Pages

Sunday, December 27, 2009

ကောင်းကင် ဇာကြောင့် ပြာရလဲ

လလင်းကြကြင်းဟိရေနိန့်တိမှာ ကောင်းကင်ကြီးသည် ပြာနိန်တတ်ပါရေ။ ယေကေ ဇာကြောင့်ပြာနိန်ရလဲ။
သမားရိုးကျ ထင်မြင်ချက်ပီးလိုက်စွာထက် ယင်းအမိန်းကို သိပ္ပံနည်းကျကျ ဇာပိုင် ယှင်းလင်းဖြေကြား ကတ်ပါဖို့လဲ။

ကောင်းကင်ပြာရရေကိစ္စက နီရောင်ခြည်တန်းရို့၊ လီထု(Atmosphere)ရို့နာင့် ဆက်စပ်နိန်ပါရေ။ ကမ္ဘာ့လီထုရေ တကယ်တမ်းကျကေ ဓာတ်ငွေ့တိ၊ ကမ္ဘာကိုဝန်းရံထားရေ တခြားအရာတိနာင့် ဖွဲ့စည်းထားစော်ပါ။ အများစုကတော့ ဓာတ်ငွေ့ပါ။ ကမ္ဘာ့လီထု၏ ၉၉ ရာခိုင်နှုန်းရေ နိုက်ထရိုဂျင်နာင့် အောက်စီဂျင် ဓာတ်ငွေ့တိပါ။ နိုက်ထရိုဂျင်က ၇၈ရာခိုင်နှုန်း၊ အောက်စီဂျင်က ၂၁ ရာခိုင်နှုန်းစီပါ။ ယင်းအတွက်ကြောင့် နီက ကျရောက်လာရေ အလင်းတန်းတိရေ ကမ္ဘာ့မျက်နှာပြင်ကို မရောက်ခင်
လီထုထဲက အောက်စီဂျင်နာင့် နိုက်ထရိုဂျင် အက်တမ်တိကို ဖြတ်သန်းရပါရေ။ ယင်းခါ ဖြတ်လားရေအလင်းတန်းတိကို အက်တမ်တိက ပြန့်ကြဲစီပါရေ။ အက်တမ် အချင်း(diameter)ရေ ကျရောက်လာရေ အလင်းတန်း လိုင်းအလျား(wavelength)၏ ၁၀ ပုံတစ်ပုံနာင့် ညီမျှပျာယ်ဆိုကေ ပြန့်ကြဲမှုကို စတင်ပါရေ။ (နီရောင်ခြည်တန်း၏
လိုင်းအလျား အရှည်၊ အတိုမှာ မူတည်ပြီးကေ လူ့မျက်စိက ဇာချင့်က အပြာ၊ ဇာချင့်ကအနီ စသဖြင့် ခွဲခြားသိမြင်ခြင်းဖြစ်သည်။) ယင်းပြန့်ကြဲမှုဖြစ်စိုင်ကို “ရဲလေ ပြန့်ကြဲမှု” (Rayleigh scattering)လို့ ခေါ်ပါရေ။

နီရောင်ခြည်၏ အရောင်ရေ အရောင်အမျိုးမျိုးဟိပါရေ။ လိုင်းအလျား ရှည်ကတ်တေ အနီရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်ဟိရေ ရောင်ခြည်တိကို လီထုထဲမှာ ဟိနိန်ရေ အက်တမ်တိက အေလောက် ပြန့်ကြဲမပစ်ပါ။ လိုင်းအလျားတိုရေ အပြာရောင်ရောင်ခြည်တိကို ကျခါ လီထုထဲမှာ ဟိနိန်ကတ်တေ ဓာတ်ငွေ့အက်တမ်တိက စုပ်ယူပြီးကေ အရပ်မျက်နှာဘက်တိုင်းကို ပြန်ပြီးကေ လွင့်ထုတ်ပီးပါရေ။ ယေခါ ယင်းအပြာရောင် နီရောင်ခြည်တိက နိန်ရာအနန့် ပျံ့နှံ့လားပါရေ။ ယင်းအတွက်ကြောင့်
လလင်းကြကြင်းနိန့်တိမှာ ကျနော်ရို့ ကောင်းကင်ကို မော့ကြည့်လိုက်တိုင်း တခြားအရောင်တိကို မမြင်ဘဲ အပြာရောင်ကောင်းကင်ကြီးကိုရာ မြင်ရခြင်းဖြစ်ပါရေ။

မှီငြမ်းချက်
1. Science Made Simple, 'Why Is The Sky Blue?', http://www.sciencemadesimple.com/sky_blue.html, accessed December 27, 2009.
2. How Stuff Works, 'Why is the sky blue?', http://science.howstuffworks.com/nature/climate-weather/atmospheric/sky.htm,
accessed December 27, 2009.

0 comments:

Post a Comment

 
© Copyright by AS  |  Template by Blogspot tutorial