Pages

Tuesday, November 23, 2010

နိုင်ငံတိုင်းလိုချင်သော သည်ရွှေဖလား

အားကစားလောကမှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရေ အားလုံးသိကတ်တေအတိုင်း လူကြည့်အများဆုံး၊ လူတိအကြိုက်ဆုံး ပြိုင်ပွဲ တစ်ပွဲဖြစ်ပါရေ။ ကမ္ဘာ့ဖလားရောက်တိုင်း တကမ္ဘာလုံးရေ ပျော်ရွှင်မှုတိ၊ စုဝေးပွဲတိနာင့် နိုးကြားဆူညံ နိန်တတ်ပါရေ။ ယေကေလေ့ ကမ္ဘာ့ဖလားနာင့် ပတ်သက်လာကေ လူအများမသိကတ်တေ စိတ်ဝင်စားစရာတစ်ခုကလည်း ဟိနိန်ပါရေ။ ယင်းချင့်ကတော့ အနိုင်ရအသင်းရေ အနိုင်ရဆုဖလားကို ကိုယ်ပိုင်အနိန်နာင့် မပိုင်ဆိုင်ရခြင်းပါ။ ရွှေ ၁၈ ကဲရတ် နာင့် လုပ်ထားပြီးကေ ၃၆ စင်တီမီတာရှည်ရေ ယင်းဆုကြီးကို ပြိုင်ပွဲမကျင်းပရေ အချိန်တိမှာ အများမသိနိုင်ရေ လျှို့ဝှက်နိန်ရာတစ်နိန်ရာမှာ သော့ခတ်သိမ်းထားတတ်ပါရေ။

အဂုလက်ဟိ ဆုဖလားဒီဇိုင်းမတိုင်ခင် အယင်က ဂျူးလ်စ်ရီးမက် (Jules Rimet Trophy)ဆိုရေ ဆုဖလားကို ၁၉၃၀ကနိန် ၁၉၇၀ခုနှစ်ထိ ပီးအပ်ခပါရေ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ ဥက္ကဌ ပြင်သစ်လူမျိုး ဂျူးလ်စ်ရီးမက်ကို အစွဲပြုလို့ ခေါ်ထားခြင်းဖြစ်ပါရေ။ သူ့၏ ပထမဆုံးဆုကို ယင်းနှစ်(၁၉၃၀)က နိုင်ရေ ယူရုဂွေး အသင်းကို ချီးမြှင့်ခပါရေ။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ခါ ၁၉၃၈ ခုနှစ်ပြိုင်ပွဲအနိုင်ရ အီတလီအသင်းက ယင်းဆုဖလားကို ထိန်းသိမ်းခွင့်ရခပါရေ။ စစ်အတွင်း နာဇီတိ လုဖို့စွာကို ကြောက်လို့ ဖိနပ်ထည့်ရေ ဘူးထဲမှာ ထည့်ပြီးကေ ကုတင်အောက်ထဲမှာ ၀ှက်လို့ သယ်ယူခြင်းတိကို လုပ်ခကတ်တေလို့လည်း သိရပါရေ။

၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားကို အင်္ဂလန်နိုင်ငံမှာ ကျင်းပါခပါရေ။ ပွဲမစခင် ၄ လအလို မက်ရှ်လ ၂၀ ရက်နိန့်မှာ ယင်းဆုဖလား အခိုးခံရပါရေ။ ၀က်စ်မီနစ်စတာ ဆန်ဒရယ် ခန်းမကြီး (Westminster Central Hall)ထဲမှာ အများပြည်သူတိ ကြည့်ရှုနိုင်အောင် ပြသထားစွာကနိန် ခိုးလားခြင်းဖြစ်ပါရေ။ နောက်ထပ် ၇ ရက်ကြာပြီးခါမှ လန်ဒန်မြို့တောင်ဘက်က ဥယျာဉ်တစ်ခု၏ ခြုံတိကြားမှာ လားတိခီပါရေ။ ပိတ်ကဲယ် (Pickles)လို့ခေါ်ရေီခွီးတစ်ကောင်က ခြုံကြားထဲက သတင်းစာတစ်စောင်ကို လားဆွဲခီစွာကနိန် သတင်းစာ စာရွက်တိနန့် ပတ်ထားရေ ဆုဖလား ထွက်ကျလာရေလို့ ပြောပါရေ။ ယင်းခွီးကယ်လိုက်လို့ အင်္ဂလိပ်တိလည်း မျက်လုံးပြူးမျက်ဆံပြူးဖြစ်နိန်စွာကနိန် သက်သာရာ ရလားကတ်ပါရေ။

၁၉၇၀ ခုနှစ်ကို ရောက်လာရေခါ ဘရာဇီးအသင်းက သုံးကြိမ်မြောက်အဖြစ် နိုင်ခပါရေ။ ယင်းအတွက်ကြောင့် ဂျူးလ်စ်ရီးမက်ချမှတ်ခရေအတိုင်း ဘရားဇီးအသင်းက သုံးကြိမ်မြောက်နိုင်လို့ ဆုဖလားကို အပိုင် ပိုင်ဆိုင်ခွင့် ရခပါရေ။ ယေကေလေ့ ကံဆိုးစွာနန့် ၁၉၈၃ ခုနှစ်မှာ အခိုးခံရလို့ ပျောက်ဆုံးလားခရပါရေ။ (အဂုလက်ဟိ ဖီဖာ ဥပဒေအရဆိုကေ သုံးကြိမ်နိုင်ကေလေ့ ဆုဖလားကို မပီးပါ။ ဆုဖလားမူရင်းကို အနိုင်ရရေ အသင်းက နောက်ပွဲမတိုင်ခင်ထိ ထိန်းသိမ်းနိုင်ပါရေ။ ပြီးခါမှ ယင်းနန့်ဆင်တူတစ်ခုကို ပီးပါရေ။ မူရင်းမှာ ရွှေအတုံးလိုက်ပါပြီးကေ သူ့ကိုယ်ပွားမှာက ရွှေအပြားချေလောက်ပဲ ပါ ပါရေ။)

၁၉၇၄ ခုနှစ်ကမ္ဘာ့ဖလားပွဲအတွက် ဆုဖလားလုပ်ဖို့ ဒီဇိုင်းတိကို ဖီဖာက လက်ခံခပါရေ။ နိုင်ငံပေါင်း ၇ နိုင်ငံက ဒီဇိုင်းပေါင်း ၅၃ခုကို ပီးပို့ခကတ်ပါရေ။ ယင်းအထဲကမှ အီတလီလူမျိုးအနုပိုင်ညာရှင် ဆီလ်ဗီယို ဂါဇန်နီဂါ (Silvio Gazzaniga) ဆွဲခရေ အဂုလက်ရှိဖလားဒီဇိုင်းကို ရွီးချယ်ခစွာ ဖြစ်ပါရေ။ လက်ဟိစာရင်းအရဆိုကေ ဘရားဇီးက ၅ ကြိမ်၊ အီတလီက ၄ ကြိမ်၊ ဂျာမနီက ၃ ကြိမ်နန့် အများဆုံးနိုင်ရေ နိုင်ငံတိအဖြစ် ဦးဆောင်နိန်ကတ်ပါရေ။

0 comments:

Post a Comment

 
© Copyright by AS  |  Template by Blogspot tutorial