Monday, November 14, 2011
Thursday, October 27, 2011
အချိန်မှီပါသေးတယ်
၁၉၀၆ ခုနှစ် Akyab (စစ်တွေ) District Gazetter အရ ရခိုင်ပြည်မှာ ရှိနေတဲ့ တိုင်းဦးသားနဲ့ တိုင်းဦးသားမဟုတ်တဲ့ လူဦးရေ စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
တိုင်းဦးသားလူမျိုးများ (Indigenous Races) - Arakanese (239,649), Burmese (35,751), Kamis (11,595), Mros (10,074), Chins (9,415), Daingnets (3,412), Chaungthas (247) and Thets (232)
တိုင်းဦးသားမဟုတ်သူများ (Non-Indigenous Races) - British (209), Eurasians (159), Chinese (939), Shaikhs (152,074), Saiyyads (1,254), Pathans (126), Zairbadis (108), other Muslmans (1,325), Sudras (6,016), Kayasths (2,888), Uriyas (625), Brahmans (398), Chatris (377), Dhobis (263), Waddars (233), Nats (226), Burua Maghs (165), Chetties (164), Doms (143), Malas (142), Marabans (125), Banias (114) and other Hindus Castes (2104)
ြှဗိတိသျှအစိုးရရဲ့ ဒီလောက် စုံလင်တဲ့ လူမျိုးတွေကို စုစည်းထားတဲ့ စာရင်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ သူတို့ ပြောပြောနေတဲ့ လူမျိုးအမည် ပါပါသလား။ စာဖတ်သူတို့ စဉ်စားကြပါကုန်။
ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်းသိမ်းတော့ သေတဲ့လူက သေ၊ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ပင်လယ်ကမ်းနားက ကျွန်းစုတွေနဲ့ Sunderbuns ဘက်တွေကို ထွက်ပြေးတဲ့သူက ပြေး၊ စစ်သုံ့ပန်းအဖြစ်ပါတဲ့လူက ပါနဲ့ လူဦးရေက အရမ်းနည်းပါးသွားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို စိုက်ပျိုးကုန်ထုတ်လုပ်ငန်းတွေမှာ သုံးဖို့ ခေါ်လာပါတယ်။ အဲဒီအချိန်တုန်းက ရခိုင်ပြည်မှာ ရတဲ့လုပ်ခဟာ ဘင်္ဂလားဒေသမှာ ရတဲ့ လိုခထက် အရမ်းများတယ်လို့ ကိုလိုနီအစိုးရ အရာရှိကြီး Sir Arthur Phayre က ရေးပါတယ်။ (ဒါ့အပြင် အင်္ဂလိပ်မြန်မာ စစ်ပွဲသုံးပွဲအတွက် ခေါ်လာတဲ့ ဘင်္ဂလီတွေလည်း ရှိပါသေးတယ်။) အဲဒါကြောင့်လည်း ကိုလိုနီစနစ်အောက်မှာ စစ်တွေခရိုင်ရဲ့ လူဦးရေ တိုးနှုန်းဟာ ၁၅၅ ရာခိုင်နှုန်းထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အတွင်းပိုင်းကျတဲ့ ကျောက်တော်လိုမြို့မှာတောင် နှစ်ပေါင်း ၂၀ အတွင်း လူဦးရေ ၇၇ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါတယ်။
အင်္ဂလိပ်ခေတ် ၁၈၇၂ ခုနှစ်၊ ၁၉၀၁ ခုနှစ် နဲ့ ၁၉၁၁ ခုနှစ်တို့ရဲ့ စစ်တွေခရိုင်ရှိ လူဦးရေစစ်တမ်းကို အောက်ပါအတိုင်း တွေ့ရပါတယ်။
Races - 1872 - 1901 - 1911
Hindu - 2,655 - 14,455 - 14,454
Mahomedan - 58255 - 154,887 - 178,647
Burmese - 4,632 - 35,751 - 92,185
Arakanese - 171,612 - 239,649 - 209,432
Shan - 334 - 80 - 59
Chin, Taungtha,
Khami, Daingnet - 38,577 - 35,489 - 34,020
Others - 606 - 1,355 - 1,146
Total - 276,671 - 481,666 - 529,943
အထက်ပါ လူဦးရေ စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို စာဖတ်သူတို့ တွေ့ပါသလား။ မတွေ့ပါဘူး။ မတွေ့တာက မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်တို့ အင်္ဂလိပ်မြန်မာ စစ်ပွဲသုံးပွဲအတွက် ခေါ်လာတဲ့ ဘင်္ဂလီမူဆလင်တွေရယ်၊ စိုက်ပျိုးကုန်ထုတ်လုပ်ငန်းတွေမှာ သုံးဖို့ ခေါ်လာတဲ့ မူဆလင်တွေရယ် ပေါင်းပြီးတော့ Mahomedan (မူဆလင်များ)လို့ အထက်ပါ ဇယားမှာ ဖော်ပြထားပါတယ်။ သူတို့ပြောပြောနေတဲ့ အာရပ်ကုလားတွေက ရမ်းဗြဲကျွန်းမှာ စက်လှေပျက်လို့ သောင်တင်တာကနေ ရခိုင်ပြည်မှာ နေလာကြတယ်ဆိုတဲ့ဟာက အင်္ဂလိပ်ခေတ်က တိုင်းဦးသား စာရင်းကောက်ယူတုန်းက ပျောက်နေသလို ဖြစ်မနေဘူးလား။ အင်္ဂလိပ်တွေ မျက်မှန်ထူထူ မတပ်ခဲ့လို့ မမြင်ခဲ့ကြဘူးနဲ့တူပါတယ်။ ဒါမှမဟုတ် သန်းခေါင်စာရင်းကို ညအချိန်မှာ ကောက်တော့ သူတို့ အသားမဲလို့ အင်္ဂလိပ်တွေ မတွေ့ခဲ့ကြတာလား။ ရခိုင်တွေလည်း အသားညိုကြပါတယ်။ ရခိုင်တွေ စာရင်းထဲမှာ ပါကြတာပဲ။ အာရပ်နွယ်ဖွားတွေဆိုရင် ရခိုင်တွေထက်တောင် သူတို့ အသားပိုလတ်ပြီး ပိုတောင် ပါကြရမှာပေါ့။ ဒီကောင်တွေ အီးယောင်ဝါးလုပ်နေတာ ကြာလှပြီ။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံတိုင်းပေါက်နေတာတွေ၊ လုပ်ကြံဖန်တီးဇာတ်လမ်းတွေကို သေချာ အချိန်မီ မကာကွယ်နိုင်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ရေးအတွက် အထူးစိုးရိမ်စရာပဲ ဖြစ်ပါတယ်။
ဘင်္ဂလီတွေရဲ့ နောက်ဆုံးပန်းတိုင်
အကြောင်းအရာတစ်ခု၊ Issueတစ်ခုကို သုံးသပ်တဲ့အခါမှာ ခွဲခြမ်းစိတ်ဖြာ (analytically) ကြည့်တတ်ဖို့လိုပါလိမ့်မယ်။ လူ့အခွင့်အရေးဆိုတာနဲ့ တိုင်းရင်းသား အရေးဆိုတာ မတူပါဘူး။ နိုင်ငံသားဖြစ်တာနဲ့ တိုင်းဦးသားဖြစ်တာနဲ့ မတူပါဘူး။ ခွဲခြားသိတတ်ရပါမယ်။ BBC သတင်းဌာနက Anna Jones ဆိုတဲ့အမျိုးသမီးဟာ သတင်းသမားတစ်ယောက်မှာ ရှိရမယ့် ခွဲခြမ်းစိတ်ဖြာမှုပဲ ညံ့ဖျင်းတာလား၊ အချက်အလက် စုဆောင်းဖို့ ပျင်းတာလားတော့ မသိဘူး။ မြန်မာနိုင်ငံရဲ မြေပုံကို သောက်တလွဲ ဆော်ထည့်လိုက်ပါပြီ။ ရခိုင်ပြည်နယ်ကို ဘင်္ဂလီပြည်နယ် လုပ်ချလိုက်ပါပြီ။ အဲဒီမြေပုံကို ဘယ်ကနေ ဘယ်လို ရလာလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်က ရှိမယ်ထင်ပါတယ်။ ဂျပန်က မိတ်ဆွေတစ်ယောက်က ပြောပြဖူးတယ်။ “ဟဲ့ကောင် ရခိုင်ပြည် ကုလားပြည်ဖြစ်သွားပြီတဲ့”။ ကျနော်က... ဟာ ဘာလို့ ဖြစ်ရမှာလဲပေါ့.. နောက်မှ သူက ရိုဟင်ရျာအမည်ခံ ဘင်္ဂလီစာစောင်တစ်ခုမှာ ရခိုင်ပြည်နယ်ရဲ့ နေရာမှာ သူတို့ လူမျိုးတွေနဲ့ အစားထိုးထားတာတဲ့။ ကဲ.. ကောင်းကြသေးရဲ့လား.. အရပ်ကတို့ရေ။ ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်နေတာကတော့ စိတ်ဝင်စားစရာပါ။
ကျနော်ဟာ ရခိုင်ပြည်မှာ ၁၈ နှစ် နေဖူးတယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို တခါမှ မကြားဖူးဘူး။ ပြည်ပမှာတော့ ခေတ်စားလိုက်တာ။ သူတို့ နောက်ကွယ်က လူတွေကလည်း အားကောင်းတာကိုး။ ပြီးခဲ့တဲ့ လပိုင်းလောက်ကပဲ OIC ဆိုတဲ့ Organization of Islamic Cooperation လို့ခေါ်တဲ့ နိုင်ငံတကာ အစ်စလာမ်ဘာသာဝင်များ ပူးပေါင်းမှု အဖွဲ့ကြီးနဲ့ သူတောင်းစား ဟန်ညောင်ဝေဦးဆောင်တဲ့ ဘင်္ဂလီတစ်စုတို့ သဘောတူလက်မှတ်ထိုးပွဲကြီးကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ OIC ဆိုတာ သူတို့အပြောအရ ကမ္ဘာမှာ ကုလသမဂ္ဂပြီးရင် ဒုတိယအကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းလို့ ဆိုပါတယ်။ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ မူဆလင် အဖွဲ့ကြီးပါ။ ဒီမှာ စိတ်ဝင်စားစရာက လူ့အခွင့်အရေးလို့ လက်ခမောင်းခတ်ပြီး အော်နေတဲ့ လူတွေရဲ့ နောက်ကြောင်းတွေပါ။
ပထမဆုံး OIC နဲ့ လူ့အခွင့်အရေးဆိုတာကို ကြည့်ကြရအောင်။ OIC ဟာ ကုလသမဂ္ဂ ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီး (Universal Declaration of Human Rights) ဆိုတာကို လက်မခံခဲ့ပါဘူး။ လက်မခံပဲ သူတို့ဟာသူတို့ ကိုင်ရိုအစ်စလာမ်လူ့အခွင့်အရေး ကြေညာစာတမ်း (Cairo Declaration of Human Rights in Islam) ဆိုပြီးတော့ သီးသန့်လုပ်ပါတယ်။ အဲဒါရဲ့ အပိုဒ်ကြီး ၂၄ မှာ ရေးထားတာက "All the rights and freedoms stipulated in this Declaration are subject to the Islamic Shari'ah"လို့ ဆိုထားပါတယ်။ ပြောချင်တာက ဒီကြေညာချက်မှာ ပါတဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခြင်းတို့ဟာ အစ်စလာမ် ချာရီယာ ဥပဒေရဲ့ အချိန်မရွေးဝင်ရောက် စွတ်ဖက်ခြင်းကို ခံရမယ်လို့ ဆိုလိုတာပါ။ မင်းတို့မှာ ပြောပိုင်ခွင့်ရှိတယ်၊ မတော်ရင် ငါတို့ ကြိုက်တဲ့အချိန် ကျောက်တုံးတွေ ချပြီး ဖိသတ်ချင်သတ်မယ်လို့ ဆိုလိုတာနဲ့ အတူတူပါပဲ။
နောက်တစ်ကြောင်းက "The Islamic Shari'ah is the only source of reference for the explanation or clarification of any of the articles of this Declaration"လို့ ဆိုထားပြန်ပါတယ်။ ကြေညာစာမ်းပါ အပိုဒ်တွေကို ရှင်းလင်းအဖြေရှာတဲ့အခါမှာ အစ်စလာမ် ချာရီယာ ကိုသာ ကိုးကားရမယ်လို့ ဆိုလိုတာပါ။ ကဲ...ကောင်းကြသေးရဲ့လား... ကြည့်ကြပါအုံး သူတို့ပြောတဲ့ လူ့အခွင့်အရေး... ဒါက ကျနော် လတ်တလော တွေ့တဲ့ အချက်နှစ်ချက်ပဲ ရှိသေးတယ်နော်။ သေချာရှာကြည့်ရင် အများကြီး ထပ်တွေ့အုံးမှာ။..
နောက်တစ်ယောက်က ဟန်ညောင်ဝေ...ဒီလူ့အကြောင်းကိုတော့ လူအများ သိကြပါတယ်။ အကျယ်ချဲ့ပြီးတော့ မပြောတော့ပါဘူး။ ပိုက်ဆံရမယ်ဆိုရင် သိန်းစိန် ဖိနပ်ပဲ တိုက်ရ တိုက်ရ၊ ကုလားမ အတွင်းခံပဲ လျှော်ရ လျှော်ရ လုပ်မဲ့အကောင်ပါ။ အခုလည်း ကုလားသူဌေးတွေဆီက ပိုက်ဆံရမယ့်ကိန်းမြင်တော့ လိုက်သွားပြန်တာပါ။
အဲဒီအစည်းအဝေးကနေပြီးတော့ Arakan Rohingya Union (ARU)ဆိုတဲ့ဟာကို ဖွဲ့လိုက်ပြီးတော့ အဲဒီအသစ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်က ဘဘဦးတင်ဦးကို RFAမှာ ဗမာစကား မပီကလာ ပီကလာနဲ့ စော်ကားသွားတဲ့ ဒေါက်တာ ၀ါကာ ဦးဒင် ဆိုတာပါပဲ။
အဲဒီလိုပဲ wikileak မှာ ပါတဲ့ အကြမ်းဖက်သမား Nurul Islamကိုလည်း အဲဒီ ARU ထဲမှာ တွေ့ကြရမှာပါ။ သူ့အကြောင်းကိုတောဲ့James mmt ဘာသာပြန်ထားတဲ့ facebook note (http://www.facebook.com/#!/notes/james-mmt)ထဲမှာ ဖတ်နိုင်ပါတယ်။ အင်္ဂလိပ်လို အတိအကျရေးထားတာတွေကိုလည်း ဒီလင့်မှာ (http://www.wikileaks.ch/cable/2002/10/02RANGOON1310.html#)ကြည့်နိုင်ပါတယ်။ သူဟာ အရင်က လက်နက်ကိုင်သောင်းကျန်းသူတစ်ယောက်ဖြစ်ပြီးတော့ စစ်အေးတိုက်ပွဲနောက်ပိုင်း NGOတွေ ကြီးထွားလာတဲ့နောက်ပိုင်းမှာ လူ့အခွင့်အရေးကို အရေခွံခြုံလာသူဖြစ်ပါတယ်။
အခု ARUမှာ ပါနေတဲ့ မိုဟာမက် ယူးနပ်စ် ဆိုရင် ပိုလို့တောင် အစွန်းရောက်တဲ့ ဘင်္ဂလီပါ။ အာဏာရူးသမားလည်း ဖြစ်ပါတယ်။ Rohingya Solidarity Organization ရဲ့ ဥက္ကဌ လုပ်ပြီး မြန်မာနိုင်ငံမှာ မူဆလင်ဘာသာ ပို့ပြန့်ပွားဖို့ကြိုးစားမယ်လို့ ပြောခဲ့တဲ့လူပါ။ RSO ဟာ ဘင်လာဒင် အုပ်စုနဲ့ အဆက်အသွယ်ရှိကြောင်း၊ အက်ဖဂန်နစ္စတန်မှာ စစ်သင်တန်းတွေ တက်ခဲ့ကြောင်း နိုင်ငံတကာ လေ့လာရေး ပညာရှင်တွေ ရေးထားတဲ့ မှတ်တမ်းမှတ်ရာတွေ တပုံကြီးပါ။ (နောက်တော့ ထပ် ရှယ်ပါအုံးမယ်။)
အဲဒီလိုပဲ တခြား နောက်ပေါက်လာတဲ့ မိုဟာမက် ခါလင်မ် (ခ) ကိုကိုလင်း လို အကြမ်းဖက်သမား hacker တွေလည်း ရှိပါသေးတယ်။ ၂၀၀၄၊ ၂၀၀၅ ၀န်းကျင်တုန်းက ရခိုင်အီးမေးလ်အုပ်စုတွေကို ခိုးဝင်ပြီး စော်ကားတဲ့အကောင်ပါ။ ဒီနှစ်ထဲမှာပဲ ရခိုင်လူမျိုးတွေကို ”အရမ်းမိုက်တဲ့ ခွေးတွေ”ပဲလို့ လူသိရှင်ကြား စော်ကားထားတဲ့ကောင်ပါ။ အခုဆိုရင် ARU ရဲ့အဓိက လူတစ်ယောက်ပေါ့။
ဒါဆိုရင် သူတို့ ပြောနေတဲ့ လူ့အခွင့်အရေးဆိုတာ ဘာလဲ လို့ မေးစရာတော့ ပေါ်လာပါပြီ။ သူတို့ပြောတဲ့ လူ့အခွင့်အရေးက ကုလသမဂ္ဂ ကြေညာထားတဲ့ လူ့အခွင့်အရေးလား၊ ဒါမှမဟုတ် OIC က ကြေညာထားတဲ့ လူ့အခွင့်အရေးကို သကာရည် လူးထားတဲ့ ချာရီယာ လား။ ဒီလို အစွမ်းရောက်တွေရဲ့ လက်ထဲမှာ ဒုက္ခရောက်ကြရတာက မြန်မာပြည်ထဲက ပြည်သူတွေပါ။ သူတို့ကတော့ NGO ပိုက်ဆံလေးကို မျက်မျက်လေးစားပြီး စည်းစိမ်ခံလို့ပေါ့။ သူတို့လုပ်လို့ ပြည်ထဲမှာ သတ်ကြခွပ်ကြတော့ ရခိုင်ရော၊ ဘင်္ဂလီရော နှစ်ဖက်စလုံး နှစ်နာကြရတာပါ။
သူတို့က လူ့အခွင့်အရေးတင်မက တိုင်းရင်းသား အခွင့်အရေးကိုပါ လိုချင်တာက ဘာကြောင့်လဲ။ ရှင်းရှင်းလေးပါ။ တိုင်းရင်းသား ဖြစ်ရင် ခွဲထွက်ခွင့်တောင်းလို့ရတယ်။ ဒီမိုကရေစီရလာလို့ ဒီမိုကရေစီစနစ်အောက်မှာ ပြည်သူ့သဘောထား ဆန္ဒ (Referendum)အရ ခွဲထွက်နိုင်ခွင့် ရှိသွားမှာပါ။ (ယူဂိုဆလားဗီးယားကနိန် နိုင်ငံ ၇ နိုင်ငံ ဖြစ်သွားတာကို မှတ်မိကြမှာပါ။) ဒါဟာ သူတို့ရဲ့ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်တဲ့ ultimate goal (နောက်ဆုံးပန်းတိုင်) ဖြစ်ပါတယ်။ လွတ်လပ်ရေး မရခင် ခေတ်က ရခိုင်ပြည်မြောက်ပိုင်းက ဘင်္ဂလီမူဆလင်ခေါင်းဆောင်တွေဟာ မောင်းတောမြို့နဲ့ ဘူးသီးတောင်မြို့တွေကို အိန္ဒိယက ခွဲထွက်ဖို့ စိုင်းပြင်းနေတဲ့ ပါကစ္စတန်ထဲကို ထည့်ဖို့ မူဆလင်ခေါင်းဆောင် မိုဟာမက်အလီဂျင်းနား ကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီကိစ္စကို ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်ကို အသွား ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့က ကရာချိမြို့မှာ ခဏနားတော့ မိုဟာမက်ဂျင်းနားက ဗိုလ်ချုပ်အောင်ဆန်းကို ပြောခဲ့တာပါ။ အဲဒီလိုပဲ ၁၉၇၀ ကျော်မှာ ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ်က ခွဲထွက်ဖို့ ကြိုးစားတုန်းကလည်း အဲဒီလိုပဲ ခွဲထွက်ဖို့ တောင်းခဲ့တာပါ။
ဒါဆိုရင် အတိတ်နဲ့ အနာဂတ်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် ဘင်္ဂလီပြောတဲ့ လူ့အခွင့်အရေးဆိုတာက ဘာလဲ၊ ဘာကြောင့် တိုင်းရင်းသား ဖြစ်ချင်တာလဲ ဆိုတာတွေက လယ်ပြင်မှာ ဆင်သွားတာ မပြောနဲ့ လေဆာမီးတန်းကြီး သွားသလို ထင်ရှားသွားပါပြီ။ ဒါတွေကို ဖော်ထုတ်မှု အားနည်းခဲ့ကြတယ်ဆိုတာကိုတော့ အားလုံး လက်ခံကြရမှာပါ။ ဗုဓ်ဒဘာသာဝင်တွေဖြစ်တော့လည်း စာနာသနားမှုတွေ လွန်ကဲတာတွေ၊ ခန္တိစ သည်းခံခြင်း များလွန်းတာတွေလည်း ပါမှာပါ။ အခုနောက်ပိုင်းမှာတော့ မပြောမပြီး မတီးမမြည်လို့ ဆိုရမည့် အခြေအနေတစ်ခုကိုတော့ ရောက်လာနေပါပြီ။ ဒီကြားထဲ အကျင့်ပျက် ခြစားနေတဲ့ နိုင်ငံရေးသမားတွေ၊ ခွဲခြမ်းပိုင်းခြားမှု အားနည်းတဲ့ မီဒီယာသမားတွေကြောင့် အခက်ကြုံနေကြရပါတယ်။ ဒါပေမယ့် ဒီဘင်္ဂလီတွေရဲ့ လုပ်ကြံဖန်တီးမှု ဇာတ်လမ်းတွေကို သိလာတဲ့လူတွေ အမှန်တရားဘက်က ရပ်တည်ပေးမှု လူတွေ၊ ပိုများလာတာကိုတော့ ၀မ်းသာပီတိ ဖြစ်မဆုံးပါပဲဗျာ။ ကျနော်တို့အတွက် အမှန်တရားကြီးက စောင့်နေတာပါ။
Saturday, October 22, 2011
ဗင်းနစ်၏ နီဝင်ချိန်လား...
ဗင်းနစ်မြို့ရေ ကဗာကျော်မြို့တစ်မြို့ဖြစ်ပါရေ။ ထူးခြားရေ ချောင်းတိ၊ တူးမြောင်းတိက မြို့၏ နိန်ရာ အနှံ့ကို ဖြတ်သန်းစီးဆင်းနိန်လို့ ကကောင်းလှရေ မြို့တစ်မြို့ဖြစ်ပါရေ။ ရခိုင်ပြည်ကို ရောက်ရှိလာရေ ပေါ်တူဂီ ဘုန်းကြီး ဆဘက်ချန် မန်နရစ်က မြောက်ဦးမြို့ကိုလည်း အရှေ့တိုင်း၏ ဗင်းနစ် (The Venice of the East)လို့ တင်စားဖူးခပါရေ။ ယေကေလေ့ ဗင်းနစ်နန့် မြောက်ဦးမြို့ရေ တူရေ အချက်တိ ရှိရေပိုင် မတူရေ အချက်တိလည်း ရှိပါရေ။
ဗင်းနစ်မြို့ရေ အီတလီနိုင်ငံ၏ အရှေ့မြောက်ဘက်၊ မြေထဲပင်လယ်နားမှာ တည်ရှိရေ ကျွန်းစုမြို့ ဖြစ်ပါရေ။ အိမ်နေအိမ်ခြေတိကို ရီတိနန့် ၀ိုင်းနိန်တတ်လို့ မြို့သူမြို့သားတိ၏ အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ဘုတ်တိ၊ သန်ဗန်တိ ဖြစ်ပါရေ။ ရုံးလားခြင်း၊ ကုန်တင်ကုန်ချလုပ်ခြင်း၊ အရေးပေါ်လူနာတင်ခြင်း စရေ နိတဓူဝလုပ်ငန်းတိအားလုံးနီးပါးကို လုပ်ဆောင်ဖို့ ရီလမ်းကြောင်းကို အားကိုးကတ်ရပါရေ။
ဗင်းနစ်မြို့လို့ နာမေမတင်ခင်က မြို့မှာ လူသူမနိန်ရေ ပင်လယ်ဝနားက ကျုပ်မြေ၊ နုန်းမြေတိ လူးကျံနိန်ရေ
ကျွန်းစုချေရာ ဖြစ်ပါရေ။ ပြည်မထဲကို အပြည်ပြည်က လာရောက်တိုက်ခိုက်သိမ်းပိုက်ကတ်တေခါ ယင်းကျွန်းစုချေတိကို လာပြီးကေ ခိုအောင်းနိန်ကတ်ယင်း တဖြည်းဖြည်း လူဦးရေ များလာပြီးကေ မြို့ရွာ သဏ္ဍာန်ကို ဆောင်လားခြင်းဖြစ်ပါရေ။ ယေကေလေ့ သူရို့မှာ မြို့ကြီးတစ်ခုအဖြစ် တည်ဆောက်ဖို့က စိန်ခေါ်မှု အများကြီး ရှိနိန်ခပါရေ။
ပင်လယ်ဝနားမှာ ရှိလို့ ဆငန်ရေရာ ပေါခြင်း၊ ရီချို ယှားပါးခြင်း၊ နိန်ထိုင်ဖို့ မြေထုမှာလည်း နုန်းမြေ၊ ကျုပ်မြေ ဖြစ်နိန်လို့ အဆောက်အဦး ဆောက်နိုင်လောက်အောင် အောက်ခြေခိုင်ခံမှု မရှိခြင်း၊ စိုက်ပျိုးမြေယှားပါးခြင်း စရေ စိန်ခေါ်မှု တပုံတခေါင်းကြီးကို ထိပ်တိုက်တွိကတ်ရပါရေ။ ဗင်းနစ်မှာ ယာယီနိန်ထိုင်ဖို့ရာ သင့်ပြီးကေ ရေရှည်နိန်ထိုင်ဖို့အတွက် ခက်နိန်ခပါရေ။ ရေရှည်နိန်ထိုင်နိုင်ဖို့အတွက်၊ မြို့ပြတည်ဆောက်နိုင်ဖို့အတွက် အင်ဂျီနီယာတိ၊ တတ်သိနားလည်ရေ ပုဂ္ဂိုလ်တိက ထိုပိုင်စမ်းသပ် အေပိုင်စမ်းသပ်နန့် နောက်ပိုင်းခါ အဖြေတိထွက်လာကတ်ပါရေ။
ပထမဆုံးအနေနန့် သစ်လုံးတိကို စိုက်ပါရေ။ ယင်းသစ်လုံးတိကို နုန်းမြေတိထဲကို ထိုးစိုက်ပါရေ။ နုန်းမြေ၊ ပျော့ရဲရေ သဲမြေတိကို ဖောက်လို့ အောက်ခံခိုင်ရေ သဲမြေကို ရောက်ရေအထိ စိုက်ကတ်ပါရေ။ တချို့နေရာမှာ သဲမြေကို ရောက်ဖို့ ဥပမာ- ၇ ပေ လိုရေပိုင် တချို့နေရာကျကေ ၇ ပေခွဲလောက် စိုက်ကတ်ရပါရေ။ (ဆောက်ဖို့ အဆောက်အဦးပေါ်မူတည်လို့ သစ်လုံးအရှည်အတို ကွာပါဖို့။) အေနေရာမှာ သံလုံးတိကို မသုံးပဲ သစ်သားလုံးကို သုံးရစွာ အကြောင်းကလည်း ရှိပါရေ။ သံလုံးတိရေ ပင်လယ်ဆငန်ရေနန့် ထိတွိပြီးကေ သံချီးလိုက်တိုက်စားလားနိုင်လို့ ရာသက်ပန်ခံနိုင်အောင် သစ်မာလုံးတိကို သုံးလားခြင်း ဖြစ်ပါရေ။ Alderလို့ခေါ်ရေ ဆောင်းရွက်ကြွီပင်တစ်မျိုး(ကချင်အခေါ် မိုင်ဗော်၊ နင်ဗော်၊ ယန်ဗော်)၏ ပင်စည်လုံးတိကို သုံးလားပါရေ။ ယင်းအထက်ကမှ beam အလွှာတစ်ထပ် တင်ပါရေ။ ပြီးကေ ရီတိုက်စားဒဏ်ကို ကောင်းကောင်းခံနိုင်ရေ စကျင်ကျောက်အလွှာကို တင်ပါရေ။ ယင်းအထက်ကမှ ကိုယ်ရို့ဆောက်ချင်စွာကို အုတ်တိနန့် ဆောက်လားပါရေ။
တတ်သိနားလည်ရေ ပညာသျှင်တိ၏ အမျိုးမျိုးစမ်းသပ်မှုတိကနိန် အဖြေရလားခြင်း ဖြစ်ပါရေ။ နောက်ပိုင်းမှာ ဗင်းနစ်ရေ မြို့ကြီးအဖြစ်ကို ချက်ချင်းပြောင်းလဲလားပါရေ။ ဒေသခံတိကလည်း ရီမှာ ကျွမ်းကျင်ကတ်လို့ ပြည်ပရန်တိကို ကာကွယ်နိုင်ပျာယ် တိုးတက်ထွန်းကား ခပါရေ။ နိန်ရာက အကျွန်ရို့ ပေါက်တောမြို့နယ်ထဲက တချို့နိန်ရာတိပိုင် ပင်လယ်ဝနားမှာ ဆားပြင်တိနန့်ဖြစ်လို့ ဆားအများကြီးထွက်ခပါရေ။ ယင်းဆားတိကို ယင်းသူရို့၏ ရီကြောင်းကျွမ်းကျင်မှုနန့် ပေါင်းစပ်ပနာ တခြားမြို့ရွာတိကို ကူးသန်းရောင်းဝယ်ယင်း စီးပွားရေးကုန်စည်စီးဆင်းရာ မြို့ကြီးဖြစ်လာပါရေ။ အရိဘက်က ပိုးထည်တိ၊ ဟင်းခတ်အမွှီးအကြိုင်တိ၊ ပုလဲတိ စရေ ကုန်ပစ္စည်းတိကို အနောက်ဘက်ကို တင်ပို့ယင်း ဗင်းနစ်မြို့ရေ ချမ်းသာတိုးတက်တေ မြို့ကြီး ဖြစ်လာပါရေ။ တရုတ်ပြည်ကို ရောက်လားရေ မာကိုပိုလိုရေ ဗင်းနစ်မြို့ခံ ကုန်သည်တစ်ဦး ဖြစ်ပါရေ။
ရီလမ်းကြောင်းတိက ဗင်းနစ်မြို့ခံတိကို အကျိုးပြုလို့ နှစ်စဉ်နှစ်တိုင်း ဗင်းနစ်မြို့၏ အုပ်ချုပ်သူရေ “အသင်ပင်လယ်၊ ငါရို့လက်ထပ်ပျာယ်။ ငါရို့၏ စိုးမိုးမှု အထိမ်းအမှတ်အဖြစ် အေလက်စွပ်ကို ပီးအပ်ပါ၏။” လို့ ဆိုပျာယ် ရွှေလက်စွပ်တစ်ကွင်းကို ရီထဲကို ၀ဲချတတ်ပါရေ။ အေဂုကတော့ ဗင်းနစ်မြို့ကို အကျိုးပြုရေ ရီပင်လယ်ကပဲ ဗင်းနစ်မြို့၏ ဆက်လက်တည်တံ့နိုင်ဖို့အရေးကို ခြိမ်းခြောက်စိန်ခေါ်နိန်ပျာယ် ဖြစ်ပါရေ။
ယင်းအထဲက အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုကတော့ မြေမျက်နှာ နိမ့်ကျခြင်း ဖြစ်ပါရေ။ တည်ကတည်းက အောက်ခံမြေမှာ သဲကျောက်၊ သက်ရင့်ကျောက်တိခံထားရေ မြေမဟုတ်ပဲ ပင်လယ်ဝနားက နုန်းမြေ၊ သဲမြေဆိုခါ အထက်က အဆောက်အဦးအလီးချိန်တိက အောက်ကို ဖိယင်း ဖိယင်းနန့် ရီထဲကို နိမ့်ကျဝင်လာနိန်ပါရေ။ တချို့အဆောက်အဦးတိ၊ တာဝါတိဆိုကေ စောင်းကျလာနိန်ပါရေ။ အခြားတဘက်မှာလည်း ကဗာကြီးပူနွီးလာမှုကြောင့် ပင်လယ်ရီမျက်နှာပြင်က တဖြည်းဖြည်း တက်လာနိန်ပါရေ။ တချို့ပညာသျှင်တိက ပင်လယ်ရီမျက်နှာပြင် မြှင့်တက်မှုရေ လာဖို့ ဆယ်စုနှစ်တိမှာ ပိုမြန်လာနိုင်ရေလို့လည်း ခန့်မှန်း ပြောဆိုနိန်ကတ်ပါရေ။
ပင်လယ်ဆငန်ရေတိကရာ ဗင်းနစ်မြို့၏ အထက်ပိုင်း အုတ်ထည်တိကို ထိကေ ဆားဓတ်ကြောင့် အုတ်တိ ကြွီမွပျက်စီးလားပါဖို့။ အမြင်သာယာမှုတိအတွက်ရာမက အဆောက်အဦးတိ၏ ဘောင်ထည်ခိုင်ခံမှုတိ (structural integrity)အတွက်ပါ အများကြီး စိုးရိမ်ရပါရေ။ ပြည်သူတိ၏ အသက်အိုးအိမ်စည်းစိမ်တိအတွက် စိုးရိမ်ရပါရေ။ တဖက်မှာ- အမြဲတမ်း ပြန်လည် ပြုပြင်ဖို့စရိတ်တိက တခြား အီတလီပြည်မမှာ နိန်ထိုင်စရိတ်တိထက် အဆမတန် ကြီထွားလာကေ သာမန်ပြည်သူတိ အနိန်နန့် ဆက်နိန်နိုင်ကတ်ဖို့မဟုတ်ပါပျာယ်။ အေပိုင် စိန်ခေါ်မှုတိကို လက်ရှိ အီတလီနန့် ကဗာ့ပညာသျှင်တိက ရေရှည်ကျကျ ဇာပိုင်လုပ်ကတ်ဖို့လဲ၊ ကုန်ကျစရိတ် သက်သက်သာသာနန့် ဇာပိုင်ကိုင်တွယ်ဖြေယှင်းကတ်ဖို့လဲ ဆိုစွာကတော့ စိတ်ဝင်စားစရာပါ။ လောလောဆယ်တော့ ဗင်းနစ်မြို့၏ အနာဂတ်ကတော့ မသဲမကွဲ မရေမရာ ရှိနိန်ပါကြောင်း.....
A&E TV Channel၏ Ancient Mysteries: The Miraculous Canals of Venice မှတ်တမ်းဗီဒီယိုကို မှီငြမ်းသည်။
Friday, September 9, 2011
Tuesday, June 14, 2011
Monday, June 13, 2011
Thursday, June 9, 2011
Sunday, June 5, 2011
Burma's Western Border as Reported by the Diplomatic Correspondence by Dr. Aye Chan
Sunday, May 29, 2011
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံရေးနန့် ဥပဒေ
ကမ္ဘာကျော် ယေးလ် တက္ကသိုလ်ကြီးမှ ပို့ချသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံရေးနန့် ဥပဒေ အတန်းကို အင်တာနတ်ထက်မှာ အလကား တင်ပီးထားစွာဖြစ်ပါရေ။ အင်္ဂလိပ်စာ အောက်ခံစာတန်းထိုးထားပီးရေ အတွက်ကြောင့်လည်း ကြည့်ရှုနားထောင်သူကို ပိုပြီးကေ နားလည်လွယ်စီဖို့ဖြစ်ပါရေ။ ယင်းပိုင်ပျာယ် တခြား စိတ်ဝင်စားဖွယ် အတန်းတိကိုလည်း လေ့လာသင်ယူနိုင်ပါရေ။ တစ်ယောက်စီအရည်အချင်းမြှင့်မှ လူမျိုးမြှင့်နိုင်ဖို့ ဖြစ်တေအတွက်ကြောင့် ရခိုင်အမျိုးသားအမျိုးသမီးများ လေ့လာနိုင်ဖို့ မျှဝီလိုက်ရပါရေ။ ပို့ချမှုတိကို ကြည့်ရှုဖို့ အေနိန်ရာကိုနှိပ်ပါ။
Read more...
Wednesday, May 25, 2011
Monday, May 23, 2011
ရခိုင့်သဘာဝပတ်ဝန်းကျင်ကို သဂြိုလ်ခြင်း
အကျွန်ရို့၏ ရက္ခပူရတိုင်းဌာနီကို သမုတ်ထားရေ နာမေတိထဲမှာ သန္တာမြီဆိုစွာလည်း တစ်ခုအပါအ၀င် ဖြစ်တေ။ အကြောင်းမှာ ကီလိုမီတာ ၇၄၀ ရှည်လျားရေ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ သန္တာကျောက်တန်း ကျောက်ပန်းခက်ကြီးတိ တည်ဟိနိန်လို့ပဲဖြစ်ပါရေ။ သင့်တော်ရေ ရာသီဥတု၊ သင့်တော်ရေ ရီအပူချိန်စရေ အရင်းခံသဘာဝတရားတိ ကောင်းမွန်မှုကြောင့် သန္တာကျောက်တန်းတိရေ နှစ်ပေါင်း သန်းနန့်ချီအောင် ကြာညောင်းတည်တံလျှက်ဟိနိန်ခကတ်တေ။ ရခိုင်ပြည်၏ ခေတ်အဆက်ဆက်က မှီခိုအားထားလာကတ်ရရေ ရီထွက်ကုန်လုပ်ငန်းကိုလည်း အကျိုးပြုလာခပါရေ။ ငါး၊ပုစွန်လုပ်ငန်းရေ ဂနိန့်ရခိုင်ပြည်၏ နိုင်ငံခြားဝင်ငွေ ယှာအပီးဆုံး စီးပွားရေးတစ်ခု ဖြစ်တေ။ (ပုစွန်ကန်ဧကဆိုကေ ၉၇-၉၈ ခုနှစ်လောက်က ၅သောင်းကျော်ရာ ဟိခစွာကနိန် ၀၅-၀၆လောက်မှာ ၂ သိန်း ၂ သောင်း ၀န်းကျင်ထိ ဟိလာသည်။) နောင်အနာဂတ်အတွက်လည်း အရေးကြီးရေ စီးပွားရေးအဆောက်အအုံကြီးတစ်ခုလည်း ဖြစ်တေ။ ယင်းအတွက်ကြောင့် ရက္ခသန္တာမြီ၏ သန္တာကျောက်တန်းတိရေ ရခိုင်ပြည်၏ အမြုတေ ရတနာတစ်ခုဖြစ်တေ။
မြောက်ဦးက ဘိုးစိုင်ဘောင်ဆက် ကိုးကွယ်နိန်ရေ ဘုရားကို ဆီးမီးပန်း ကပ်ဖို့ လားခါမှ ရထားလမ်းစီမံကိန်းကြောင့် ဘုရားတစ်ခြမ်းပါလခပျာယ်မှန်း သိခကတ်ရရေပိုင် အဂုတစ်ဖန်လည်း ရခိုင်ပြည်၏ အမြုတေ ရတနာကို ဒိုင်းနမိုက်ခွဲပနာ ဖျက်ဆီးပလိုက်ပျာယ်လတ်။ ငါးတိလည်း အများအပြား သီကတ်ပါရေလတ်။ သန္တာကောင်ချေတိ၏ လုံ့လနန့် နှစ်ပေါင်းများစွာ တည်ဆောက်ထားရေ သန္တာကျောက်စိုင်တိကို ယင်းသူရို့က စက္ကန့်ပိုင်းအတွင်းမှာ ဖျက်ဆီးပလိုက်ကတ်ပါပျာ။ "ဖြစ်ပျက် ဖြစ်ပျက်"လို့ အနိစ္စတရားကို ရှုရဖို့အစား "ဖြစ်လခယာ ပါလခယာ"လို့ရာ ရှုမှတ်ကတ်ရဖို့ပျာယ်လာ။ မဖြစ်ခင် မသိရရေ ဘ၀၊ မပြောချင် ဂျောင်ထိုးခံထားရရေ ဘ၀၊ မဖြစ်ခင် တားပိုင်ခွင့်မဟိရေ ဘ၀၊ ဖြစ်ပျက်ပြီးကေလေ့ ဇာလောက် ဖြစ်ပျက်လားခလဲ မသိရရေ ဘ၀။
နိုင်ငံခြားကော်ပိုရေးရှင်းတိ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတိရေ မြှုပ်နှံခြင်းခံရရေ ဒေသအတွက် စီးပွားရေးဆိုင်ရာ အကျိုးရလဒ်တိကို ပေါ်ထွန်းစီနိုင်ရေ အတွက်ကြောင့် ယေဘုယျအားဖြင့်ဆိုကေ ကြိုဆိုသင့်စွာတော့ အမှန်ပါရာ။ ယေကေလေ့ အဂုပိုင် စနစ်ဆိုး စနစ်ပျက်ကြောင့် ကိုယ့်ပြည်အတွက် အကျိုးမဟိရေအပြင် စီးပွားရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှုတိကိုရာ ရခိုင်သားတိမှာ လက်ဝယ်ပိုက်ကတ်ရပါရေ။ ကိုယ့်ပြည်က သဘာဝဓာတ်ငွေ့ထွက်ယင့်သားနန့် ဖွဲခွံလောင်စာနန့် မီးထွန်းကတ်ရဖို့အနေအထားကို ရောက်နိန်ကတ်ပါပျာယ်။ (ယင်းချင့်တောင် ရက်တိုင်း၊ နေရာတိုင်း ရကတ်ဖို့မဟုတ်ပဲနန့် ကျေးဇူးကြီးလှပါပေတယ် သမ္မတကြီးရေ ဆိုပြီးကေ ထိုင်ရှိခိုးခိုင်းဖို့သိယေ။)
တရုတ်တိ တည်ဆောက်နိန်ရေ စီမံကိန်းတိမှာ ရီနံသန့်စင်ရေးစက်ရုံ၊ ဓာတုဗေဒစက်ရုံတိကလည်း ပါနိန်ရေ။ ယင်းချင့်တိက ရခိုင့်သဘာဝပတ်ဝန်းကျင်အတွက် အထူးစိုရိမ်စရာပါ။ နဂိုကတည်းက စီးပွားရေးနန့် ပတ်သက်လာကေ ဇာတစ်ခုကိုလေ့ ဂရုမစိုက်ဆိုပြီးကေ နာမေကြီးရေ တရုတ်ကုမ်ပဏီတိနန့် မိမိအာဏာမြဲရေးနန့် ပတ်သက်လာကေ ဇာတစ်ခုကိုလေ့ ဂရုမစိုက်တေ နအဖရို့၏ အကြင်လင်မယားဇာတ်ကြောင့် ရခိုင့်သဘာဝပတ်ဝန်းကျင်ရေ ငါးပါးမကလို့ အပါးငါးရာတောင် မှောက်လားနိုင်ရေ။
အရှေ့အလယ်ပိုင်းက လာလတ်တေ ရီနံတင် သင်္ဘောတိ ရခိုင်ပြည်ကမ်းရိုးတန်းနားမှာ ယိုကျလားရေ မှောက်လားရေ ဆိုဂေ ဇာဖြစ်လားဖို့လဲ။ ရီနံတင်သင်္ဘောကနိန် ပိုက်လိုင်းကို အပြောင်းမှာ ယိုကျလားကေ ဇာပိုင်လုပ်ဖို့လဲ။ အနောက်တောင်မုတ်သန်လီ ဆိုင်ကလုန်းဝင်ရောက်မှုကြောင့် ရီနံနန့် တခြား ဓာတ်တုပစ္စည်းတင် သင်္ဘောတိ မှောက်လားကေ သူရို့ ဇာလုပ်ကတ်ဖို့လဲ။ ရီနံသန့်စင် စက်ရုံက ထွက်ဟိလာဖို့ အညစ်အကြေးတိကို ဇာကို သွန်ချကတ်ဖို့လဲ။ ဓာတုအညစ်ကြေးတိကိုဝါ ဇာပိုင်ကိုင်တွယ်ကတ်ဖို့လဲ။ အေလောက် ဥပဒေတင်းကြပ်တေ အမေရိကမှာတောင် ပြီးခရေ နှစ်ထဲက မက္ကဆီကို ပင်လယ်ကွေ့မှာ ရီနံတူးစင်ပေါက်ကွဲမှုကြောင့် ရီနံယိုဖိတ်လို့ ဘီလီလျံပေါင်းများစွာ ဆုံးရှုံးကတ်ရပါရေ။ သားငါးတိရိစ္ဆာန်ပေါင်းများစွာ သီဆုံးကတ်ရပါရေ။ ပုစွန်လုပ်ငန်း၊ ငါးလုပ်ငန်းတိကို အကြီးအကျယ် ဂယက်ရိုက်ခတ်လားရေ။ ယင်း၏အကျိုးယုတ်တိကို နောက်နှစ်ပေါင်းများစွာ ခံကတ်ရဖို့သိဖြစ်တေ။
တရုတ်နိုင်ငံမှာဆိုကေ ပိုတောင် ဆိုးသိရေ။ နှစ်တိုင်း ရီနံယိုဖိတ်မှုတိ တပုံတခေါင်းကြီး။ ပြီးခရေ နှစ် (၂၀၁၀) ဇွန်လက တရုတ်ပြည်၏ အရှေ့မြောက်ဘက်မှာ ဟိရေ ဒဲလ်လီယံလို့ခေါ်ရေ ပင်လယ်ဆိပ်ကမ်းမှာ ရီနံယိုဖိတ်ခရေ။ ရီနံတင်သင်္ဘောကနိန် ပိုက်လိုင်းကို အပြောင်းမှာ ပိုက်လိုင်းနှစ်လိုင်း ပေါက်ကွဲလို့ ရီနံဆီ စည်ပေါင်း ၄သိန်းကျော် ယိုကျလားရေ။ စတုရန်းကီလိုမီတာ ၄၃၀ ကျော်ရေ ပင်လယ်ရီမျက်နှာပြင်ရေ ရီနံဆီတိနန့် ပြန့်ကြဲ ညစ်ပတ်လားရေ။ ယင်းပိုင်ရခိုင်ပြည်မှာလည်း ဖြစ်ဖို့လို့ ပြောလို့ရရေ။ ဇာခါဖြစ်ဖို့လဲရာ စောင့်ကြည့်ရဖို့။ ယင်းပိုင်ဖြစ်ကေ၀ါ။ ခံရဖို့စွာက ရခိုင်သားတိ။ ခံရဖို့စွာက ရခိုင်ပြည်၏ သန္တာကောင်တိ၊ သားငါးပုစွန်တိ၊ လမုတောတိ၊ အကျိုးမြီတိ (wetlands)စရေ သဘာဝပတ်ဝန်းကျင်တိ။ ယင်းနစ်နာမှုတိ၊ နှစ်ပေါင်းတာရှည်နိုင်ရေ ဆုံးရှုံးမှုအတွက်ကလေ့ နစ်နစ်ကြေးရဖို့လမ်းကလည်း မမြင်။ ကျောက်ဖြူက တရုတ်လုပ်ငန်းခွင်တစ်ခုမှာ ကားတိုက်ခံရလို့ ဆေးရုံတင်ရရေ မိန်းမတစ်ယောက်ကို မသဒ္ဒါရီစာ ကျပ် ၂၀၀၀ ရာ နစ်နာကြေးပီးရေလတ်။
မှီငြမ်း
1. National Oceanic and Atmospheric Administration, Coral 101, http://coralreef.noaa.gov/aboutcorals/coral101/, accessed on May 22, 2011.
2. Food and Agriculture Organization of the United Nations, Myanmar - Mission Report on Coastal Aquaculture, http://www.fao.org/docrep/004/ad497e/ad497e05.htm, accessed on May 22, 2011.
3. The Boston Globe, Oil Spill in Dalian, China, http://www.boston.com/bigpicture/2010/07/oil_spill_in_dalian_china.html, accessed on May 22, 2011.
4. Mya Than Tun, Dr. Yin Yin Moe, Soe Hla, Update Fisheries Information, Environment and Overview, http://iwlearn.net/iw-projects/Fsp_112799469247/reports/IWS-14%20Country%20Report%20-%20Myanmar.pdf, accessed on May 23, 2011.
5. Narinjara, ဂတ်စ်ပိုက်လိုင်းတည်ဆောက်ရာတွင် ဒိုင်းနမိုက်ဖြင့် ကျောက်ဆောင်များကို ဖြိုချနေသဖြင့် ရေနေသတ္တ၀ါများ သေဆုံးနေ, http://www.narinjara.com/detailsbur.asp?id=3180, accessed on May 22, 2011.
6. Narinjara, ကားတိုက်ခံရ၍ ဆေးရုံတင်ရသူ အမျိုးသမီးကို တရုတ်ကုမ်ပဏီက ငွေ ၂၀၀၀ သာ လျော်ကြေးပေး, http://www.narinjara.com/detailsbur.asp?id=3171, accessed on May 22, 2011.
Saturday, April 30, 2011
တလွဲရာ
တပတ်လုံးလုံး ယင်းသူရို့ကြောင့် မှောင်မှိုင်းပြီးကေ နိန်လို့မကောင်း။
အေနိန့်တော့ ပေါ်မလာ။
ကောင်းကင်တစ်ခုလုံး ပြာပြာလင်းလင်း။
ပတ်ဝန်းကျင်ကလည်း နီရောင်ခြည်တိနန့် စိုစွတ်လို့။
အစိမ်းရောင်တိကလည်း အားလုံးကို နီရာယူလို့။
သငယ်ချင်းတစ်ယောက်က ဖုန်းဆက်တေ။
"ဝေး.. အေနိန့်လာဖို့မနား"
အကျွန်'မိန့်' လားရေ။
သူပြောမှ အတွက်ပေါ်လာရေ။
ခပ်တည်တည်နန့်
"မလာပဲ ဟိဖို့လားယေ"
မိုးရွာထားလို့ ဖြစ်နိန်ရေ အိမ်ရိက ပန်းမွေ့ယာကို နင်းလျှောက်လာယင်းနန့်...
"အဝေး.. တစိက မမှန်"
"အားလုံးက တလွဲရာ"
အကျွန်အော်လိုက်မိရေ။
တော်သိရေ။ အနားမှာ လူမဟိလို့။
အမှန်တကယ်ဖြစ်သင့်စွာက အိမ်ရိက လမ်းက ငါအိပ်တေ ကြမ်းခင်းပိုင် မာတောင့်နိန်ရဖို့စွာ။
အပင်စိမ်းတိကိုလည်း အကျွန် မကျေနပ်။
နီရောင်ခြည်ကိုလည်း အကျွန် မကျေနပ်။
ဇာဖြစ်လို့ ပိုတိုဆင်းသစ်ဆစ် လုပ်ပီးနိန်ရလေ။
အစိမ်းရောင်တိက အားလုံးကို နိန်ရာယူလို့။
ဇာဖြစ်လို့ အစိမ်းရောင်တိကိုပဲ ဖန်တီးပီးနိန်ရလေ။
တခြားအရောင်ချေတိကိုလည်း ဖန်တီးအုံးသိပလင်။
အကျွန် သတိရလို့နာရီကြည့်လိုက်မိရေ။
အကျွန်နောက်ကျနိန်ပျာယ်။
ခြီလှမ်းတိကို ကကျယ်လှမ်းယင်းနန့် ကမူးကရူး လားနိန်မိရေ။
နောက်ကျလို့မဖြစ်။
အေနိန့် ဗိုလ်လောင်းသင်တန်းကျောင်း ဖောင်ပိတ်ဖို့။ ။
--------------------------------------------------------------------
အကို့စာတိက နည်းနည်း လလီးချေ ခံပါရေ ဆိုရေ ဘော်ဒါတိအတွက် အသစ်ချေတစ်ပုဒ်ကို စမ်းကြည့်လိုက်ပါယင့်။ Feedback ပီးရေအတွက် ကျေးဇူးတင်ပါရေ။
Thursday, April 21, 2011
အမှိုက်ကို ဂတ်စ်အဖြစ်သို့ ပြောင်းလဲခြင်း
မြီမြှုပ်ပစ်လိုက်ခြင်းရေ ခေတ်အောက်နိန်ပျာယ်ဖြစ်ပြီးကေ သဘာဝကို အများကြီး ညစ်ညမ်းစီရေလို့ ဆိုပါရေ။ ဂျက်ကဘီ ဂရုပ် (Jacoby Group)ကုမ်ပဏီကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်တေ ဂျီအိုပလာစမာက ယင်းအမှိုက်တိ၏ အက်တမ်ချေတိကို လျှပ်စစ်သုံးပြီးကေ ဖျက်ဆီးပစ်နိုင်ရေလို့ အဆိုပြုပါရေ။ ယင်းနည်းလမ်းက သန့်လည်းသန့်ရေ၊ ခေတ်လည်းမှီရေ၊ ပြီးကေ အမြတ်အစွန်းတောင် ရနိုင်ရေလို့ ဆိုပါရေ။
ရေနံဆီသန့်စင်ရုံတိက ထွက်လာရေ အရည်ပျစ်တိပိုင် အဆိပ်တောက်အညစ်အကြေးတိကို အပြင်းစားပလာစမာမီးတုတ်က ထွက်လာရေ လျှပ်စီးသုံးပြီးကေ နှစ်ပေါင်းများစွာကြာအောင် ဖျက်ဆီးလာကတ်ပျာယ်ဖြစ်တေ။ (ယင်းမီးတုတ်သည် အရာဝတ္ထုကို နီမျက်နှာပြင်အပူချိန်ထက် ပူသည်အထိ အပူပီးနိုင်သည်။) မကြာခင်နှစ်တိအထိ ယင်းလုပ်နည်းရေ အကုန်အကျကြီးရေ လုပ်စိုင်တစ်ခုဖြစ်တေလို့ သြစတြေးလျကုမ်ပဏီတစ်ခုဖြစ်တေ အက်စ်အာရ်အလ် ပလာစမာ(SRL Plasma)က ဆိုပါရေ။ အညစ်အကြေးတစ်တန်ကို ဖျက်ဆီးဖို့ ဒေါ်လာ ၂၀၀၀ နီးပါးလောက်ထိ ကုန်ကျတတ်တေလို့ ဆိုပါရေ။ ယင်းကုမ်ပဏီရေ ကဗာမှာ ဟိရေ ယင်းပိုင်လုပ်စိုင်သုံးမီးတုတ်စက်ရုံကြီး ၂၄ ရုံလောက်ထဲက ၁၃ ရုံကို ပိုင်ဆိုင်ရေ ကုမ်ပဏီလည်း ဖြစ်ပါရေ။
အဂုအခါမှာ ယင်းလုပ်စိုင်၏အကုန်အကျစရိတ်က ထိုးကျလားပျာယ်။ ယင်းအပြင် ဒေါက်တာ ဟလ်စ်တပ်ပိုင်လူတိကလည်း ယင်းလုပ်စိုင်ကို အသုံးချပြီးကေ စွမ်းအင်တိထုတ်လို့ရပါရေ၊ ယင်းစွမ်းအင်တိကို ပြန်သုံးလို့ရရေ ဆိုစွာတိကို သိဟိလာကတ်ပါပျာယ်။ ပလာစမာမီးတုတ်နန့် စာရွက်၊ ပလက်စတိတ်စရေ အော်ဂန်းနိတ် အရာဝတ္ထတိကို ဖျက်ဆီးရေအခါမှာ လိုအပ်ရေပိုင် ယင်းမီးကို ညှိပီးကေ ဆင်းဂတ်စ်(syngas)လို့ခေါ်ရေ ကာဗွန်မိုနော့ဆိုက်နန့်ဟိုက်ဒရိုဂျင်ပါရေ အရောအနှောကို ရဟိပါရေ။ ယင်းချင့်ကို လောင်ကျွမ်းစီကေ လျှပ်စစ်မီးကို ထုတ်လုပ်ပီးပါရေ။ အမှိုက်ပစ်ခပီးစရာမလိုပဲ အမှိုက်ကို တခါတည်း အငွေ့ပျံစီရေ သန့်စင်သော လုပ်စိုင်ဖြစ်ပါရေ။ စွမ်းအင်စရိတ်တိ တက်တက်နိန်ရေ အဂုခေတ်မှာ အသုံးဝင်ရေ နည်းပိန်ညာတစ်ခုဖြစ်လာနိုင်ပါရေ။
ပထမဆုံးသော အမှိုက်ကနိန် ဆင်းဂတ်စ်ကို ပြောင်းရေ စက်ရုံကို လွန်ခရေ ၁၀နှစ်လောက်က မြီယှား၊ အမှိုက်စရိတ်ကြီးရေ ဂျပန်နိုင်ငံမှာ ဆောက်လုပ်ခပါရေ။ အေနှစ်ထဲမှာ သန်း၁၂၀ ကျော်ကုန်ကျဖို့ဖြစ်တေ စက်ရုံသစ်ကို ဖလော်ရီဒါပြည်နယ်က စိန့်လူဆီးခရိုင်မှာ တည်ဆောက်လားဖို့ဖြစ်ပါရေ။ အိမ်တိကထွက်လာရေ အမှိုက်တိနန့် အိမ်ပေါင်း ၂ သောင်းကျော်ကို လျှပ်စစ်မီးပီးနိုင်အောင် စီမံလားဖို့ဖြစ်ပါရေ။ တဖြည်းဖြည်းနန့် ထွက်လာရေ လျှပ်စစ်မီးကို ရောင်းလို့ရလာစွာ ဖဲ့ချာရေ ကုန်ကျစရိတ်ကို ကျီလားနိုင်ရေအပြင် အမြတ်အစွန်းလည်း ထွက်လာဖို့လို့ ဆိုပါရေ။
အေပိုင်လုပ်ငန်းတိကို လုပ်နိန်စွာရေ ဂျီအိုပလာစမာ ကုမ်ပဏီတစ်ခုတည်း မဟုတ်ပါ။ ယင်အပြင်တခြား အမေရိကန် ကုမ်ပဏီ ၄၀ လောက်ကလည်း ဆင်းဂတ်စ်ထုတ်တေ စက်ရုံတိကို တည်ဆောက်ဖို့ လှုံဆော်နိန်ကတ်တေလို့ ဗာဂျီးနီးယားပြည်နယ် ဖေးယားဖက်စ်အခြေစိုက် အတိုင်ပင်ခံ ကုမ်ပဏီတစ်ခုက ဆိုပါရေ။
အီလီနှိုင်းပြည်နယ် ၀ါရန်ဗေးလ်မြို့က ကော့စ်ကာတာ(Coskata)ကုမ်ပဏီကလည်း ဆင်းဂတ်စ်ကို အချိုင်ဖောက်ပြီးကေ ကားဆီအဖြစ်သုံးနိုင်ရေ အက်သနောထုတ်လုပ်ဖို့အတွက် ကြိုးစားနိန်ပါရေ။
အဂုပိုင်အမှိုက်တိကနိန် ဆင်းဂတ်စ်ထုတ်လုပ်စွာတိ ဇာလောက်တိအသုံးတည့်လာဖို့လဲ၊ တွင်ကျယ်အောင်မြင်လာဖို့လဲ ဆိုစွာကတော့ စောင့်ကြည့်ကတ်ရဖို့ဖြစ်ပါရေ။
Source:http://www.economist.com/node/18061104
Saturday, April 16, 2011
ငါရို့လက်ထဲက ရီစီးကြောင်း
ယေကေလေ့ အဂုတလောမှာ အမေရိကဟိ အချေသငယ်တိ၏ သင်္ချာနန့် သိပ္ပံအရည်အသွေးရေ ကဗာ့ထိပ်မှာ မဟိပျာယ်ဖြစ်ကြောင်း၊ အမေရိက၏ အနာဂတ်အတွက် စိုးရိမ်ရကြောင်းဆိုပြီးကေ ဖွင့်ဆိုချက်တိကို ကြားနိန်ရပါရေ။ ကဗာ့ထိပ်သီးနိုင်ငံ ၃၄ နိုင်ငံပါဝင်ရေ ပဲရစ်အခြေစိုက် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနန့် ဖွံ့ဖြိုးရေးအဖွဲ့ (Organization for Economic Cooperation & Development, OECD)
က ကျောင်းသား၊ကျောင်းသူတိ၏ အရည်အသွေးကို လေ့လာထားရေ အစီရင်ခံစာတစ်စောင်ကို ထုတ်ဝီခပါရေ။
ယင်းအစီရင်ခံစာအရ OECDရေ နိုင်ငံပေါင်း ၆၅နိုင်ငံက ကျောင်းသား/သူပေါင်း ၄သိန်း၇သောင်းကို စာမေးပွဲဖြေစီခပါရေ။ ၁၅နှစ်သား အမေရိကန် ကျောင်းသား/သူချေတိ၏ အမှတ်စာရင်းကို OECDအဖွဲ့ဝင် ၃၄ နိုင်ငံတိ၏ အမှတ်နန့်ယှဉ်ကြည့်လိုက်တေခါ သင်္ချာဘာသာရပ်မှာ အဆင့် ၂၅၊ သိပံ္ပ နန့်စာဖတ်စွမ်းရည်မှာ အလယ်အလတ်အဆင့်ရာ ကျရေလို့ ဆိုထားပါရေ။
တရုတ်နိုင်ငံ ရှန်ဟိုင်းဒေသက အချေတိကတော့ ဘာသာတိုင်းမှာ ထိပ်ဆုံးက ဗိုလ်ဆွဲလားခပါရေ။ ယင်းပိုင်ပျာယ် တခြား ဖင်လန်၊ တောင်ကိုးရီးယား၊ စင်ကာပူ၊ ဟောင်ကောင်ရို့ကလည်း အမေရိကန်ကျောင်းသားတိထက် ကောင်းရေ အမှတ်တိကို ရလားစွာကို တွိရပါရေ။
သင်္ချာဘာသာအတွက် အမှတ် ၁၀၀၀ ပီးစွာမှာ အမေရိကန်ကျောင်းသား/သူတိက ၄၈၇မှတ်၊ ရှန်ဟိုင်းကျောင်းသား/သူတိက ၆၀၀၊ စင်ကာပူက ၅၆၂၊ တောင်ကိုရီးယားနန့် ဟောင်ကောင်းက ၅၅၅၊ ဖင်လန်က ၅၄၁ မှတ် စသည်ဖြင့် ပျမ်းမျှအသီးသီးရကတ်ပါရေ။
သိပ္ပံ ဘာသာရပ်မှာ အမေရိကန်ကျောင်းသား/သူတိက ပျမ်းမျှအမှတ် ၅၀၂ နန့် OECD ၃၄ နိုင်ငံတိထဲမှာ အဆင့် ၁၇ ရာ ကျပြီးကေ အဖတ်စွမ်းရည်စစ်ပွဲမှာလည်း အမေရိက က ပျမ်းမျှအမှတ် ၅၀၀ နန့် အဆင့် ၁၄ရာ ကျပါရေ။
ယင်းOECD၏အစီရင်ခံစာရေ နိုင်ငံတကာ၏ ထူးချွန်မှုတိ၊ လက်ဟိနန့် အနာဂတ်ကို ဖော်ညွှန်းစွာတိမှာ အများလေးစားရေ သုံးသပ်စာတစ်စောင်ဖြစ်ပါရေ။ ယင်းအစီရင်ခံစာရေ ကဗာ့စီးပွားရေး (Global Economy)ခေတ်မှာ ဇာလောက်ပြိုင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပျာယ်လဲ ဆိုစွာကိုလည်း ရည်ညွှန်းပါရေ။ တယ်လီဖုန်းအင်တာဗျူးတစ်ခုမှာ အမေရိကန်ပိန်ညာရေး ၀န်ကြီး အင်းဒင်ကန်က "ကဗာ့စီးပွားရေးခေတ်မှာ ယှဉ်ပြိုင်နိုင်ဖို့ အမေရိကန်ကျောင်းသား/သူတိ ပိုတော်အောင် ကြိုးစားကတ်ရဖို့သိ"လို့ ၀န်ခံစကား ဆိုလားပါရေ။
သင်္ချာနန့် သိပံ္ပဘာသာပြဆရာ ၁၀၀ ကျော်ကို ဂုဏ်ပြုရေ အခမ်းအနားမှာ သမ္မတ အိုဘားမားက "ကျနော်ရို့၏အနာဂတ်က မရေမရာဖြစ်နိန်ပါရေ။ အဂုကနိန် လူများထက်တော်နိန်မှ အနာဂတ်မှာလည်း လူများထက် တော်နိုင်ဖို့ဖြစ်တယ်"လို့ ဆိုခပါရေ။ ကျောင်းသားများ၏ သင်္ချာနန့်သိပ္ပံ အရည်အသွေး တိုးတက်လာဖို့အတွက် ဒေါ်လာသန်း ၂၅၀ကို လျာထားပြီးကေ သင်္ချာ၊ သိပ္ပံ ၊ နည်းပညာ၊ အင်ဂျင်နီယာသင် ဆရာ၊ဆရာမဦးရေ တိုးချဲ့ရေး၊ ယင်းဆရာ၊ဆရာမတိ၏ အရည်အချင်းပိုကောင်းရေးအတွက် လုပ်ဆောင်နိန်ပါရေ။
အကျွန်ရို့မှာဘာဝါ ဇာလောက် ကဗာ့စီးပွားရေးခေတ်မှာ ယှဉ်ပြိုင်နိုင်အောင် ကြိုးစားထားကတ်ပါပျာယ်လဲ။ စနစ်မကောင်းစွာကတော့ အေမှာ အကျယ်ချဲ့ပြီးကေတော့ ပြောဖို့မလိုထင်ရေ။ ထိုတစ်ရက်နိန့်ကပဲ ကိစ္စတစ်ခုနန့် ကားထက်မှာ ရှေ့နေမတစ်ယောက်နန့် စကားလက်ဆုံကျမိပါရေ။ ယင်းသူက အမေရိကန်သူဖြစ်လို့ ဗမာပြည်အကြောင်းကို သိချင်လို့ မိန်းခွန်းတိ တရစပ်မိန်းရေ။ ပြောယင်းနန့် အစိုးရ၏ ထောက်လှမ်းရေးကွန်ယက်အကြောင်းဘက်ကို ရောက်လားရေ။ ယေခါ သူက မင်းရို့မှာ အေလောက် ကြီးရေ ထောက်လှမ်းရေးကွန်ယက်ဟိလို့ ဖဲ့ချာအများကြီးကုန်ဖို့နင်းရာလို့ ကောက်ချက်ချရေ။ အကျွန်ကလည်း ပြောလိုက်တေ။ ယင်းဖဲ့ချာတိကိုရာ ပြည်သူတိပိန်ညာရေး၊ ကျန်းမာရေးစရေ ကဏ္ဍတိမှာရာ သုံးလိုက်ကေ ဇာလောက် အကျိုးဟိဖို့လဲလို့။
ပညာရေးစနစ်တစ်ခုလုံး ပြောင်းသင့်စွာက လူတိုင်းသိကတ်ပါဖို့။ စိုင်းစားဖို့၊ နားလည်ဖို့၊ အသုံးချတတ်ဖို့ သင်ကတ်ရပါဖို့။ အလွတ်ကျက်သင်ကြားမှုစနစ် (rote learning)၊ နံပါတ်တွိကေ သိရေပုံသေနည်းမှာ အစားထိုးပြီးကေ ဖြေယှင်းတတ်တေ ပုစ္ဆာဖြေယှင်းနည်း (Plug-in Problem Solving)စနစ်တိကို ပျင်လားဖို့ လိုပါရေ။ အကျွန်ရို့အချေခါ စစ်တွေမှာ ကျောင်းတက်ခရေခါ ဘာသာတစ်ခုမှာ ဟိရေ conceptsချေတိထဲက ပုစ္ဆာတိကို ကျောင်းကြီးမှာလည်းလုပ်၊ ကျူရှင်မှာလည်းလုပ်၊ အိမ်မှာလည်းလုပ်၊ အစမ်းစာမေးပွဲတိမှာလည်းလုပ်၊ ယင်းပိုင် အဖန်တလဲလဲလုပ်တေခါ ကြာကေ၊ ဥပမာ စာမေးပွဲကြီးကျကေ ယင်းပုစ္ဆာ၏ အဖြေကိုတောင် မှတ်မိလားရေ အဆင့်ကို ရောက်လားပါရေ။ ပါလာရေ ပုစ္ဆာတိကလည်း မပြောင်းမလဲယင်းအတိုင်းဆိုခါ စိုင်းစားစရာတောင်မလို၊ မိန်းခွန်းတစ်ခုလုံးကိုတောင် ပြီးအောင် ဖတ်ဖို့ မလိုမျိုး ဖြစ်လာပါရေ။ ယေကေ အေဂုမှတ်မိလားဆိုကေ ဇာမှန်းတောင်မသိပါပျာယ်။
ယင်းစနစ်မှာ ကြီးပြင်းလာရေ လူတစ်ယောက်အနေနန့် အေဘက်ခြမ်း(အမေရိက)မှာ ကျောင်းတက်လာရေခါ မနည်း ရုန်းရပါရေ။ ပုစ္ဆာတိက အမြဲတမ်း လှည့်ထားရေ။ တသမတ်တည်း မဟိ။ ဖြေရရေ အချိန်ကလည်း ကောင်းနည်းရေ။ အကျွန် အင်ဂျင်နီယာလိုင်စင်စာမေးပွဲ ဖြေခါတုန်းကဆိုကေ ၈ နာရီစာမေးပွဲကို အပိုင်း ၂ ပိုင်းခွဲထားပါရေ။ ပထမပိုင်း ၄ နာရီမှာ မိန်းခွန်း ၁၂၀ ကို ဖြေရရေ။ တစ်ခုကို ၂ မိနစ်ကျ။ ဘာသာရပ်ပေါင်း ၂၀ ကျော် ပါရေ။ အားလုံးက unseen ပုစ္ဆာတိ။ ဒုတိယပိုင်းကျခါ တစ်ခုကို ၄ မိနစ်ကျရရေ။ ယေကေလေ့ ပုစ္ဆာတိကို တပျင်းလှည့်ထားပါရေ။
ဆရာမတိကို နိန်ရာချစွာကိုလေ့ ကြည့်လိုက်။ လွတ်တေနိန်ရာကို ချပီးရေ။ ဇာဘာသာနန့် ပြီးလာ ပြီးလာ၊ ဂရုမစိုက်။ ၀ိဇာနန့် ပြီးလာရေ ဆရာမကိုလည်း လွတ်ကေ သိပ္ပံ၊ သင်္ချာ ပြခိုင်းရေ။ ဆရာမတိ ကြိုးစားပြစွာကတော့ ယုံမှားသံသယမဟိပါ။ တပည့်တိအပေါ်မှာ စေတနာထားစွာက အမေရိကားက ဆရာတိနန့် တခြားစီ။ ယေကေလေ့ ဖြစ်သင့်စွာက ဆရာ၊ဆရာမတိ အားကောင်းရေ၊ ကျွမ်းကျင်ရေ ဘာသာရပ်တိကိုရာ ချပီးသင့်ပါရေ။ ပြခိုင်းသင့်ပါရေ။ အချေတိ၏အနာဂတ်က ယင်းဆရာတိ၊ ဆရာမတိ၏ လက်ထဲမှာပါ။ တိုင်းပြည်၏ အနာဂတ်ကလည်း ယင်းဆရာ၊ဆရာမတိအပေါ်မှာ အများကြီး မူတည်ပါရေ။
အေဂုဆိုကေ တရုတ်နိုင်ငံမှာ အယင်ကသုံးနိန်ရေ အလွတ်ကျက်သင်ကြားမှု စနစ်တိကို လျှော့လာပါပျာယ်။ နိုင်ငံတကာနန့် ပြိုင်ဆိုင်ရေခါ လူများစွာကိုပဲ အမြဲတမ်းအတုခိုးမနိန်ပဲ မိမိကိုယ်တိုင် တွီထွင်ဆန်းသစ်မှုတိ လုပ်နိုင်အောင် ကြိုးစားလာနိန်ကတ်ပျာယ် ဖြစ်ပါရေ။ ယင်းပိုင်ပျာယ် အကျွန်ရို့ပြည်မှာလည်း ပြောင်းသင့်စွာကို ပြောင်း၊ တော်ရေ အချေတိကို ကဗာ့နာမယ်ကြီး ကျောင်းတိကို ပညာသင်ပို့ကတ်ရဖို့မဟုတ်ပါလာ။ ဆရာမတိကိုလည်း နိုင်ငံခြားကို အေဂုထက်မက ပိန်ညာသင် အများကြီး ပို့ကတ်ရဖို့။ အနီးအနား မလေးရှား၊ အင်ဒိုနီးရှားရို့တောင် တစ်နှစ်တစ်နှစ် တပျင်းပို့နိန်ကတ်ပါပျာယ်။ အင်ဒိုနီးရှားဆိုကေ ကဗာ့ကွန်ပျုတာနန့် ဆက်သွယ်မှုနည်းပိန်ညာအသုံးပြုဆုံး နိုင်ငံတိစာရင်းမှာ အယင်နှစ်ထက် ၁၄ နိန်ရာ ကျော်ပြီးကေ အဆင့် ၅၄ ကို ရောက်ဟိလားပါပျာယ်။ ဘရာဇီးနန့် ရရှားနိုင်ငံရို့ထက် အဆင့်ကျော်လားခြင်း ဖြစ်ပါရေ။ ယင်းချင့်က အစိုးရ၏ သတင်းနန့်ဆက်သွယ်မှုနည်းပိန်ညာ ကဏ္ဍတိမှာ ငွေကြေးအမြောက်အမြား မြုပ်နှံမှုနန့် ပိန်ညာရေး အဆင့်အတန်း မြင့်မားလာမှုရို့ကြောင့်
ဖြစ်တေလို့ နယူးယော့ခ်တိုင်းမ် သတင်းစာကြီးက ရွီးသားလားပါရေ။
ပြည်ထဲကလူတိက စနစ်ပျက်မှာနိန်ကတ်ရလို့ဆိုကေ ပြည်ပရောက်နိန်ရေ လူတိကဘာဝါ။ ဇာလောက် သင်္ချာ၊သိပ္ပံ ၊ အဖတ်စွမ်းရည်ရေ ဇာလောက် အရေးပါလဲဆိုစွာကို သိထားကတ်ပါပျာယ်လဲ။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး တိုးတက်ဖို့အတွက် အမိအဖထက် သားသမီးက ပိုတော်နိန်ဖို့ လိုပါရေ။ ယင်းပိုင်ပျာယ် ကိုယ့်မှာ မွီးလာရေ သားသမီးတိကလည်း ကိုယ့်ထက် တော်နိန်ဖို့ လိုပါရေ။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကို မိသားစုပေါင်းများစွာနန့် ဖွဲ့စည်းထားခြင်းဖြစ်ပါရေ။ ယင်းမိသားစုတိုးတက်အောင် ဇာလုပ်ထားကတ်ပါပျာယ်လဲ။ အင်တာနတ်ကို ငါရို့က အကျိုးဟိဟိ အသုံးချနိန်ရေ ဆိုပြီးကေ တစ်ခုလေ့ မလေ့လာ မလိုက်စားပဲနန့် ဗမာကား ထိုင်ကြည့်နိန်လို့တော့ မရပါ။ လူတိက ကဗာတစ်ခုလုံးနန့် ယှဉ်ပြီးကေ ပြိုင်နိန်ကတ်တေ အချိန်မှာ ပိန်းတောထဲမှာ ဓားအကပြနိန်လို့တော့ မရပါ။
အကျွန်ရို့မှာ မပြည့်စုံမှုတိ ဟိပါရေ။ အကျွန့်မှာဆိုကေလည်း တပုံကြီးပါ။ အေမှာ ချရွီးလို့တောင် ကုန်ဖို့မဟုတ်။ ယေကေ မသိကေ သင်ကတ်ရဖို့ပါ မနားယေ။ လူတော်ပညာသျှင်တိနန့် ပေါင်းရဖို့၊ သင်ယူရဖို့မဟုတ်ပါလားယေ။ ကိုယ့်ထက်သိရေ ဆရာတိပါးမှာ တပည့်ခံရစွာရေ သိမ်ငယ်စရာမဟုတ်ပါ။ ကိုယ်ရချင်စွာ ကိုယ်သိချင်စွာကို ဖြစ်အောင် ယူတတ်ခြင်းကသာလျှင် ဂုဏ်ဒြပ်တစ်ပါးပါ။ ဆရာဆိုစွာမှာလည်း အသားအရောင်၊ လူမျိုး၊ နယ်နိမိတ် ကွဲခြင်းမျိုး မဟိပါ။ ကိုယ်မသိစွာကို သူသိရေ ဆိုကေ ဇာအသားအရောင်၊ ဇာလူမျိုးပဲဖြစ်ဖြစ် ချဉ်းကပ်နည်းနာ ယူတတ်ကတ်ရဖို့မဟုတ်ပါလာ။
အမေရိကပိုင် နိုင်ငံကတော့ သူရို့ထိပ်တန်းမှာ အမြဲတမ်းဟိနိန်ဖို့ သုံးသပ်ဝေဖန်၊ ပြုပြင်စီမံနိန်ကတ်ပါရေ။ အနာဂတ်ခိုင်မာတောင့်တင်းရေးအတွက် အရေးပါရေ လူ့အရင်းအမြစ်၊ ပိန်ညာရေး စနစ်တိကို အေထက်ကောင်းအောင် လုပ်နိန်ကတ်ပါပျာယ်။ အတိတ်ရခိုင်ပြည်၊ ရခိုင်သမိုင်းကို ပြောတိုင်း အကျွန်ရို့ ဂုဏ်ယူကတ်ရရေပိုင် အနာဂတ်မှာ ဂုဏ်ယူနိုင်အောင်လည်း ကြိုးစားကတ်ရဖို့မဟုတ်ပါလာ။ ရီလမ်းကြောင်းဆိုစွာ ပိတ်ထားလို့ မရပါ။ ရီဆိုစွာ အေဘက်က ပိတ်ထားကေ နောက်တစ်ဘက်က လမ်းကြောင်းလွှဲပြီးကေ စီးတတ်ပါရေ။ အကျွန်ရို့လည်း ပစ္စုပ္ပန်နန့် အနာဂတ် ခိုင်မာတောက်ပြောင်လာဖို့ အတွက် လမ်းသစ်ထွင်လို့ ရည်မှန်းရာကိုရာ စီးနိုင်ကတ်ဖို့ဆိုကေ.....
Reference
1. Institute of International Education, International Student Enrollments Rose Modestly in 2009/10, Led by Strong Increase in Students from China, http://www.iie.org/en/Who-We-Are/News-and-Events/Press-Center/Press-Releases/2010/2010-11-15-Open-Doors-International-Students-In-The-US, accessed on April 16, 2011.
2. The Christian Science Monitor, Obama directs $250 million for science and math education, http://www.csmonitor.com/USA/Education/2010/0106/Obama-directs-250-million-for-science-and-math-education, accessed on April 16, 2011.
3. The New York Times, U.S Lagging in Using Technology, Study Shows, http://www.nytimes.com/2011/04/13/technology/13compute.html?_r=1&ref=science, accessed on April 16, 2011.
4. Bloomberg, U.S Teens Lag as China Soars on International Test, http://www.bloomberg.com/news/2010-12-07/teens-in-u-s-rank-25th-on-math-test-trail-in-science-reading.html, accessed on April 16, 2011.
Saturday, February 19, 2011
ထိုင်း-မြန်မာ နယ်စပ် BHSOH ကျောင်း တည်ထောင်သူ ဆရာကြီး ဥင်္ီးခိုင်ဦးမောင်
Source: http://www.maukkha.org/index.php?option=com_content&view=article&id=1373:-bhsoh-&catid=interview&Itemid=270
မေး။ ထိုင်း-မြန်မာ နယ်စပ်မှာ `ဦးခိုင်ဦးမောင် ကျောင်း´လို့ လူသိ များတဲ့ BHSOH ကျောင်းကို ဘယ် တုန်းက စတည်ထောင် ဖြစ်တာလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့ စေ့စော်မှု တွေ ကနေ ဖြစ်လာတာလဲ ဆရာကြီး ခင်ဗျား။
ကျနော့်ရဲ့ ငယ်ငယ်တုန်းကတည်းက အဓိက၀ါသနာက ကျောင်းဆရာဖြစ်တယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ ၁၉၆၄ မှ ၁၉၈၈ ခုနှစ်ထိ အလယ်တန်းပြ၊ အထက်တန်းပြနဲ့ အထက်တန်း
ကျောင်းအုပ် တာဝန်တွေ ကို အနှစ်၂၀ နီးပါး ထမ်းဆောင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်ကို ထွက်လာတော့ မျိုးဆက်သစ်တွေအတွက် ပညာရေး ကွက်လပ် ဖြည့်ပေးဖို့တွေ အများကြီးတွေ့လာရတယ်။ ဒါကြောင့် ၀ါသနာနဲ့ စေတနာအရ ဒီကျောင်း BHSOH ကို ၁၉၉၉ ခုနှစ် ဇွန်လမှာ လက်ရှိ ကျောင်းတည်နေရာ ဖြစ်တဲ့ မယ်ပ ကျေးရွာ၊ မဲဆောက်မြို့၊ တက်ခ်ခရိုင်၊ ထိုင်းနိုင်ငံမှာ စတည်ထောင်ခဲ့ပါတယ်။
မေး။ ဆရာကြီးရဲ့ တပည့်ကျောင်းသားတွေဟာ တော်လှန်ရေး မိသားစုတွေ ထဲကပဲလား၊ သူတို့ရဲ့ နောက်ခံ အခြေအနေ၊ ဒေသ၊ လူမျိုးရေး အခြေအနေတွေ ပြောပြပေးပါခင်ဗျာ။ တပည့်ဟောင်း ရဲဘော်တွေ အကြောင်းလည်း ပြောပါဦး။
တော်လှန်ရေးမိသားစုတွေထဲကရော၊ တခြားဆင်းရဲတဲ့ အလွှာကလူမျိုးစုံ၊ ဘာသာစုံကလေးတွေ ပါဝင်ပါတယ်။ နောက်ခံအခြေအနေကို ပြောရရင်တော့ စစ်အာဏာရှင်တို့ရဲ့ ရက်စက်ရမ်းကားမှုနှင့် လူမဆန်မှုတွေကြောင့် တိုင်းရင်း သား ဒေသတွေမှာ မိမဲ့ဖမဲ့နဲ့ ခိုကိုးရာမဲ့တဲ့ ကလေးအရေအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာတယ်။ ဒီကလေးတွေ ကို ဒီအတိုင်း ဥပေက္ခာပြုထားလို့ မရဘူးလေ။ ဒါကြောင့် တတ်နိုင်သလောက် ကျွေးမေွးစောင့်ရှောက် ပညာသင်ပေးနေတာ ဖြစ်ပါတယ်။
ဒီခိုကိုးရာမဲ့ ကလေးတွေကတော့ လူမျိုးစုံ ဒေသစုံကဖြစ်တယ်။ ဗမာ၊ ရခိုင်၊ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ပအို့၊ လားဟူ၊ ရှမ်းစတဲ့ လူမျိုး နောက်ခံပေါင်းစုံကနေ လာကြတာပါ။ ကိုးကွယ်တဲ့ ဘာသာကတော့ ခရစ်ယန်၊ ဗုဒ္ဓ ၊ အစ္စလမ်နှင့် ဟိန္ဒူတို့ဖြစ်တယ်။ ABSDF ကျောင်းသား တပ်မတော်က ကျောင်းသားတွေ တော်တော်များများကိုတော့ မာနယ်ပလော၊ ကော်မူးရာ၊ ABSDF တပ်ရင်း ၂၀၉၊ ထိုင်းမြန်မာ နယ်စပ် တောင်ပိုင်းနဲ့ မွန်ပြည်သစ်ပါတီရဲ့ နေရာတွေမှာ အင်္ဂလိပ်စာ အဓိကထား သင်ပေးခဲ့ဖူးပါတယ်။ အဲဒီ တပည့် ကျောင်းသားတွေထဲက အမှတ်အရဆုံးနှင့် လေးစားတန်ဖိုး အထားရဆုံးကတော့ ရန်သူ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ကြတဲ့ မောင်ဇော်ထွန်း (ဆေးတက္ကသိုလ် ကျောင်းသား) နဲ့ မောင်မြင့်အေး (ဒု-ရင်းမှူးတပ်ရင်း ၂၀၉) တို့ပါပဲ။
မေး။ ရခိုင်လူမျိုးဖြစ်တဲ့ ဆရာကြီးအနေနဲ့ လူမျိုးစုံ တပည့်တွေ၊ ဆရာ တွေနဲ့ ဆက်ဆံရတာ အခက်အခဲရှိမရှိ။
မေတ္တာနှင့်စေတနာပေါ် အခြေခံဆက်ဆံတော့ ဘာမှ ကြီးကြီးမားမား အခက်အခဲမရှိပါဘူး၊ တချို့ ဘာသာစကားက လွဲလို့ပေါ့လေ။
မေး။ ပြည်တွင်းမှာ ဆရာလုပ်ခဲ့တဲ့ အတွေ့အကြုံ ပြောပါဦး၊ သင်ကြား ရေးမှအစ နယ်စပ်ကျောင်းတွေနဲ့ ဘယ်လို ကွာခြားမှု ရှိပါသလဲ။
ပြည်တွင်းမှာ ဆရာလုပ်ခဲ့တဲ့ အတွေ့အကြုံကို ပြောရရင်တော့ ရွှေတောင် မြို့နယ်၊ တရုပ်မှော် အ.လ.က မှာ အလယ်တန်းပြ၊ ၀က်ထီးကန် အထကနဲ့ ကမာရွတ် အထက(၂) တို့မှာ အထက်တန်းပြ (အဲဒီ ကျောင်းမှာ စာသင်နှစ် ၁၉၇၆ ခုနှစ် မှ ၁၉၈၀ထိ)၊ အင်းစိန်ထောင်မှာ နိုင်ငံရေးမှုး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ `ပြည်သူသို့ ပန်ကြားချက်´ စာတမ်းဖြန့်ဝေမှုနဲ့ အင်းစိန်ထောင်ထဲ ၄ နှစ်ကျော် ၅ နှစ်နီးပါး အထိမ်းသိမ်းခံရတယ်။ နောက် ၁၉၈၀ ကျတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတယ်။ ရန်ကုန် မြောက်ဥက္ကလာပနဲ့ မင်္ဂလာဒုံတို့်မှာ ကျူရှင်ပြခဲ့တာ ၁၉၈၃ ခုနှစ်ထိပါပဲ။
၁၉၈၄ ခုနှစ်တွင် အထိမ်းသိမ်းခံ နိုင်ငံရေး အကျဉ်းသား အမှုထမ်းများကို မူလတာဝန် ပြန်ခန့်ထားပေးတယ်။ လှည်းကူးမြို့နယ် ကြာအင်း အထက်တန်းကျောင်းမှာ အ-ထ-က ပြ အဖြစ် ခန့်ထားခံရတယ်။ ၁၉၈၄ ခုနှစ်မှာ ကျောင်းအုပ်ရာထူး တိုးမြှင့်ခံရတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်း အပြီးမှာ တော်လှန်ရေး နယ်မြေကို ရောက်ရှိခဲ့ပါတယ်။ ပြည်တွင်းမှာ ရိုးရာ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံအရ ချစ်ခင်လေးစားပြီး တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီ ပံ့ပိုးမှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသနေ ပြည်သူများကြားမှာ ယဉ်ကျေးမှုကို တန်ဖိုးထားကြပြီး၊ မြို့ပြ လူအဖွဲ့ အစည်းကျတော့ အားနည်းကြတယ်။
နယ်စပ်ဒေသ ကျောင်းတွေမှာတော့ ကျောင်းသူ၊ ကျောင်းသား အများစုဟာ ဆရာသမားတွေရဲ့ ကျေးဇူးတရားကို လေးစားတန်ဘိုး ထားကြပါတယ်။ တချို့ အနည်းစုကတော့ Migrant ကျောင်းတွေက စေတနာအနစ်နာခံပြီး သင်ပေးလိုက်လို့ လစာတွေ၊ ရာထူးတွေ ရရှိသွားတဲ့ အခါမှာတော့ မိမိတို့ကို ဘ၀နဲ့ရင်းပြီး ပြုစုပေးလိုက်တဲ့ ကျောင်းနဲ့ ကျေးဇူးရှင် ဆရာဆရာမတွေကို အထင်အမြင်သေးပြီး အစေခံလို၊ လက်အောက်ငယ်သားတွေလို ပြန်ဆက်ဆံ ခံရတာတော့ အခံရ ခက်ဆုံးနဲ့ ရင်အနာဆုံးပါပဲ။
မေး။ ရွှေ့ပြောင်းပညာရေး ၀ါရင့်ဆရာကြီး ဖြစ်သူမို့ ကျောင်းတွေကို ထောက်ပံ့နေတဲ့ အလှူရှင် အဖွဲ့အစည်းများ (NGOs) နဲ့ဆက်ဆံရတာ၊ သူတို့ရဲ့ ဆရာဆရာမတွေ ကျောင်းသားတွေကို ထားရှိတဲ့ သဘောထား၊ ဖြူစင်မှုနဲ့ တကယ် စေတနာ ရှိရဲ့လား၊ ၀င်ရောက် စွက်ဖက်မှုတွေ ရှိပါသလား၊ သူတို့နဲ့ ဆက်ရမယ့် ရှေ့ခရီးကို ပြောပြစေချင်ပါတယ်။
NGOs တွေနဲ့ ဆက်ဆံရတဲ့ အပိုင်းမှာတော့ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပါပဲ။ တကယ် စေတနာမေတ္တာ အရင်းခံပြီး NGO တွေမှာ ၀င်ရောက်လုပ်ကိုင်သူတွေ ရှိသလို ကိုယ်ကျိုးစီးပွား တစ်ခုထဲပေါ်မှာ အခြေခံပြီး လှီးမယ်၊ ဖြတ်မယ်၊ အနိုင်ကျင့် ဗိုလ်ကျမယ် ငါတို့လုပ်နေတာကို အလှူရှင်တွေ မသိပါဘူး၊ မသိအောင်လည်း အီးမေးလ် လိပ်စာတွေကို ဖျောက်ထားမယ်၊ ဒီငတုံးငအတွေ ဘာသိမှာလဲလို့ ထင်တလုံးနဲ့ လုပ်ကြတယ်။ တကယ်လို့ အာခံလာရင်လည်း ငါတို့ Head office ကို လိမ်လည်လှည့်ဖျားထားတဲ့ Fate Reports တွေနဲ့ သူတို့ မရပ်တည်နိုင်အောင် လုပ်လိုက်မယ်၊ သူတို့ ဘာပဲဖြစ်ဖြစ် ငါတို့ ကောင်းစားရင် ပြီးပြီ။
ဒါတွေဟာ အနှစ်နှစ်ဆယ်ကျော် ကာလအတွင်း Refugee နဲ့ Migrant ကျောင်းဆရာ တစ်ယောက်အနေနဲ့ ပကတိ အခြေအနေတွေ၊ ခံစားချက်တွေကို မြင်တဲ့အတိုင်း ပြောပြရတာပါ။ အဲဒီတော့ ကျနော် အချုပ်ပြောချင်တာက အလှူရှင် Donors နဲ့ supported baggers ( သူတောင်းစားမဟုတ်၊ အခက်အခဲရှိလို့ အမှန်တကယ် တောင်းခံသူတွေ) တိုက်ရိုက် ကူညီလှူဒါန်းခြင်းကို NGO တွေဆီကတဆင့် မဟုတ်ဘဲ၊ ကျောင်းတွေဆီ တိုက်ရိုက်လှူဒါန်းခြင်းက ပိုပြီး အကျိုးသက် ရောက်မှု ရှိနိုင်တယ်ဆိုတာကို နိုင်ငံတကာ အလှူရှင်များအနေနဲ့ အလေးထားကြ စေချင်ပါတယ်။
မေး။ ရွှေ့ပြောင်းပညာရေးမှာ ပညာရေးမူဝါဒရယ်လို့ မရှိဘဲ၊ တကျောင်းတစ်ဂါထာရယ်လို့ ဖြစ်နေပါတယ်။ သင်ရိုးညွှန်းတမ်း ကိစ္စလည်း အခုထိ မတည်ငြိမ်သေးဘဲ ကြိုးစားနေရဆဲဆိုတာ အားလုံး အသိပါပဲ။ အဲဒီအပေါ် ဆရာကြီးရဲ့ အကြုံပြုချက်နဲ့ အမြင်တွေ မျှပါဦး။ ရွှေ့ပြောင်းပညာရေး ရှေ့အလားအလာနဲ့ ဆရာကြီး ဖြစ်စေချင်တာက...။
သင်ရိုးညွှန်းတမ်းတစ်ခု ရေးဆွဲတယ်ဆိုတာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေရယ်၊ လိုအပ်တဲ့ ဘဏ္ဍာငွေ အလုံအလောက် ရှိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ မိုင်းဂရမ့် ပညာရေးမှာ ဒီကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားမရှိပါဘူး။ အဲဒီတော့ စံချိန် စံညွှန်းမှီတဲ့ ရေးဆွဲထားပြီးသား သင်ရိုးညွှန်းတမ်းတစ်ခုကို မိုင်းဂရမ့် ပညာရေးအဖွဲ့တွေ ညှိနှိုင်းဆွေးနွေးကြပြီး uniform curriculum တစ်ခုအဖြစ် သတ်မှတ် ပြဌာန်းနိုင်ရင်တော့ အသင့် တော်ဆုံး ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆပါတယ်။
မေး။ ပုဂ္ဂိုလ်ရေးမေးခွန်းမေးပါရစေ။ ဇာတိက ဘယ်ကလဲ။ ရခိုင်တစ်ယောက်က ဘာကြောင့် ဒီလို လူမှုရေး ပညာရေး အများအကျိုးတွေ လုပ်နေတာလဲ။ ကနေ့ ဆရာကြီးလို အများအကျိုးဆောင်တဲ့ ရခိုင်လူမျိုး ပုဂ္ဂိုလ်တွေ ရှိရင် ပြောပြပါလား။ တောတွင်းမှာ ရှိစဉ် အိန္ဒိယတက္ကသိုလ် တစ်ခုမှာ ပါရဂူဘွဲ့ (Ph.D.) သွားရောက် တက်ဖို့ ရှိပါရက်နဲ့ ဘာကြောင့် မတက်ဖြစ်ခဲ့တာလဲ။
ဇာတိကတော့ မင်းပြားမြို့ ၊ ရခိုင်ပြည်နယ် က ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်ပြီး ရန်ကုန် တက္ကသိုလ် ကိုရောက်ခဲ့တယ်။ ကျနော်ဟာ ထူးချွန်ထက်မြက်သူ တစ်ယောက် မဟုတ်ပါဘူး။ အမှန်တရားအတွက် မိမိ ယုံကြည်ရာကို အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီင်္း ခိုကိုးရာမဲ့နေတဲ့ အနှိမ်ခံရသူ၊ ပစ်ပယ်ခံရသူတွေဘက်က ကူညီရပ်တည် ပေးလိုတဲ့ ဆန္ဒဟာ ကျနော့်ရဲ့ ပင်ကိုယ်ဗီဇ ဖြစ်ပါတယ်။ ရခိုင်မှသာ မဟုတ်၊ ဘယ်လူမျိုးမှာမဆို စွန့်လွှတ် အနစ်နာခံလိုသူနဲ့ မည်သူ သေသေ ငတေမာရင် ပြီးရောဆိုတဲ့ အတ္တလွန်ကဲသူတွေ ရှိတတ်ကြပါတယ်။ ဒါ လောက သဘာဝတရားပါ။
ပြည်တွင်းနဲ့ တခြားနိုင်ငံတွေမှာ လူမှုရေးလုပ်နေကြတဲ့ ရခိုင်လူမျိုးတွေ မည်သူမည်ဝါ နှင့် ဘယ်နှစ်ဦးရှိတယ် ဆိုတာကိုတော့ အတိအကျမသိလို့ ပြောဖို့ ခက်ပါတယ်။ ကျနော် တက်ခွင့်ရတာ Ph.D. မဟုတ်ပါ။ D.Litt ပါ။ အဲဒီတုံးက ကျနော်ဟာ တောင်ပိုင်း ထိုင်းမြန်မာနယ်စပ် ရွာပုန်းရွာရှောင် (IDPs)တွေရှိတဲ့ နေရာကို ရခိုင်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်စိန်သာ (ကွယ်လွန်) က အလည်အပတ် သွားရောက်ဖို့ ခေါ်လို့ ၁၉၉၁ ခုနှစ်မှာ အဲဒီကို ရောက်ရှိသွားတယ်။ အဲဒီမှာ ကလေးတွေ ၇၀ ကျော်၈၀ လောက်ရှိတယ်။ လူမျိုးလည်း စုံတယ်။ ဒီကလေးတွေဟာ လုံးဝကျောင်းမနေကြရဘူး၊ တချို့ဆိုရင် အသက် ၁၄-၁၅ နှစ်တွေတောင်ရှိပြီ။ စာတစ်လုံးမှတောင် မရေးတတ်ရှာဘူး။
အဲဒီတော့ အဲဒီမှာ ယာယီကျောင်းလေးတစ်ဆောင် ဆောက်ပြီးတော့ စာသင်တယ်။ ရိက္ခာနဲ့ တခြားလိုအပ်တဲ့ အကူအညီတွေကို ကျနော်နဲ့ သိကျွမ်းရင်းနှီးဖူးခဲ့ကြတဲ့ BBC က Sally နဲ့ BRC က Pipper တို့က ထောက်ပံ့ ကူညီပေးတယ်။ ၄နှစ်လောက်တော့ မပြေးမလွှားရဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သင်ရတယ်။ ကလေးတွေသာ မဟုတ်ဘူး၊ တချို့ လူကြီးပိုင်း တွေကိုပါ သင်ပေးတယ်။ ဆရာကတော့ ကျနော် တစ်ယောက်တည်းပါပဲ။ ကျောင်းသားရော ဆရာပါ နှစ်ဦးနှစ်ဖက် တက်ညီလက်ညီနှင့် ကြိုးစားကြတော့ ပညာရေး အောင်မြင်လာတယ်။
အဲဒီမှာ စာသင်နေရင်း တော်လှန်ရေး ရဲမေတစ်ယောက်နှင့် အိမ်ထောင်ကျတယ်။ နာမည်က မမြကြွေလို့ခေါ်တယ်။ (ယနေ့ထက်တိုင် ရေဆန်၊ လေဆန်၊ လောကဓံ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး လူမှုရေးလုပ်ငန်းကို) လက်တွဲ မဖြုတ်စတမ်း ရုန်းကန်လှုပ်ရှားနေတဲ့ အဖော်မွန်တစ်ယောက်ပါ။ ၁၉၉၆ ခုနှစ် နှောင်းပိုင်းမှာ စစ်အာဏာရှင်တို့ရဲ့ လက်ပါးစေ ကြေးစားတပ်တွေက မြေလှန်စနစ်ကျင့်သုံးပြီး မျိုးတုံးသတ်ဖြတ်မှုတွေ လုပ်လာတော့ ရှောင်ရင်း တိမ်းရင်းနဲ့ပဲ ပြေးလွှား ပုန်းရှောင်နေရတော့ ဘယ်လိုမှ စာသင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။
အဲဒီတော့ ကျနော့်အနေနဲ့ စဉ်းစားရတော့တာပေါ့နော်။ ဒီကလေးတစ်သိုက်ကို စွန့်ပစ်ထားခဲ့ပြီး မိမိရဲ့ ဇနီးကိုလက်ဆွဲပြီး ပါရဂူဘွဲ့အတွက် ကိုယ်လွတ်ရုန်းသွားမှာလား။ ဒီလိုအောက်တန်းကျပြီး လူသားမဆန်တဲ့ အတ္တစိတ်ဓာတ်လုံးဝမရှိ၊ ဘယ်လိုမှလဲ ဒီလိုမလုပ်ရက်ဘူး။ အဲဒါကြောင့် ဒီကလေးတစ်သိုက်ကို ကျနော်တို့ ဇနီးမောင်နှံဦးဆောင်ပြီး Open Society Institute (OSI) ရဲ့ အကူအညီနဲ့ မဲဆောက်ကို ပြောင်းလာတယ်။ အနီးက မယ်ပကျေးရွာမှာ ၁၉၉၇ ခုနှစ် မှ ကနေ့တိုင်အောင် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာကြတဲ့ လူမျိုးစုံကလေး ၃၀၀ ကျော် ၄၀၀နီးပါး မူကြိုအဆင့်ကနေ GED အတန်းထိ ကျွေးမွေးစောင့်ရှောက်ပြီး ပညာသင်ပေးနေနိုင်ပါတယ်၊ အဲဒီထဲက ကလေး၂၀ ကျော်ဟာ နိုင်ငံခြား တက္ကသိုလ်တွေက ဘွဲ့ရပြီး ဘ၀အလှတင့် ပီတိဖြစ်ရပါတယ်။ ဒါကြောင့် ကျနော် ဒီဘွဲ့ကို မယူဘဲ စွန့်လွှတ်ခဲ့ရတာ ဟာ အကျိုးသက်ရောက်မှုရှိတယ်လို့ ယနေ့ထိ ခံယူမိပါတယ်။
မေး။ ဘာကြောင့် ဘယ်နှစ်ခုနှစ်မှာ စတောခိုခဲ့ရတာလဲ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ ပါဝင် လှုပ်ရှားမှုရယ်၊ ဆရာကြီးနဲ့ ခေတ်ပြိုင် ပုဂ္ဂိုလ်များရဲ့ အမှတ်ရစရာတွေကို ကျနော်တို့ လူငယ်များအတွက် ပြောပြ စေချင်ပါတယ်။ အဲဒီခေတ်က ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကြားမှာ လူမျိုးရေးခွဲခြား ချိုးနှိမ်ဆက်ဆံ တာမျိုး ရှိသလား။ ရခိုင်ကျောင်းသားဖြစ်တဲ့ ဆရာကြီးနဲ့ အခြားကျောင်းသားတွေရဲ့ ဆက်ဆံရေးရော ပြေလည်ရဲ့လား။
၁၉၈၈ ခုနှစ်မှာ ၁၉၈၈ ခုနှစ်အရေးအခင်းမှာ အပြစ်မဲ့တဲ့ ပြည်တွင်း ကျနော့်ကျောင်းက တပည့် တချို့ကို စစ်အာဏာရှင်တွေရဲ့ လက်ပါးစေတွေက ရက်ရက်စက်စက် သတ်ပစ်လိုက်တဲ့အတွက် နာကျဉ်ခံစားချက်နဲ့အတူ တော်လှန်ရေးနယ်မြေ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ရတယ်။ သာမန်နောက်လိုက် အဆင့်ကပါ။ ခေါင်းဆောင်အဆင့်တော့ မဟုတ်ပါဘူး။ အဲဒီတုန်းက ဘ၀တူ သူငယ်ချင်းတွေဟာ စစ်ခွေးတွေရဲ့ လက်ချက်နဲ့ မရှုမလှ သေပွဲဝင်သွားကြရတာတွေ မချိမဆန့် အသက်ငင်နေကြတာတွေ၊ ကယ်ပါယူပါ တစာစာနဲ့ အော်ဟစ် အကူအညီ တောင်းနေတဲ့ ဘယ်လိုမှ မေ့လို့မရတဲ့ ဒီမြင်ကွင်းတွေဟာ အသက်မသေဘဲ ကျန်ရစ်ခဲ့ကြတဲ့ ကျနော်တို့ တတွေရဲ့ နှလုံးသည်းပွတ် ထဲမှာ ဘယ်လို ဖြေဖျောက်လို့ရနိုင်မှာလဲ။
ကိုဘဆွေလေး၊ ကိုတင်ထွန်း၊ ကိုသာဆန်း၊ ကိုသက်တို့ကတော့ ခေါင်းဆောင်တွေပေါ့၊ သူတို့ကိုတော့ ကျနော်တို့ ကျောင်းသားတွက ချစ်ခင်လေးစားအတုယူကြရတယ်။ ပညာရေးမှာရော ကိုယ်ကျင့်တရားပိုင်းမှာရော ကျနော်တို့ စံထားသင့်တဲ့ ပုဂ္ဂိုလ်တွေပါ။ အရင်းနှီးဆုံးသူငယ်ချင်း တွေက တော့ ဖိုးသာ၊ စိုးဝင်း၊ သာထွန်းအေး။ သူတို့တွေထဲက ကိုသာဆန်း တစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေ အားလုံးဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ တရားမျှတရေးနှင့် လူသားဆန်ဆန် ရပ်တည်နိုင်ရေးအတွက် ပြည်သူ့ဖက်က ရပ်တည်တိုက်ပွဲဝင်ရင်း အသက်ကို ပေးလှူသွားကြပါပြီ။ ဗိုလ်နေ၀င်း စစ်အစိုးရ မတိုင်ခင် အဲဒီခေတ်တုန်းက ရန်ကုန်တက္ကသိုလ် ကျောင်းသား တွေကြားမှာ လူမျိုးရေး ခွဲခြားဆက်ဆံတာမျိုး အင်မတန် နည်းပါတယ်။ မရှိသလောက်ပါဘဲ။ ရခိုင် ကျောင်းသားတွေနဲ့ တခြားလူမျိုးစု ကျောင်းသားတွေရဲ့ ဆက်ဆံရေး အဆင်ပြေပါတယ်။
မေး။ ဆရာကြီးတို့ခေတ် ကျောင်းသားလူငယ်ဘ၀နဲ့ ယနေ့ ကျောင်းသားလူငယ်တွေကို အနည်းငယ် နှိုင်းယှဉ် ပြောပြ စေချင်ပါတယ်။ ယနေ့ လူငယ်တွေကို အားရရဲ့လား။ ဆရာကြီးတို့ ငယ်ငယ်တုန်းက ရည်ရွယ်ချက် အိပ်မက်က ဘာလဲ။ အခု လူငယ်တွေမှာ အိပ်မက်ရောရှိရဲ့လား။ ဆရာကြီးတို့တုန်းက အယူအဆ ၀ါဒတွေရှိတယ်။ အခုလူငယ်တွေမှာ အဲဒီလို မရှိတော့ဘူးဆိုရင် ဆရာကြီးဘယ်လို ခံစားမိသလဲ။
မျိုးဆက်တစ်ခုရဲ့ အတွေးအခေါ်နှင့် အယူအဆဆိုတာဟာ သူတို့ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်နှင့် စနစ်က ပြဌာန်းတာပါပဲ။ အဲဒီတော့ ဒီနိယာမအရ ဟိုခေတ်ဟိုအခါတုန်းက လူသားဆန်တဲ့ လူတွေက အုပ်ချုပ်ခဲ့တဲ့ ခေတ်နဲ့ လူသား မဆန်တဲ့ အာဏာရှင်တွေ အုပ်ချုပ်တဲ့ ဒီဘက်ခေတ်ကတော့ ကွာတာပေါ့ဗျာ။ အဓိက ပြောချင်တာကတော့ ကလေးတွေမှာ အပြစ်မရှိပါဘူး၊ တိုင်းပြည်ကို နှစ်ပေါင်း(၄၀)ကျော် စနစ်တကျ ဖျက်ဆီးလာခဲ့တဲ့ စစ်အာဏာရှင်စနစ်သာ တရားခံပါ။
မေး။ ဘာကြောင့်များ မြန်မာပြည်ပညာရေး ပျက်ဆီးသွားခဲ့ရတာလဲ။ လွတ်လပ်ရေး ရပြီးစနဲ့ ပါလီမာန်ခေတ် အထိကောင်းခဲ့ပြီး အခု သုံးစားမရအောင် ကျဆင်းသွားတာလဲ။ အဓိက တရားခံက ဘယ်သူလဲ။ စစ်အာဏာရှင်ပဲလား၊ တချို့ ပြောသလို အမျိုးသားရေးဝါဒ၊ ဗမာစာ ရှေ့တန်းတင်ရေး အယူအဆ၊ ဆိုရှယ်လစ် ကွန်မြူနစ် အယူအဆတို့ကြောင့် ပျက်ဆီးခဲ့ရတာလား၊ လွတ်လပ်ရေး ရပြီးနောက် တက္ကသိုလ် နှစ်ခုကို ဘာကြောင့် ဆက်မထိန်းနိုင်ခဲ့တာလဲ။
ရှေ့ကဖြေထားတဲ့ အဖြေတွေဟာလဲ သိပ်ရှည်နေပြီဆိုတော့ တိုတိုနှင့်လိုရင်းပဲ ဖြေတော့မယ်ဗျာ။ အာဏာရှင်တို့ မည်သည်မှာ တိုးတက်မှန်ကန်တဲ့ ပညာရှင်တွေကို မွေးထုတ်ပေးတဲ့ (Institutions) တွေကို မုန်းတယ်။ ဒါကြောင့် ဒီတက္ကသိုလ် နှစ်ခုကို အပေါစား(Institutions)တွေနဲ့ အစားထိုးပြီး အပေါစားပညာရေး စနစ်နဲ့ပဲ အစားထိုးလိုက်တယ်။ သူတို့ရဲ့ မျိုးဆက်သစ်တွေကိုတော့ သားစဉ်မြေးဆက် ဖိနှိပ်ဗိုလ်ကျစိုးမိုးနိုင်ရေးအတွက် တိုင်းပြည်က ခိုးထားတဲ့ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံခြားအဆင့်မြင့် တက္ကသိုလ်တွေမှာ ပညာသင်ခိုင်းတယ် (ဦးသန်းရွှေရဲ့ မြေးမျောက်လောင်းဆိုတဲ့ အကောင်ကိုပဲ ကြည့်ပါ)။ အဲဒီတော့ တချိန်တုန်းက (ပါလီမန်ဒီမိုကရေစီခေတ်) အာရှမှာ မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ် မတိုင်ခင်ထိ ထိပ်တန်းမှာ နေရာယူခဲ့တာကို သတိရလိမ့်မယ် ထင်တယ်။ အဓိက တရားခံ သုံးသပ်ကြည့်ကြမယ်ဆိုရင် အဓိကတရားခံဟာ စစ်အာဏာရှင် စနစ်ပဲ။
မေး။ ဆရာကြီးက အင်္ဂလိပ်စာ ဘာသာရပ် အထူးပြုပြသသူဆိုတော့ အင်္ဂလိပ်စာဟာ ကနေ့ခေတ် ကျောင်းသား တွေအတွက် ဘယ်လောက်အရေးပါသလဲ။ အင်္ဂလိပ်စာ မြန်မြန်ဖတ်တတ် ပြောတတ် ရေးတတ်အောင် ကျောင်းသားတွေ ဘယ်လိုလုပ်သင့်သလဲ။ ဆရာကြီး တာဝန်ယူသင်ပေးနေတဲ့ နိုင်ငံခြားစာမေးပွဲတွေ Scholarships အကြောင်းလေး။
အဲဒါကတော့ အင်္ဂလိပ်စာပဲဖြစ်ဖြစ်၊ ဘယ်ဘာသာရပ်မဆိုပေါ့လေ..။ သင်ကြားပြသသူ ဆရာဆရာမရဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ စေတနာ၊ နာခံသင်ယူတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ လေ့လာကြိုးစားသင်ယူမှု အပေါ်မှာ မူတည်ပါတယ်။ scholarships အကြောင်းနဲ့ ပတ်သတ်လို့ ပြောရရင်တော့ ထိုင်းမြန်မာနိုင်ငံ တောင်ပိုင်းက ပြောင်းလာပြီး မကြာမှီပဲ ပညာရေး programme တစ်ခုဖြစ်တဲ့ Distant Education Programme (DEP)မှာ Advisor အဖြစ် ၆ နှစ်တာဝန်ယူခဲ့ရတယ်။ အဲဒီ အချိန်တုန်းကစပြီးတော့ Scholarships programme တွေဖြစ်တဲ့ ICFC (Intensive college foundation course), GED (General Education Development), TOEFL( Test of English as a Foreign Language), England က Collegeတစ်ခု (နာမည်မေ့နေတယ်), All Ethnic International Open University) at Chiang Mai,တွေမှာ ၀င်ခွင့် စာမေးပွဲဖြေခွင့်ရတယ်။ ၀င်ခွင့်ရတဲ့ ကျောင်းသားတွေအတွက် OSI အပါအ၀င် နိုင်ငံတကာ အလှူရှင်တွေက လိုအပ်တဲ့ ကုန်ကျစရိတ်တွေအတွက် ဘွဲ့ တစ်ခုခုရတဲ့အထိ ပံ့ပိုးပေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးတွေဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုကလာတဲ့ သာမန်ပြည်သူတွေရဲ့သားသမီးတွေဖြစ်တယ်။ ဒီကလေးတွေထဲက တချို့ဟာ Ph.D, Master, Bachelorတို့ ရပြီး အနောက်နိုင်ငံတချို့နဲ့ ထိုင်းနိုင်ငံမှာ ဘ၀တင့်နေကြပါပြီ။ ဒါပေမဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ဒီ programme တွေကို ဖြေဆိုပြီး ကျောင်းသူ ကျောင်းသားတွေက ဘန်ကောက်တို့ ချင်းမိုင်တို့မှာ ငွေအများကြီး အကုန်အကျခံပြီး သွားဖြေရတယ်။ အဲဒီတော့ ကျနော်တို့ ကလေးတွေကို ထူးချွန်ထက်မြက်အောင် သင်ပေးနိုင်ပေမယ့်၊ ငွေကြေးမတတ်နိုင်တော့ ဒီစာမေးပွဲတွေကို မဖြေကြရဘူး။ ဒါပေမဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်တစ်စုနဲ့ သူတို့ရဲ့လက်ပါးစေ အခွင့်ထူးခံတို့ရဲ့ သားသမီးတွေကတော့ ငွေထုပ်ပိုက်ပြီး နိုင်ငံတကာ ကြိုက်တဲ့ တက္ကသိုလ်တွေမှာ သွားရောက်သင်ကြားနိုင်တယ်။ အဲဒီတော့ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်တာကို တွေ့မြင်လိုရင်တော့ဖြင့် NGO တွေအနေနဲ့ ကျောင်းတွေကို ကွင်းဆင်းလေ့လာပြီး မှန်မှန်ကန်ကန် သုံးသပ်သင့်တယ်လို့ ထင်မြင်ခံစားမိပါတယ်။
မေး။ တကယ်လို့ ရွှေ့ပြောင်းကျောင်းတွေကို ထိုင်းပညာရေးဌာနက တရားဝင် အသိအမှတ်ပြုလိုက်ပြီး လက်အောက်ခံ ဖြစ်သွားခဲ့ရင် ဆရာတွေ၊ ကျောင်းတွေနဲ့ ကျောင်းသားတွေရဲ့ အနာဂါတ် အပေါ် ဆရာကြီးရဲ့ အမြင်များ။
ထိုင်းဘုရင့်အစိုးရနဲ့ ပြည်သူတွေကတော့ ဒီလောက်ထိလုပ်လိမ့်မယ် မထင်ပါဘူး၊ ဒါပေမဲ့ Migrant ကျောင်းတွေ မှိုလိုပေါက်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စပါ၊ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးမှာ ပညာရေးဟာ အဓိကအကျဆုံးမို့ ကျွန်တော်တို့ Migrant ပညာရေးမှာ ပညာရေးဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ အတ္တအကျိုးထက် စစ်အာဏာရှင်မျိုးဆက်နဲ့ ယှဉ်ပြိုင်အနိုင်လုနေရတဲ့ ပွဲမှာ ပညာရေးကို အပေါစားဈေးကွက် အဖြစ်အသုံးမချခဲ့ရင်၊ ဒီပြဿနာကို သိပ်စိုးရိမ်စရာမလိုပါ၊ ထိုင်းဟာ နိုင်ငံတကာ ယဉ်ကျေးတဲ့ စည်းဝိုင်းထဲက ယဉ်ကျေးတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာကြီး။
ရဲနွယ်မိုး
Friday, February 18, 2011
Various Vacancy Announcements
Child Focus Mentor @ Mandalay (Save the Children), Deadline: February 25, 2011
Child Focus Mentor @ Yangon (Save the Children), Deadline: February 25, 2011
Centre In-Charge (Marie Stopes International), Deadline: February 21, 2011
Programme Assistant (UNODC), Deadline: February 25, 2011
Watchman (UNODC), Deadline: February 25, 2011
Lab Technician (Medecins Dumonde), Deadline: February 23, 2011
Communications Officer (UNOPS), Deadline: February 21, 2011
Programme Assistant (UNODC), Deadline: February 25, 2011
Watchman (UNODC), Deadline: February 25, 2011
Procurement Officer (Burnet Institute), Deadline: February 25, 2011
Read more...
Thursday, February 10, 2011
New Job Vacancies
Sale Representative (PSI), Deadline: February 18, 2011
Department Assistant (PSI), Deadline: February 18, 2011
Administrative Assistant (Save the Children), Deadline: February 18, 2011
Area Manager (Save the Children), Deadline: February 21, 2011
Purchaser (Save the Children), Deadline: February 21, 2011
Consultant (ADRA), Deadline: February 18, 2011
Community Facilitator (Relief International), Deadline: February 18, 2011
Program Analyst (UNOPS), Deadline: February 15, 2011
Program Assistant (UNOPS), Deadline: February 15, 2011
Program Analyst (UNOPS), Deadline: February 15, 2011
HR Assistant (UNDP)
Budget Assistant (UNICEF), Deadline: February 8, 2011
Receptionist (BAJ), Deadline: February 19, 2011
Procurement Officer (MSF-Holland), Deadline: February 15, 2011
Read more...
Thursday, February 3, 2011
Regional Internship Program for Burmese (Deadline March 4, 2011)
Greetings! Internships Asia is pleased to announce the launch the first intake of the 2011 Regional Internship Program for Myanmar Nationals!
About the program
The Regional Internship Program is a unique opportunity for development professionals currently working with organizations in Myanmar to gain skills, exposure and knowledge in their field of interest. The major goal of the program is to benefit both individuals participating as interns as well as the organizations where they work. The Regional Internship Program specifically targets individuals who are well positioned within organizations and their community and places a priority on those candidates who are committed to returning to their home organizations to help develop the capacity of others.
Internships Asia engages professional organizations and institutes in South East Asia who are willing to train and mentor interns on three month placements. An internship is an opportunity to gain hands-on workplace experience that will have direct benefit to the intern's own community. An internship is not a classroom based training program.
We encourage candidates to apply to specific internship positions found advertised on our website. Also on our website you can find more information about the Regional Internship Program and the requirements to participate. This intake we are advertising internships in the fields of:
Early Childhood Education
Food Security
Disability Services
Community Development
HIV Community Outreach
Women’s Education and Empowerment
We will accept applications from individuals interested in other fields, so please don’t hesitate to apply if you are interested to intern in a different field.
We encourage you to share this application and information about this opportunity with your staff, colleagues and community members that you think might benefit from this experience.
The application deadline is Friday, March 4, 2011. Internship placements will begin in May.
Attached you will find the internship overview, application and the internship recommendation form. You can also download the application materials from our website at any time. Internships Asia staff are available to give advice and answer questions during the application period. You can chat directly with us through our website or send us an email at: apply@internshipsasia.org.
Thank you for your time, and we look forward to working with you.
Most sincerely,
Our Staff
www.internshipsasia.org
For more information, click the links below.
Internship Overview
Recommendation
Application












