လက်ရှိထိပ်သီးနိုင်ငံတိကိုတောင်မှ ခြိမ်းခြောက်လို့လာနိန်ပါပျာယ်။ အကျွန်ရို့ရခိုင်လူမျိုးတိထဲကလည်း ခေတ်အခြေအနေကို သုံးသပ်ဆင်ခြင်ပြီးကေ လမွဲကနိန် လရတတ်နိုင်ငံဖြစ်အောင် ၀ိုင်းဝန်းကြံဆောင်နိုင်ရေ လူငယ်မျိုးဆက်သစ်တိ အများကြီးပေါ်ထွက်နိုင်ပါဇီလို့ ဆန္ဒပြုမိပါရေ။

မှီငြမ်း
1. Palen, J. John; The Urban World, Seventh Edition, Mc Graw Hill, New York, 2005.

2. Wikipedia, BRIC, http://en.wikipedia.org/wiki/BRIC, accessed on July 18, 2010.

Saturday, July 17, 2010

မိုးလေ၀သကို မြို့တိက ပြောင်းလဲနိုင်လာ?

မိုးလေ၀သကို မြို့တိက သက်ရောက်ပြောင်းလဲနိုင်ပါရေ။ တိုက်ခတ်လာဖို့ လီပြင်းတိကို မြို့တိက နှေးကွေးစီနိုင်ရေပိုင် မြီပြင်ကို ကျရောက်လာဖို့ နီရောင်ခြည်တိကိုလည်း နည်းပါးစီပါရေ။ ယင်းအပြင် မြူမှုန်များစီခြင်း၊ မိုးများစီခြင်း စရေ သက်ရောက်မှုတိကိုလည်း ဖြစ်ပေါ်စီပါရေ။ မြို့တိ၏ မိုးလေ၀သအပေါ် သက်ရောက်ပြောင်းလဲမှုတိထဲက အများဆုံးလေ့လာ အတည်ပြုထားကတ်တေ အချက်ကတော့ 'မြို့ပြအပူကျွန်း' (Urban Heat Island)လို့ ခေါ်ရေ သက်ရောက်ပြောင်းလဲမှုဖြစ်ပါရေ။ လေ့လာချက်တိက ထောက်ပြစွာက မြို့ပြအပူကျွန်းလို့ခေါ်ရေအတိုင်း မြို့ပြတိရေ ကျေးလက်ထက် ပိုပူရေ၊ မြို့ထဲမှာ ဟိရေ မိုင်ပေါင်းများစွာသော ကွန်ကရစ်မျက်နှာပြင်တိ၊ ကတ္တရာလမ်းမတိရေ နိန့်အခါ နီရောင်ခြည်စွမ်းအင်တိကို စုပ်ယူထားပြီးကေ ညအခါ ပြန်ထုတ်လွှင့်ရေလို့ ဆိုပါရေ။ ကားတိ၊ အိမ်အပူပီးစက်တိ (အအီးပိုင်းဒေသတိက)၊ စက်ရုံတိ စရေ နိန်ရာတိက ထုတ်လွှင့်တေ မီးခိုးငွေ့တိ၊ အပူငွေ့တိကလည်း မြို့ပြအပူချိန်ကို တိုးမြှင့်စီပါရေ။ ယင်းအပြင် ထုတ်လွှင့်လိုက်တေ အခိုးအငွေ့တိထဲမှာ လီထုကို ညစ်ညမ်းစီရေ ဓာတ်တိလည်း ပါလားတတ်ပါရေ။ ယင်းအညစ်အကြေးတိက ကမ္ဘာ့လီထုကို စောင်တစ်ခုပိုင် ခြုံလွှမ်းပလိုက်ပြီးကေ အပြင်ဘက်ကို ထွက်လားနိန်ကျ အပူတိကိုလည်း ထွက်မလားအောင် ပိတ်ကာပလိုက်ပါရေ။ ယင်းပိုင်အကြောင်းကြောင်းကြောင့် မြို့ပြအပူချိန်ရေ ကျေးလက်အပူချိန်ထက် ပိုများတတ်ပြီးကေ မြို့ပြနိန်ပြည်သူတိ၏ နိတဓူဝမိုးလေ၀သကို သက်ရောက်ပြောင်းလဲနိုင်ခြင်းဖြစ်ပါရေ။ သက်ရောက်ပြောင်းလဲမှုတိလည်း ဖြစ်ပေါ်နိန်ရပါရေ။

Tuesday, July 13, 2010

မက်ဂါစီးတီး (Megacities)

၁၉၇၀ ၀န်းကျင်မှာ ကုလသမဂ ကနိန်ပြီးကေ စကားလုံးအသစ်တစ်လုံး ထွင်လိုက်ပါရေ။ ယင်းစကားလုံးကတော့ခါ 'မက်ဂါစီးတီး' (Megacity) ဖြစ်ပါရေ။ လူဦးရေ ၈ သန်းကျော်ဟိရေ မြို့ကြီးတိကို မက်ဂါစီးတီးလို့ ခေါ်လာပါရေ။ ၁၉၉၀ ဘက်ကို ရောက်လာရေအခါမှာ မက်ဂါစီးတီးဖြစ်ရဖို့ လူဦးရေကို ထပ်တိုးလိုက်ပါရေ။ သန်း ၁၀ ဖြစ်လားပါရေ။

၁၉၈၅ ခုနှစ်ခါက ကမ္ဘာ့မှာ မက်ဂါစီးတီး ၈ ခုရာ ဟိခပါရေ။ ၂၀၀၀ ခုနှစ်ကို ရောက်လာရေခါတော့ မက်ဂါမြို့ကြီး ၁၈ မြို့ဖြစ်လာပါရေ။ ၂၀၁၅ ကို ရောက်လာကေတော့ခါ ကမ္ဘာမှာ မက်ဂါစီးတီး ၃၄ မြို့ထိ ဟိလာဖို့လို့ ခန့်မှန်းထားကတ်ပါရေ။ ယင်းဖြစ်လာဖို့ ၃၄ မြို့ထဲက ၆ ခုသော မြို့ကြီးတိရာ တိုးတက်ဖွံဖြိုးမှု ကြီးမားရေ နိုင်ငံတိမှာ ဟိဖို့ဖြစ်ပါရေ။ ယင်းမြို့တိကတော့ လော့စ်အန်းဂျလီးစ်၊ မော်စကို၊ နယူးယော့ခ်၊ အိုဆာကာ၊ ပဲရစ် နာင့် တိုကျိုမြို့ရို့ဖြစ်ပါရေ။ ယေကေလေ့ ၂၀၁၅မှာ ဖြစ်လာဖို့ ကမ္ဘာ့အကြီးဆုံး မြို့ကြီးတိထဲက ၈ခုကတော့ဂါ ဖွံ့ဖြိုးဆဲနိုင်ငံတိမှာ တည်ဟိနိန်ပါဖို့။ ယင်းမြို့ကြီးတိထဲမှာ ဟိလာဖို့ လူဦးရေဆိုစွာလည်း သန်းပေါင်း ၄၀၀ ၀န်းကျင်ထိ ဟိလာဖို့လို့ ခန့်မှန်းထားကတ်ပါရေ။

ယင်းအတွက်ကြောင့် လူဦးရေ အဆမတန် တိုးပွားလာမှုတိရေ တကယ်တမ်းကျကေ မြို့ပြလူဦးရေ ပေါက်ကွဲတိုးပွားလာမှုလို့ ဆိုကေလည်း မမှားပါ။ ကမ္ဘာ့မှာ လူဦးရေ များလာရေ ဆိုစွာကတော့ မှန်ပါပျာယ်။ ကျေးလက်ကနိန် မြို့ပြကို ပြောင်းရိနိန်ထိုင်နီကတ်တေ ဆိုစွာကလေ့ မှန်ပါပျာယ်။ ယေကေလေ့ သတိထားစရာက ယင်းပိုင်အဆမတန် တိုးပွားလာမှုတိရေ ဆင်းရဲရေ၊ ဖွံ့ဖြိုးမှု နည်းပါး (သို့မဟုတ်) နှေးကွေးရေ နိုင်ငံတိမှာ ဖြစ်နိန်ကတ်တေ ဆိုစွာပဲ ဖြစ်ပါရေ။ လူဦးရေ တစ်သန်းကျော်ရေ မြို့ကြီးတိ ကမ္ဘာမှာ ကောင်းများလားခပါပျာယ်။ စုစုပေါင်း ၂၉၀ ကျော် ဟိနိန်ပါပျာယ်။ ယင်းအထဲက ၂၈၄ မြို့က ဖွံ့ဖြိုးဆဲနိုင်ငံက မြို့တိပဲ ဖြစ်နိန်ပါရေ။ ဥပမာ - အိန္ဒိယနိုင်ငံ မွမ်ဘိုင်း (ဘုံဘေ)မြို့ဆိုကေ တစ်နှစ်မှာ လူသစ် ၅ သိန်းကျော် တိုးပွားအခြေစိုက်ရာ မြို့ဖြစ်ပါရေ။ ၁၉၃၀ ခုနှစ်ကမှ လူဦးရေ တစ်သန်းပြည့်ခရေ မက္ကစီကိုစီးတီးမြို့ဆိုကေ အဂု လူဦးရေ ၁၈ သန်းကျော်လခပါပျာယ်။ ဘရာဇီးနိုင်ငံက ဆာအိုပေါလ်လို (Sao Paulo)မြို့ဆိုကေလည်း ယင်းအတိုင်းပဲ ဖြစ်ပါရေ။ ကုလသမဂ က ခန့်မှန်းစွာက ၂၀၁၅မှာ မွမ်းဘိုင်းမြို့လူဦးရေရေ ၂၈ သန်းကို ရောက်လာပြီးကေ နိုင်ဂျီးရီးယားနိုင်ငံက လားဂိုစ့်(Lagos)မြို့လူဦးရေလည်း ၂၃ သန်းဟိလာဖို့လို့ ဆိုထားပါရေ။ အရည်အတွက်ထက် အရည်အသွေးက ပိုတန်ဖိုးဟိရေပိုင် မြို့တိအဆမတန်ကြီးထွားမှုကို ဖြစ်ပေါ်လာစီရေ လူဦးရေကြီးထွားမှုကလည်း ကမ္ဘာကြီးနာင့် နိုင်ငံမှာဟိနိန်ရေ အခြေခံအဆောက်အအုံတိအတွက် စိန်ခေါ်မှုတိ ဖြစ်ပေါ်စီနိန်ပါကြောင်း.....

မှတ်ချက်။ ။ J. John Palenရီးသားရေ The Urban Worldစာအုပ်မှ ဖွံ့ဖြိုးဆဲနိုင်ငံများ (Developing Countries)အခန်းက စိတ်ဝင်စားဖွယ်တချို့ကို စာဖတ်သူတိအတွက် ၀ီငှလိုက်ပါသည်။

ဓာတ်ပုံ။ ။ http://www.nairaland.net/forum/images/lagos.jpg

Sunday, July 11, 2010

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မြို့ပြပေါက်ကွဲမှုနာင့် သဘာဝပတ်ဝန်းကျင်

၂၁ ရာစု၏ အစောပိုင်းနှစ်တိကစပြီးကေ မြို့ပြဒေသတိမှာ နေထိုင်ရေ လူဦးရေစုစုပေါင်းရေ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ဖြစ်လာပါရေ။ အခြားတဘက်မှာ ကမ္ဘာ့လူဦးရေတိုးပွားမှုဖြစ်စိုင်၏ ၉၀ ရာခိုင်နှုန်းလောက်ရေ မြို့ပြတိမှာ ဖြစ်ပေါ်နိန်စွာကို တွိရပါရေ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတိမှာဟိရေ မြို့ကြီးတိထဲကို ကျေးလက်ကနိန်ပြီးရေ ပြောင်းရိနီထိုင်လာကတ်စွာကို တွိရပါရေ။ ဖွံ့ဖြိုးပြီးနိုင်ငံတိက မြို့ကြီးတိကြီးထွားမှု နှောင့်နှေးနိန်ရေအချိန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတိက မြို့ကြီးတိက တစ်ပတ်ကိုလူဦးရေသစ် ၁ သန်းနှုန်းနာင့် ကြီးထွားလာနိန်ပါရေ။ အခုပိုင် ဖွံ့ဖြိုးပြီးမြို့ကြီးနာင့် ဖွံ့ဖြိုးဆဲမြို့ကြီးတိကြားက ကွာဟချက်ရေ အနာဂတ်မှာ ပိုပြီးကေ ကြီးထွားလာဖို့သိဖြစ်ပါရေ။ ၂၀၀၀ခုနှစ်နာင့်အစောပိုင်းကိန်းဂဏန်းတိကို လေ့လာကြည့်ကေ ဖွံ့ဖြိုးဆဲနိုင်ငံက မြို့ကြီးမှာ နိန်ထိုင်ရေ လူဦးရေရေ လက်ရှိလူဦးရေကနိန် နှစ်ဆတိုးဖို့အတွက် နှစ်ပေါင်း ၈၀၄ နှစ်ကြာညောင်းခပါရေ။ ယေကေလေ့ ဖွံ့ဖြိုးမှုနည်းပါးရေနိုင်ငံ(Less-developed Countries, LDC)က မြို့ကြီးတိအတွက်တော့ ၄၂နှစ်ရာ ကြာစွာကို တွိရပါရေ။ အကျွန်ရို့ နိန်ထိုင်ရေ ကမ္ဘာကြီးရေ နှစ်စိုင်နှစ်တိုင်း ၈၃ သန်းသော လူသစ်တိကို မွီးဖွားပီးပါရေ။ ယေကေလေ့ ယင်းအထဲက ၁ သန်းသော လူသစ်တိရာ ဖွံ့ဖြိုးပြီးနိုင်ငံတိမှာ မွီးဖွားပါရေ။

ကမ္ဘာ့မြို့ပြလူဦးရေ၏ လေးပုံတစ်ပုံရေ ဆင်းရဲတွင်းထဲမှာ နိန်ထိုင်နိန်ကတ်ရရေလို့ ကမ္ဘာ့ဘဏ်က ဆိုပါရေ။ ယင်းမြို့ပြနယ်နမိတ်ထဲက Shantytownsလို့ခေါ်ရေ ဆင်းရဲသား အိုးအိမ်ပြို၊ အိုးအိမ်ဆိုးတိဆိုကေလည်း နှစ်ပေါင်း ၅နှစ်၊ ၇ နှစ်ပြည့်တိုင်း နှစ်ဆစီ ကြီးထွားလာနိုင်ပါရေ။ တချိန်းတည်းမှာ ကုလသမဂ ကလည်း နှစ်စိုင်နှစ်တိုင်း လူပေါင်း ၇ ဒသမ ၈ သန်းကျော်ရေ ယင်းရို့ စားသုံးရေ၊ ရှူသွင်းရေ၊ သောက်သုံးရေ အရာတိကြောင့် သီဆုံးနိန်ကတ်တေလို့ ခန့်မှန်းပြောဆိုပါရေ။ ဖွံ့ဖြိုးမှုနည်းပါးရေ နိုင်ငံတိအတွက်က ပြည်သူတိအတွက် အခြေခံကျန်းမာရေးလိုအပ်ချက်တိကိုတောင် ဖြည့်ဆည်းပီးနိုင်ဖို့ အခက်အခဲဟိနိန်ကတ်ပါရေ။ ယင်းနိုင်ငံတိမှာဆိုကေ ပြည်သူတိ၏ ၄၀ ရာခိုင်နှုန်းလောက်ကိုရာ အညစ်အကြေးစွန့်ပိုက်တိ တပ်ဆင်ပီးနိုင်ပါရေ။ ယင်းပိုက်တိနာင့် နိန်ထိုင်နိုင်ရေ ဒေသတိမှာဆိုကေလည်း ၉၀ ရာခိုင်နှုန်းကျော်က ထွက်ဟိလာရေ အညစ်အကြေးတိကို သေချာစနစ်တကျ သန့်စင်ထိန်းသိမ်းမှု မဟိပါ။

စီးပွားရေး အလျင်အမြန်တိုးတက်လာခြင်းရေ ကောင်းကျိုးအားလုံးကိုပဲ ဆောင်ကြဉ်းလာခြင်းမဟုတ်ပါ။ ခဲ စရေ အညစ်အကြေးတိကြောင့် ဖြစ်ပေါ်လာရေ လီထုညစ်ညမ်းခြင်းတိရေ ဘန်ကောက်၊ မက္ကစီကိုစီးတီး စရေ ဖွံ့ဖြိုးဆဲနိုင်ငံတိက မြို့ကြီးတိအတွက် အထူးစိုးရိမ်စရာတိဖြစ်ပါရေ။ ယင်းမြို့တိက ကားတိရေ ခဲဓာတ်အလွန်အကျွံပါရေ ဓာတ်ဆီကို သုံးကတ်ပါရေ။ ယင်းအပြင် ယင်းကားတိက မီးခိုးတိကို စည်းကမ်းမဲ့ ဗရမ်းဗတာ လွင့်ထုတ်နိုင်ကတ်ပါရေ။ ယင်းအတွက်ကြောင့် ပြည်သူတိအတွက် သန့်ရှင်းရေ လီထုကို မဖန်တီးနိုင်ပဲ ရောဂါဘယတိကိုရာ ဖန်တီးလားစီနိန်ပါရေ။ မက္ကစီကိုစီးတီးမှာဆိုကေ ၁၉၉၉၊ ၂၀၀၀ ခုနှစ်အတွက်က ညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာရေ အရေးပေါ်လူနာကိစ္စတိက နှစ်ရက်တစ်ခါဆိုရေပိုင် ဖြစ်ပွားခပါရေ။ ဆောင်းရာသီဆိုကေ ကျောင်းသား၊ ကျောင်းသူတိကို ကျောင်းအဆောက်အဦးပြင်ပ ထွက်ပြီးကေ ကစပ်ခြင်းတိကို ခွင့်မပြုခပါ။ ကမ္ဘာ့ကျန်းမာရေးအသင်းကြီး (WHO)၏ ခန့်မှန်းချက်အရဆိုကေ ဖွံ့ဖြိုးဆဲနိုင်ငံတိက လူပေါင်း ၇ သိန်းကျော်ရေ နှစ်စိုင်နှစ်တိုင်း မသီသင့်ပဲ သီနိန်ကတ်ရရေလို့ဆိုပါရေ။ ယင်းပိုင်သီဆုံးရခြင်း၏ တရားခံတိကတော့ခါ ကာဗွန်မိုနော့စ်ဆိုက်၊ Suspended Particulate Matter လို့ခေါ်ရေ အမှုန်စက်၊ ရီမှုန်စက်ချေတိ (အချင်း ၁၀ မိုက်ခရိုမီတာထက်ငယ်သည်။)နာင့် ခဲဓာတ်တိကြောင့်ဖြစ်ပါရေ။ ယင်းချင့်တိကိုရာ ထိန်းချုပ်ကာကွယ်နိုင်ဖို့ဆိုကေ ၇ သိန်းသော လူသားအသက်တိကိုလည်း ကယ်တင်နိုင်ဖို့ဖြစ်ပါကြောင်း...

မှတ်ချက်။ ။ J. John Palenရီးသားရေ The Urban Worldစာအုပ်မှ ဖွံ့ဖြိုးဆဲနိုင်ငံများ (Developing Countries)အခန်းက စိတ်ဝင်စားဖွယ်တချို့ကို စာဖတ်သူတိအတွက် ဘာသာပြန်လိုက်ပါသည်။

ဓာတ်ပုံ။ ။ http://top-10-list.org/wp-content/uploads/2009/08/Mexico-City-Mexico-Pollution.jpg