အန္တာတိကတိုက်ရေ ကမ္ဘာ့တိုက်ကြီး ခုနှစ်ခုထဲက တစ်တိုက်ဖြစ်စွာကို လူတိုင်းသိကတ်ပါရေ။ တိုက်ကြီး၏ ၉၈ ရာခိုင်နှုန်းကို ရီခဲတိနန့် ဖုံးလွှမ်းထားပြီးကေ ကမ္ဘာမှာ လီတိုက်အကြမ်းဆုံး တိုက်ကြီးတစ်တိုက်ဖြစ်ပါရေ။ ကုန်းမြင့်ဒေသမှာ အပူချိန်ပျမ်းမျှ အနုတ် ၅၅ ဒီဂရီ စင်တီဂရိတ်(အနုတ် ၁၃၁ ဒီဂရီဖာရင်ဟိုက်)ဟိပြီးကေ ကုန်းနိမ့်ဒေသတိမှာ အနုတ် ၂၈ စင်တီဂရိတ်(အနုတ် ၈၂ ဒီဂရီဖာရင်ဟိုက်)၀န်းကျင် ရှိတတ်ပါရေ။ ကမ္ဘာ့ဝင်ရိုးစွန်းဒေသမှာ တည်ရှိရေအတွက်ကြောင့် အလင်း ၆လ အမှောင် ၆လကျရောက်ပါရေ။ ၄ လကျော် ကြာညောင်းရေ ဆောင်းရာသီရေ အီးလွန်းပြီးကေ အမှောင်အတိ ဖုံးလွှမ်းနိန်တတ်ပါရေ။ ယင်းတိုက်မှာ ပန်ဂွင်းငှက်ချေတိနိန်ုထိုင်ကတ်ပါရေ။ နွီရာသီခါ အနီးအနားသမုဒ္ဒရာနားမှာ ကူးလူးစားသောက်ကတ်ပြီးကေ ဆောင်းရာသီကျကေတော့ အန္တာတိကတိုက်ထက်မှာပဲ နိန်ထိုင်ဖြတ်သန်းကတ်ပါရေ။ ပန်ဂွင်းငှက်ချေတိမှာ အရီပြားနန့် အမွှီးတိပါကေလေ့ အေလောက် ကြမ်းရေ လီ၊ အေလောက် ချမ်းရေ အအီးဓာတ်နန့် အမှောင်ဖုံးရေ ဆောင်းရာသီတိကို ဇာပိုင်ဖြတ်သန်းကတ်ပါလေ။
ပန်ဂွင်းငှက်တိရေ အုပ်စုဖွဲ့ပြီးကေ နိန်တတ်ပါရေ။ ဇာကိုလားလား အအုပ်လိုက် လားကတ်ပါရေ။ ဆောင်းရာသီရောက်လာလို့ အအီးကြမ်းဝင်လာပျာယ်ဆိုစွာနန့် တစ်ကောင်နန့်တစ်ကောင် ခန္ဓာချင်းကပ်ပြီးကေ နိန်ကတ်ပါရေ။ တစ်ကောင်နန့်တစ်ကောင် ကပ်ထားခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်(body temperature)ကို ထိန်းကတ်ပါရေ။ အပြင်က လီကြမ်းဝင်စွာကိုလည်း ကာထားရေသဘောဟိပါရေ။ စည်းဝိုင်းပုံစံသဘောနန့် အများစုက အတွင်းဘက်မှာ ကျကတ်ပြီးကေ တချို့က အပြင်ဘက်စည်းပတ်လည်မှာ ပတ်ပြီးကေ နိန်ကတ်ရပါရေ။ ယေခါ အပြင်ဘက်စည်းနားက အကောင်တိရေ အဆိုးရွားဆုံးလီဒဏ်၊ အအီးဒဏ်ကို ခံကတ်ရပါရေ။ ယင်းအတွက်ကြောင့် အပြင်ဘက်ကအကောင်နန့် အတွင်းထဲကအကောင်တိ အမြဲတမ်း နိန်ရာလှဲကတ်ပါရေ။ တစ်ယောက်တစ်လေ့စီ အလေ့ကျတာဝန်ယူပြီးကေ စစည်းလလုံးနန့် ကမ္ဘာ့အကြမ်းဆုံး ရာသီဥတုကို တစ်နှစ်မှာ ၄ လကျော်စီ ဖြတ်သန်းကတ်ပါရေ။ အလေ့ကျ တာဝန်ယူတတ်တေစိတ်မဟိ၊ စည်းကမ်းသေ၀ပ်မှုလည်း မဟိဆိုကေတော့ ပန်ဂွင်းတိဘ၀ ဆက်လက်ရပ်တည်ဖို့ ဖြစ်နိုင်ဖို့မဟုတ်ပါ။
ကျနော်ရို့ရခိုင်သူ၊ ရခိုင်သားတိမှာလည်း ပန်ဂွင်းငှက်တိပိုင် ဆောင်း ၄လရာမဟုတ်ပဲနန့် နိနိ့စိုင်နန့်အမျှ ဘ၀ရပ်တည်ဖို့အတွက် ရုန်းကန်နိန်ကတ်ရပါရေ။ ဆိုးရွားလှရေ ခေတ်ဆိုးစနစ်ဆိုး ဆိုင်ကလုန်းမုန်တိုင်းကြီး ကျနိန်ပါရေ။ ဘေးပတ်ဝန်းကျင်မှာလည်း ကျဆုံးဖို့ ရခိုင်သူရခိုင်သားတိကို စားဖို့အတွက် လ’ဒ(လင်းဒ)တိကလည်း အဆင်သင့် စောင့်နိန်ကတ်ပါရေ။ အေဒုက္ခမုန်တိုင်းကြီးရေ ချက်ချင်းလငင်း ပျောက်ကွယ်လားဖို့ အနေအထားမှာ မဟိပါ။ ကြံ့ကြံ့ခံ ရင်ဆိုင်လားရဖို့ရာ ဟိနိန်ပါရေ။ ဇာပိုင် ရင်ဆိုင်ကတ်ပါဖို့လဲ။ ‘ရခိုင်’ဆိုရေ လူမှု အဆောက်အအုံတစ်ခု တည်တံ့ဖို့အတွက် ဇာပိုင်ဆက်လုပ်ကတ်ပါဖို့လဲ။ အပြောအလုပ်ကိုပယ်လို့ ပန်ဂွင်းငှက်တိပိုင် အလေ့ကျတာဝန်သိသိ၊ စစည်းလလုံး၊ စည်းကမ်းဟိဟိနန့် လက်တွိ အကောင်အထည်မဖော်သင့်ကတ်ပါလာ။
ရခိုင်ပန်ဂွင်း ဖြစ်ကတ်ပါစီ။
0 comments:
Post a Comment