Pages
Thursday, October 27, 2011
အချိန်မှီပါသေးတယ်

၁၉၀၆ ခုနှစ် Akyab (စစ်တွေ) District Gazetter အရ ရခိုင်ပြည်မှာ ရှိနေတဲ့ တိုင်းဦးသားနဲ့ တိုင်းဦးသားမဟုတ်တဲ့ လူဦးရေ စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
တိုင်းဦးသားလူမျိုးများ (Indigenous Races) - Arakanese (239,649), Burmese (35,751), Kamis (11,595), Mros (10,074), Chins (9,415), Daingnets (3,412), Chaungthas (247) and Thets (232)
တိုင်းဦးသားမဟုတ်သူများ (Non-Indigenous Races) - British (209), Eurasians (159), Chinese (939), Shaikhs (152,074), Saiyyads (1,254), Pathans (126), Zairbadis (108), other Muslmans (1,325), Sudras (6,016), Kayasths (2,888), Uriyas (625), Brahmans (398), Chatris (377), Dhobis (263), Waddars (233), Nats (226), Burua Maghs (165), Chetties (164), Doms (143), Malas (142), Marabans (125), Banias (114) and other Hindus Castes (2104)
ြှဗိတိသျှအစိုးရရဲ့ ဒီလောက် စုံလင်တဲ့ လူမျိုးတွေကို စုစည်းထားတဲ့ စာရင်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ သူတို့ ပြောပြောနေတဲ့ လူမျိုးအမည် ပါပါသလား။ စာဖတ်သူတို့ စဉ်စားကြပါကုန်။
ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်းသိမ်းတော့ သေတဲ့လူက သေ၊ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ပင်လယ်ကမ်းနားက ကျွန်းစုတွေနဲ့ Sunderbuns ဘက်တွေကို ထွက်ပြေးတဲ့သူက ပြေး၊ စစ်သုံ့ပန်းအဖြစ်ပါတဲ့လူက ပါနဲ့ လူဦးရေက အရမ်းနည်းပါးသွားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို စိုက်ပျိုးကုန်ထုတ်လုပ်ငန်းတွေမှာ သုံးဖို့ ခေါ်လာပါတယ်။ အဲဒီအချိန်တုန်းက ရခိုင်ပြည်မှာ ရတဲ့လုပ်ခဟာ ဘင်္ဂလားဒေသမှာ ရတဲ့ လိုခထက် အရမ်းများတယ်လို့ ကိုလိုနီအစိုးရ အရာရှိကြီး Sir Arthur Phayre က ရေးပါတယ်။ (ဒါ့အပြင် အင်္ဂလိပ်မြန်မာ စစ်ပွဲသုံးပွဲအတွက် ခေါ်လာတဲ့ ဘင်္ဂလီတွေလည်း ရှိပါသေးတယ်။) အဲဒါကြောင့်လည်း ကိုလိုနီစနစ်အောက်မှာ စစ်တွေခရိုင်ရဲ့ လူဦးရေ တိုးနှုန်းဟာ ၁၅၅ ရာခိုင်နှုန်းထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အတွင်းပိုင်းကျတဲ့ ကျောက်တော်လိုမြို့မှာတောင် နှစ်ပေါင်း ၂၀ အတွင်း လူဦးရေ ၇၇ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါတယ်။
အင်္ဂလိပ်ခေတ် ၁၈၇၂ ခုနှစ်၊ ၁၉၀၁ ခုနှစ် နဲ့ ၁၉၁၁ ခုနှစ်တို့ရဲ့ စစ်တွေခရိုင်ရှိ လူဦးရေစစ်တမ်းကို အောက်ပါအတိုင်း တွေ့ရပါတယ်။
Races - 1872 - 1901 - 1911
Hindu - 2,655 - 14,455 - 14,454
Mahomedan - 58255 - 154,887 - 178,647
Burmese - 4,632 - 35,751 - 92,185
Arakanese - 171,612 - 239,649 - 209,432
Shan - 334 - 80 - 59
Chin, Taungtha,
Khami, Daingnet - 38,577 - 35,489 - 34,020
Others - 606 - 1,355 - 1,146
Total - 276,671 - 481,666 - 529,943
အထက်ပါ လူဦးရေ စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို စာဖတ်သူတို့ တွေ့ပါသလား။ မတွေ့ပါဘူး။ မတွေ့တာက မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်တို့ အင်္ဂလိပ်မြန်မာ စစ်ပွဲသုံးပွဲအတွက် ခေါ်လာတဲ့ ဘင်္ဂလီမူဆလင်တွေရယ်၊ စိုက်ပျိုးကုန်ထုတ်လုပ်ငန်းတွေမှာ သုံးဖို့ ခေါ်လာတဲ့ မူဆလင်တွေရယ် ပေါင်းပြီးတော့ Mahomedan (မူဆလင်များ)လို့ အထက်ပါ ဇယားမှာ ဖော်ပြထားပါတယ်။ သူတို့ပြောပြောနေတဲ့ အာရပ်ကုလားတွေက ရမ်းဗြဲကျွန်းမှာ စက်လှေပျက်လို့ သောင်တင်တာကနေ ရခိုင်ပြည်မှာ နေလာကြတယ်ဆိုတဲ့ဟာက အင်္ဂလိပ်ခေတ်က တိုင်းဦးသား စာရင်းကောက်ယူတုန်းက ပျောက်နေသလို ဖြစ်မနေဘူးလား။ အင်္ဂလိပ်တွေ မျက်မှန်ထူထူ မတပ်ခဲ့လို့ မမြင်ခဲ့ကြဘူးနဲ့တူပါတယ်။ ဒါမှမဟုတ် သန်းခေါင်စာရင်းကို ညအချိန်မှာ ကောက်တော့ သူတို့ အသားမဲလို့ အင်္ဂလိပ်တွေ မတွေ့ခဲ့ကြတာလား။ ရခိုင်တွေလည်း အသားညိုကြပါတယ်။ ရခိုင်တွေ စာရင်းထဲမှာ ပါကြတာပဲ။ အာရပ်နွယ်ဖွားတွေဆိုရင် ရခိုင်တွေထက်တောင် သူတို့ အသားပိုလတ်ပြီး ပိုတောင် ပါကြရမှာပေါ့။ ဒီကောင်တွေ အီးယောင်ဝါးလုပ်နေတာ ကြာလှပြီ။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံတိုင်းပေါက်နေတာတွေ၊ လုပ်ကြံဖန်တီးဇာတ်လမ်းတွေကို သေချာ အချိန်မီ မကာကွယ်နိုင်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ရေးအတွက် အထူးစိုးရိမ်စရာပဲ ဖြစ်ပါတယ်။
ဘင်္ဂလီတွေရဲ့ နောက်ဆုံးပန်းတိုင်

အကြောင်းအရာတစ်ခု၊ Issueတစ်ခုကို သုံးသပ်တဲ့အခါမှာ ခွဲခြမ်းစိတ်ဖြာ (analytically) ကြည့်တတ်ဖို့လိုပါလိမ့်မယ်။ လူ့အခွင့်အရေးဆိုတာနဲ့ တိုင်းရင်းသား အရေးဆိုတာ မတူပါဘူး။ နိုင်ငံသားဖြစ်တာနဲ့ တိုင်းဦးသားဖြစ်တာနဲ့ မတူပါဘူး။ ခွဲခြားသိတတ်ရပါမယ်။ BBC သတင်းဌာနက Anna Jones ဆိုတဲ့အမျိုးသမီးဟာ သတင်းသမားတစ်ယောက်မှာ ရှိရမယ့် ခွဲခြမ်းစိတ်ဖြာမှုပဲ ညံ့ဖျင်းတာလား၊ အချက်အလက် စုဆောင်းဖို့ ပျင်းတာလားတော့ မသိဘူး။ မြန်မာနိုင်ငံရဲ မြေပုံကို သောက်တလွဲ ဆော်ထည့်လိုက်ပါပြီ။ ရခိုင်ပြည်နယ်ကို ဘင်္ဂလီပြည်နယ် လုပ်ချလိုက်ပါပြီ။ အဲဒီမြေပုံကို ဘယ်ကနေ ဘယ်လို ရလာလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်က ရှိမယ်ထင်ပါတယ်။ ဂျပန်က မိတ်ဆွေတစ်ယောက်က ပြောပြဖူးတယ်။ “ဟဲ့ကောင် ရခိုင်ပြည် ကုလားပြည်ဖြစ်သွားပြီတဲ့”။ ကျနော်က... ဟာ ဘာလို့ ဖြစ်ရမှာလဲပေါ့.. နောက်မှ သူက ရိုဟင်ရျာအမည်ခံ ဘင်္ဂလီစာစောင်တစ်ခုမှာ ရခိုင်ပြည်နယ်ရဲ့ နေရာမှာ သူတို့ လူမျိုးတွေနဲ့ အစားထိုးထားတာတဲ့။ ကဲ.. ကောင်းကြသေးရဲ့လား.. အရပ်ကတို့ရေ။ ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်နေတာကတော့ စိတ်ဝင်စားစရာပါ။
ကျနော်ဟာ ရခိုင်ပြည်မှာ ၁၈ နှစ် နေဖူးတယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို တခါမှ မကြားဖူးဘူး။ ပြည်ပမှာတော့ ခေတ်စားလိုက်တာ။ သူတို့ နောက်ကွယ်က လူတွေကလည်း အားကောင်းတာကိုး။ ပြီးခဲ့တဲ့ လပိုင်းလောက်ကပဲ OIC ဆိုတဲ့ Organization of Islamic Cooperation လို့ခေါ်တဲ့ နိုင်ငံတကာ အစ်စလာမ်ဘာသာဝင်များ ပူးပေါင်းမှု အဖွဲ့ကြီးနဲ့ သူတောင်းစား ဟန်ညောင်ဝေဦးဆောင်တဲ့ ဘင်္ဂလီတစ်စုတို့ သဘောတူလက်မှတ်ထိုးပွဲကြီးကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ OIC ဆိုတာ သူတို့အပြောအရ ကမ္ဘာမှာ ကုလသမဂ္ဂပြီးရင် ဒုတိယအကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းလို့ ဆိုပါတယ်။ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ မူဆလင် အဖွဲ့ကြီးပါ။ ဒီမှာ စိတ်ဝင်စားစရာက လူ့အခွင့်အရေးလို့ လက်ခမောင်းခတ်ပြီး အော်နေတဲ့ လူတွေရဲ့ နောက်ကြောင်းတွေပါ။
ပထမဆုံး OIC နဲ့ လူ့အခွင့်အရေးဆိုတာကို ကြည့်ကြရအောင်။ OIC ဟာ ကုလသမဂ္ဂ ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီး (Universal Declaration of Human Rights) ဆိုတာကို လက်မခံခဲ့ပါဘူး။ လက်မခံပဲ သူတို့ဟာသူတို့ ကိုင်ရိုအစ်စလာမ်လူ့အခွင့်အရေး ကြေညာစာတမ်း (Cairo Declaration of Human Rights in Islam) ဆိုပြီးတော့ သီးသန့်လုပ်ပါတယ်။ အဲဒါရဲ့ အပိုဒ်ကြီး ၂၄ မှာ ရေးထားတာက "All the rights and freedoms stipulated in this Declaration are subject to the Islamic Shari'ah"လို့ ဆိုထားပါတယ်။ ပြောချင်တာက ဒီကြေညာချက်မှာ ပါတဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခြင်းတို့ဟာ အစ်စလာမ် ချာရီယာ ဥပဒေရဲ့ အချိန်မရွေးဝင်ရောက် စွတ်ဖက်ခြင်းကို ခံရမယ်လို့ ဆိုလိုတာပါ။ မင်းတို့မှာ ပြောပိုင်ခွင့်ရှိတယ်၊ မတော်ရင် ငါတို့ ကြိုက်တဲ့အချိန် ကျောက်တုံးတွေ ချပြီး ဖိသတ်ချင်သတ်မယ်လို့ ဆိုလိုတာနဲ့ အတူတူပါပဲ။
နောက်တစ်ကြောင်းက "The Islamic Shari'ah is the only source of reference for the explanation or clarification of any of the articles of this Declaration"လို့ ဆိုထားပြန်ပါတယ်။ ကြေညာစာမ်းပါ အပိုဒ်တွေကို ရှင်းလင်းအဖြေရှာတဲ့အခါမှာ အစ်စလာမ် ချာရီယာ ကိုသာ ကိုးကားရမယ်လို့ ဆိုလိုတာပါ။ ကဲ...ကောင်းကြသေးရဲ့လား... ကြည့်ကြပါအုံး သူတို့ပြောတဲ့ လူ့အခွင့်အရေး... ဒါက ကျနော် လတ်တလော တွေ့တဲ့ အချက်နှစ်ချက်ပဲ ရှိသေးတယ်နော်။ သေချာရှာကြည့်ရင် အများကြီး ထပ်တွေ့အုံးမှာ။..
နောက်တစ်ယောက်က ဟန်ညောင်ဝေ...ဒီလူ့အကြောင်းကိုတော့ လူအများ သိကြပါတယ်။ အကျယ်ချဲ့ပြီးတော့ မပြောတော့ပါဘူး။ ပိုက်ဆံရမယ်ဆိုရင် သိန်းစိန် ဖိနပ်ပဲ တိုက်ရ တိုက်ရ၊ ကုလားမ အတွင်းခံပဲ လျှော်ရ လျှော်ရ လုပ်မဲ့အကောင်ပါ။ အခုလည်း ကုလားသူဌေးတွေဆီက ပိုက်ဆံရမယ့်ကိန်းမြင်တော့ လိုက်သွားပြန်တာပါ။
အဲဒီအစည်းအဝေးကနေပြီးတော့ Arakan Rohingya Union (ARU)ဆိုတဲ့ဟာကို ဖွဲ့လိုက်ပြီးတော့ အဲဒီအသစ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်က ဘဘဦးတင်ဦးကို RFAမှာ ဗမာစကား မပီကလာ ပီကလာနဲ့ စော်ကားသွားတဲ့ ဒေါက်တာ ၀ါကာ ဦးဒင် ဆိုတာပါပဲ။
အဲဒီလိုပဲ wikileak မှာ ပါတဲ့ အကြမ်းဖက်သမား Nurul Islamကိုလည်း အဲဒီ ARU ထဲမှာ တွေ့ကြရမှာပါ။ သူ့အကြောင်းကိုတောဲ့James mmt ဘာသာပြန်ထားတဲ့ facebook note (http://www.facebook.com/#!/notes/james-mmt)ထဲမှာ ဖတ်နိုင်ပါတယ်။ အင်္ဂလိပ်လို အတိအကျရေးထားတာတွေကိုလည်း ဒီလင့်မှာ (http://www.wikileaks.ch/cable/2002/10/02RANGOON1310.html#)ကြည့်နိုင်ပါတယ်။ သူဟာ အရင်က လက်နက်ကိုင်သောင်းကျန်းသူတစ်ယောက်ဖြစ်ပြီးတော့ စစ်အေးတိုက်ပွဲနောက်ပိုင်း NGOတွေ ကြီးထွားလာတဲ့နောက်ပိုင်းမှာ လူ့အခွင့်အရေးကို အရေခွံခြုံလာသူဖြစ်ပါတယ်။
အခု ARUမှာ ပါနေတဲ့ မိုဟာမက် ယူးနပ်စ် ဆိုရင် ပိုလို့တောင် အစွန်းရောက်တဲ့ ဘင်္ဂလီပါ။ အာဏာရူးသမားလည်း ဖြစ်ပါတယ်။ Rohingya Solidarity Organization ရဲ့ ဥက္ကဌ လုပ်ပြီး မြန်မာနိုင်ငံမှာ မူဆလင်ဘာသာ ပို့ပြန့်ပွားဖို့ကြိုးစားမယ်လို့ ပြောခဲ့တဲ့လူပါ။ RSO ဟာ ဘင်လာဒင် အုပ်စုနဲ့ အဆက်အသွယ်ရှိကြောင်း၊ အက်ဖဂန်နစ္စတန်မှာ စစ်သင်တန်းတွေ တက်ခဲ့ကြောင်း နိုင်ငံတကာ လေ့လာရေး ပညာရှင်တွေ ရေးထားတဲ့ မှတ်တမ်းမှတ်ရာတွေ တပုံကြီးပါ။ (နောက်တော့ ထပ် ရှယ်ပါအုံးမယ်။)
အဲဒီလိုပဲ တခြား နောက်ပေါက်လာတဲ့ မိုဟာမက် ခါလင်မ် (ခ) ကိုကိုလင်း လို အကြမ်းဖက်သမား hacker တွေလည်း ရှိပါသေးတယ်။ ၂၀၀၄၊ ၂၀၀၅ ၀န်းကျင်တုန်းက ရခိုင်အီးမေးလ်အုပ်စုတွေကို ခိုးဝင်ပြီး စော်ကားတဲ့အကောင်ပါ။ ဒီနှစ်ထဲမှာပဲ ရခိုင်လူမျိုးတွေကို ”အရမ်းမိုက်တဲ့ ခွေးတွေ”ပဲလို့ လူသိရှင်ကြား စော်ကားထားတဲ့ကောင်ပါ။ အခုဆိုရင် ARU ရဲ့အဓိက လူတစ်ယောက်ပေါ့။
ဒါဆိုရင် သူတို့ ပြောနေတဲ့ လူ့အခွင့်အရေးဆိုတာ ဘာလဲ လို့ မေးစရာတော့ ပေါ်လာပါပြီ။ သူတို့ပြောတဲ့ လူ့အခွင့်အရေးက ကုလသမဂ္ဂ ကြေညာထားတဲ့ လူ့အခွင့်အရေးလား၊ ဒါမှမဟုတ် OIC က ကြေညာထားတဲ့ လူ့အခွင့်အရေးကို သကာရည် လူးထားတဲ့ ချာရီယာ လား။ ဒီလို အစွမ်းရောက်တွေရဲ့ လက်ထဲမှာ ဒုက္ခရောက်ကြရတာက မြန်မာပြည်ထဲက ပြည်သူတွေပါ။ သူတို့ကတော့ NGO ပိုက်ဆံလေးကို မျက်မျက်လေးစားပြီး စည်းစိမ်ခံလို့ပေါ့။ သူတို့လုပ်လို့ ပြည်ထဲမှာ သတ်ကြခွပ်ကြတော့ ရခိုင်ရော၊ ဘင်္ဂလီရော နှစ်ဖက်စလုံး နှစ်နာကြရတာပါ။
သူတို့က လူ့အခွင့်အရေးတင်မက တိုင်းရင်းသား အခွင့်အရေးကိုပါ လိုချင်တာက ဘာကြောင့်လဲ။ ရှင်းရှင်းလေးပါ။ တိုင်းရင်းသား ဖြစ်ရင် ခွဲထွက်ခွင့်တောင်းလို့ရတယ်။ ဒီမိုကရေစီရလာလို့ ဒီမိုကရေစီစနစ်အောက်မှာ ပြည်သူ့သဘောထား ဆန္ဒ (Referendum)အရ ခွဲထွက်နိုင်ခွင့် ရှိသွားမှာပါ။ (ယူဂိုဆလားဗီးယားကနိန် နိုင်ငံ ၇ နိုင်ငံ ဖြစ်သွားတာကို မှတ်မိကြမှာပါ။) ဒါဟာ သူတို့ရဲ့ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်တဲ့ ultimate goal (နောက်ဆုံးပန်းတိုင်) ဖြစ်ပါတယ်။ လွတ်လပ်ရေး မရခင် ခေတ်က ရခိုင်ပြည်မြောက်ပိုင်းက ဘင်္ဂလီမူဆလင်ခေါင်းဆောင်တွေဟာ မောင်းတောမြို့နဲ့ ဘူးသီးတောင်မြို့တွေကို အိန္ဒိယက ခွဲထွက်ဖို့ စိုင်းပြင်းနေတဲ့ ပါကစ္စတန်ထဲကို ထည့်ဖို့ မူဆလင်ခေါင်းဆောင် မိုဟာမက်အလီဂျင်းနား ကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီကိစ္စကို ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်ကို အသွား ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့က ကရာချိမြို့မှာ ခဏနားတော့ မိုဟာမက်ဂျင်းနားက ဗိုလ်ချုပ်အောင်ဆန်းကို ပြောခဲ့တာပါ။ အဲဒီလိုပဲ ၁၉၇၀ ကျော်မှာ ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ်က ခွဲထွက်ဖို့ ကြိုးစားတုန်းကလည်း အဲဒီလိုပဲ ခွဲထွက်ဖို့ တောင်းခဲ့တာပါ။
ဒါဆိုရင် အတိတ်နဲ့ အနာဂတ်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် ဘင်္ဂလီပြောတဲ့ လူ့အခွင့်အရေးဆိုတာက ဘာလဲ၊ ဘာကြောင့် တိုင်းရင်းသား ဖြစ်ချင်တာလဲ ဆိုတာတွေက လယ်ပြင်မှာ ဆင်သွားတာ မပြောနဲ့ လေဆာမီးတန်းကြီး သွားသလို ထင်ရှားသွားပါပြီ။ ဒါတွေကို ဖော်ထုတ်မှု အားနည်းခဲ့ကြတယ်ဆိုတာကိုတော့ အားလုံး လက်ခံကြရမှာပါ။ ဗုဓ်ဒဘာသာဝင်တွေဖြစ်တော့လည်း စာနာသနားမှုတွေ လွန်ကဲတာတွေ၊ ခန္တိစ သည်းခံခြင်း များလွန်းတာတွေလည်း ပါမှာပါ။ အခုနောက်ပိုင်းမှာတော့ မပြောမပြီး မတီးမမြည်လို့ ဆိုရမည့် အခြေအနေတစ်ခုကိုတော့ ရောက်လာနေပါပြီ။ ဒီကြားထဲ အကျင့်ပျက် ခြစားနေတဲ့ နိုင်ငံရေးသမားတွေ၊ ခွဲခြမ်းပိုင်းခြားမှု အားနည်းတဲ့ မီဒီယာသမားတွေကြောင့် အခက်ကြုံနေကြရပါတယ်။ ဒါပေမယ့် ဒီဘင်္ဂလီတွေရဲ့ လုပ်ကြံဖန်တီးမှု ဇာတ်လမ်းတွေကို သိလာတဲ့လူတွေ အမှန်တရားဘက်က ရပ်တည်ပေးမှု လူတွေ၊ ပိုများလာတာကိုတော့ ၀မ်းသာပီတိ ဖြစ်မဆုံးပါပဲဗျာ။ ကျနော်တို့အတွက် အမှန်တရားကြီးက စောင့်နေတာပါ။
Saturday, October 22, 2011
ဗင်းနစ်၏ နီဝင်ချိန်လား...

ဗင်းနစ်မြို့ရေ ကဗာကျော်မြို့တစ်မြို့ဖြစ်ပါရေ။ ထူးခြားရေ ချောင်းတိ၊ တူးမြောင်းတိက မြို့၏ နိန်ရာ အနှံ့ကို ဖြတ်သန်းစီးဆင်းနိန်လို့ ကကောင်းလှရေ မြို့တစ်မြို့ဖြစ်ပါရေ။ ရခိုင်ပြည်ကို ရောက်ရှိလာရေ ပေါ်တူဂီ ဘုန်းကြီး ဆဘက်ချန် မန်နရစ်က မြောက်ဦးမြို့ကိုလည်း အရှေ့တိုင်း၏ ဗင်းနစ် (The Venice of the East)လို့ တင်စားဖူးခပါရေ။ ယေကေလေ့ ဗင်းနစ်နန့် မြောက်ဦးမြို့ရေ တူရေ အချက်တိ ရှိရေပိုင် မတူရေ အချက်တိလည်း ရှိပါရေ။
ဗင်းနစ်မြို့ရေ အီတလီနိုင်ငံ၏ အရှေ့မြောက်ဘက်၊ မြေထဲပင်လယ်နားမှာ တည်ရှိရေ ကျွန်းစုမြို့ ဖြစ်ပါရေ။ အိမ်နေအိမ်ခြေတိကို ရီတိနန့် ၀ိုင်းနိန်တတ်လို့ မြို့သူမြို့သားတိ၏ အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ဘုတ်တိ၊ သန်ဗန်တိ ဖြစ်ပါရေ။ ရုံးလားခြင်း၊ ကုန်တင်ကုန်ချလုပ်ခြင်း၊ အရေးပေါ်လူနာတင်ခြင်း စရေ နိတဓူဝလုပ်ငန်းတိအားလုံးနီးပါးကို လုပ်ဆောင်ဖို့ ရီလမ်းကြောင်းကို အားကိုးကတ်ရပါရေ။
ဗင်းနစ်မြို့လို့ နာမေမတင်ခင်က မြို့မှာ လူသူမနိန်ရေ ပင်လယ်ဝနားက ကျုပ်မြေ၊ နုန်းမြေတိ လူးကျံနိန်ရေ
ကျွန်းစုချေရာ ဖြစ်ပါရေ။ ပြည်မထဲကို အပြည်ပြည်က လာရောက်တိုက်ခိုက်သိမ်းပိုက်ကတ်တေခါ ယင်းကျွန်းစုချေတိကို လာပြီးကေ ခိုအောင်းနိန်ကတ်ယင်း တဖြည်းဖြည်း လူဦးရေ များလာပြီးကေ မြို့ရွာ သဏ္ဍာန်ကို ဆောင်လားခြင်းဖြစ်ပါရေ။ ယေကေလေ့ သူရို့မှာ မြို့ကြီးတစ်ခုအဖြစ် တည်ဆောက်ဖို့က စိန်ခေါ်မှု အများကြီး ရှိနိန်ခပါရေ။
ပင်လယ်ဝနားမှာ ရှိလို့ ဆငန်ရေရာ ပေါခြင်း၊ ရီချို ယှားပါးခြင်း၊ နိန်ထိုင်ဖို့ မြေထုမှာလည်း နုန်းမြေ၊ ကျုပ်မြေ ဖြစ်နိန်လို့ အဆောက်အဦး ဆောက်နိုင်လောက်အောင် အောက်ခြေခိုင်ခံမှု မရှိခြင်း၊ စိုက်ပျိုးမြေယှားပါးခြင်း စရေ စိန်ခေါ်မှု တပုံတခေါင်းကြီးကို ထိပ်တိုက်တွိကတ်ရပါရေ။ ဗင်းနစ်မှာ ယာယီနိန်ထိုင်ဖို့ရာ သင့်ပြီးကေ ရေရှည်နိန်ထိုင်ဖို့အတွက် ခက်နိန်ခပါရေ။ ရေရှည်နိန်ထိုင်နိုင်ဖို့အတွက်၊ မြို့ပြတည်ဆောက်နိုင်ဖို့အတွက် အင်ဂျီနီယာတိ၊ တတ်သိနားလည်ရေ ပုဂ္ဂိုလ်တိက ထိုပိုင်စမ်းသပ် အေပိုင်စမ်းသပ်နန့် နောက်ပိုင်းခါ အဖြေတိထွက်လာကတ်ပါရေ။
ပထမဆုံးအနေနန့် သစ်လုံးတိကို စိုက်ပါရေ။ ယင်းသစ်လုံးတိကို နုန်းမြေတိထဲကို ထိုးစိုက်ပါရေ။ နုန်းမြေ၊ ပျော့ရဲရေ သဲမြေတိကို ဖောက်လို့ အောက်ခံခိုင်ရေ သဲမြေကို ရောက်ရေအထိ စိုက်ကတ်ပါရေ။ တချို့နေရာမှာ သဲမြေကို ရောက်ဖို့ ဥပမာ- ၇ ပေ လိုရေပိုင် တချို့နေရာကျကေ ၇ ပေခွဲလောက် စိုက်ကတ်ရပါရေ။ (ဆောက်ဖို့ အဆောက်အဦးပေါ်မူတည်လို့ သစ်လုံးအရှည်အတို ကွာပါဖို့။) အေနေရာမှာ သံလုံးတိကို မသုံးပဲ သစ်သားလုံးကို သုံးရစွာ အကြောင်းကလည်း ရှိပါရေ။ သံလုံးတိရေ ပင်လယ်ဆငန်ရေနန့် ထိတွိပြီးကေ သံချီးလိုက်တိုက်စားလားနိုင်လို့ ရာသက်ပန်ခံနိုင်အောင် သစ်မာလုံးတိကို သုံးလားခြင်း ဖြစ်ပါရေ။ Alderလို့ခေါ်ရေ ဆောင်းရွက်ကြွီပင်တစ်မျိုး(ကချင်အခေါ် မိုင်ဗော်၊ နင်ဗော်၊ ယန်ဗော်)၏ ပင်စည်လုံးတိကို သုံးလားပါရေ။ ယင်းအထက်ကမှ beam အလွှာတစ်ထပ် တင်ပါရေ။ ပြီးကေ ရီတိုက်စားဒဏ်ကို ကောင်းကောင်းခံနိုင်ရေ စကျင်ကျောက်အလွှာကို တင်ပါရေ။ ယင်းအထက်ကမှ ကိုယ်ရို့ဆောက်ချင်စွာကို အုတ်တိနန့် ဆောက်လားပါရေ။
တတ်သိနားလည်ရေ ပညာသျှင်တိ၏ အမျိုးမျိုးစမ်းသပ်မှုတိကနိန် အဖြေရလားခြင်း ဖြစ်ပါရေ။ နောက်ပိုင်းမှာ ဗင်းနစ်ရေ မြို့ကြီးအဖြစ်ကို ချက်ချင်းပြောင်းလဲလားပါရေ။ ဒေသခံတိကလည်း ရီမှာ ကျွမ်းကျင်ကတ်လို့ ပြည်ပရန်တိကို ကာကွယ်နိုင်ပျာယ် တိုးတက်ထွန်းကား ခပါရေ။ နိန်ရာက အကျွန်ရို့ ပေါက်တောမြို့နယ်ထဲက တချို့နိန်ရာတိပိုင် ပင်လယ်ဝနားမှာ ဆားပြင်တိနန့်ဖြစ်လို့ ဆားအများကြီးထွက်ခပါရေ။ ယင်းဆားတိကို ယင်းသူရို့၏ ရီကြောင်းကျွမ်းကျင်မှုနန့် ပေါင်းစပ်ပနာ တခြားမြို့ရွာတိကို ကူးသန်းရောင်းဝယ်ယင်း စီးပွားရေးကုန်စည်စီးဆင်းရာ မြို့ကြီးဖြစ်လာပါရေ။ အရိဘက်က ပိုးထည်တိ၊ ဟင်းခတ်အမွှီးအကြိုင်တိ၊ ပုလဲတိ စရေ ကုန်ပစ္စည်းတိကို အနောက်ဘက်ကို တင်ပို့ယင်း ဗင်းနစ်မြို့ရေ ချမ်းသာတိုးတက်တေ မြို့ကြီး ဖြစ်လာပါရေ။ တရုတ်ပြည်ကို ရောက်လားရေ မာကိုပိုလိုရေ ဗင်းနစ်မြို့ခံ ကုန်သည်တစ်ဦး ဖြစ်ပါရေ။
ရီလမ်းကြောင်းတိက ဗင်းနစ်မြို့ခံတိကို အကျိုးပြုလို့ နှစ်စဉ်နှစ်တိုင်း ဗင်းနစ်မြို့၏ အုပ်ချုပ်သူရေ “အသင်ပင်လယ်၊ ငါရို့လက်ထပ်ပျာယ်။ ငါရို့၏ စိုးမိုးမှု အထိမ်းအမှတ်အဖြစ် အေလက်စွပ်ကို ပီးအပ်ပါ၏။” လို့ ဆိုပျာယ် ရွှေလက်စွပ်တစ်ကွင်းကို ရီထဲကို ၀ဲချတတ်ပါရေ။ အေဂုကတော့ ဗင်းနစ်မြို့ကို အကျိုးပြုရေ ရီပင်လယ်ကပဲ ဗင်းနစ်မြို့၏ ဆက်လက်တည်တံ့နိုင်ဖို့အရေးကို ခြိမ်းခြောက်စိန်ခေါ်နိန်ပျာယ် ဖြစ်ပါရေ။
ယင်းအထဲက အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုကတော့ မြေမျက်နှာ နိမ့်ကျခြင်း ဖြစ်ပါရေ။ တည်ကတည်းက အောက်ခံမြေမှာ သဲကျောက်၊ သက်ရင့်ကျောက်တိခံထားရေ မြေမဟုတ်ပဲ ပင်လယ်ဝနားက နုန်းမြေ၊ သဲမြေဆိုခါ အထက်က အဆောက်အဦးအလီးချိန်တိက အောက်ကို ဖိယင်း ဖိယင်းနန့် ရီထဲကို နိမ့်ကျဝင်လာနိန်ပါရေ။ တချို့အဆောက်အဦးတိ၊ တာဝါတိဆိုကေ စောင်းကျလာနိန်ပါရေ။ အခြားတဘက်မှာလည်း ကဗာကြီးပူနွီးလာမှုကြောင့် ပင်လယ်ရီမျက်နှာပြင်က တဖြည်းဖြည်း တက်လာနိန်ပါရေ။ တချို့ပညာသျှင်တိက ပင်လယ်ရီမျက်နှာပြင် မြှင့်တက်မှုရေ လာဖို့ ဆယ်စုနှစ်တိမှာ ပိုမြန်လာနိုင်ရေလို့လည်း ခန့်မှန်း ပြောဆိုနိန်ကတ်ပါရေ။
ပင်လယ်ဆငန်ရေတိကရာ ဗင်းနစ်မြို့၏ အထက်ပိုင်း အုတ်ထည်တိကို ထိကေ ဆားဓတ်ကြောင့် အုတ်တိ ကြွီမွပျက်စီးလားပါဖို့။ အမြင်သာယာမှုတိအတွက်ရာမက အဆောက်အဦးတိ၏ ဘောင်ထည်ခိုင်ခံမှုတိ (structural integrity)အတွက်ပါ အများကြီး စိုးရိမ်ရပါရေ။ ပြည်သူတိ၏ အသက်အိုးအိမ်စည်းစိမ်တိအတွက် စိုးရိမ်ရပါရေ။ တဖက်မှာ- အမြဲတမ်း ပြန်လည် ပြုပြင်ဖို့စရိတ်တိက တခြား အီတလီပြည်မမှာ နိန်ထိုင်စရိတ်တိထက် အဆမတန် ကြီထွားလာကေ သာမန်ပြည်သူတိ အနိန်နန့် ဆက်နိန်နိုင်ကတ်ဖို့မဟုတ်ပါပျာယ်။ အေပိုင် စိန်ခေါ်မှုတိကို လက်ရှိ အီတလီနန့် ကဗာ့ပညာသျှင်တိက ရေရှည်ကျကျ ဇာပိုင်လုပ်ကတ်ဖို့လဲ၊ ကုန်ကျစရိတ် သက်သက်သာသာနန့် ဇာပိုင်ကိုင်တွယ်ဖြေယှင်းကတ်ဖို့လဲ ဆိုစွာကတော့ စိတ်ဝင်စားစရာပါ။ လောလောဆယ်တော့ ဗင်းနစ်မြို့၏ အနာဂတ်ကတော့ မသဲမကွဲ မရေမရာ ရှိနိန်ပါကြောင်း.....
A&E TV Channel၏ Ancient Mysteries: The Miraculous Canals of Venice မှတ်တမ်းဗီဒီယိုကို မှီငြမ်းသည်။