Pages

Sunday, December 12, 2010

ဒေါက်တာအေးချမ်း ပြောတဲ့ နိုဘယ်ဆုနှင့် တရုတ် ပထ၀ီနိုင်ငံရေး ဩဇာထူထောင်မှု



မောက္ခ ပညာရေးမဂ်ဂဇင်းမှ အင်တာဗျူးကို မျှဝီလိုက်ပါသည်။ *
----------------------------------------------------
ဒေါက်တာ အေးချမ်းမှာ ဂျပန်နိုင်ငံ Kanda တက္ကသိုလ်တွင် လက်ရှိ သမိုင်း ပါမောက္ခတာဝန်ကို ထမ်း ဆောင် နေသူ ဖြစ်သည်။

မြန်မာ့သမိုင်းဘာသာရပ်နှင့် ပတ်သတ်ပြီး ကျိုတိုတက္ကသိုလ်တွင် Ph.D လေ့လာပြီးနောက်၊ ၁၉၉၀ မှ ၁၉၉၇ ခုနှစ်အထိ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် မြန်မာနိုင်ငံတွင် အထိန်းသိမ်းခံခဲ့ရသည်။ ဒေါက်တာအေးချမ်း ကျိုတို တက္ကသိုလ် ပညာသင်ယူစဉ်ကာလတွင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ထိုတက္ကသိုလ်တွင် သုတေသန လုပ်နေချိန်ဖြစ်သည်။ ယခု ဒေါက်တာအေးချမ်းကို Liberty မဂ္ဂဇင်းမှ တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး အမြင် သဘောထား မေးမြန်းချက်ကို ဖော်ပြလိုက်ရပါသည်။

မေး။ ယခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူ လျူရှောင်ဘိုကို ချီးမြှင့်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အာစီယံနဲ့ကော၊ မကြာမီက ဂျပန်နဲ့ ဆန်ခါခု ကျွန်းကိစ္စတွေမှာပါ အမြဲ နယ်နမိတ်ပြဿနာအပေါ် ရန်လိုတဲ့ သဘောထားမျိုးတွေ ပြတတ်တယ်။ ဒါပေမဲ့ ကမ္ဘာက တရုတ်နဲ့အတူရှိမနေဘူး၊ ဘယ်တော့မှ သူ့ကို လျော့မပေးဘူး ဆိုတာ ဒီငြိမ်းချမ်းရေးဆုကနေ တရုတ်အစိုးရကို ရှင်းရှင်း ဖော်ပြလိုက်တာဖြစ်တယ်။ ခင်ဗျား အမြင်ကော ကျနော်တို့ကို ဘာပြောချင်ပါလဲ။

ချမ်း။ နော်ဝေ နိုဘယ်ဆုကော်မတီဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတစ်ခု ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေကြသူတွေကို အမြဲအလေးဂရုပြုနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီကော်မတီ က ကမ္ဘာအနှံမှ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဆောင်ရွက်နေတဲ့ လူအသီးသီးရဲ့ ကြိုးပမ်းရှာဖွေနေမှုတွေကို အမြဲအားပေး တုံ့ပြန်တတ်ပါတယ်။

တရုတ်လူ့အခွင့်ရေး လှုပ်ရှားသူ လျူရှောင်ဘိုကို နိုဘယ်ဆု ချီးမြှင့်ခြင်းဟာ နိုဘယ်ဆုကော်မတီ သဘောထားထက် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုကို ပိုပြီးထင်ဟပ်ဖော်ညွှန်းရာရောက်ပါတယ်။ တရုတ်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ ‘လူ့အခွင့်အရေး ကြေငြာစာတမ်းမူ’ဟာ ၁၉၆၆ ခုနှစ် ‘အများပြည်သူနှင့် နိုင်ငံရေးအခွင့်ရေးများနဲ့ဆိုင်သော နိုင်ငံတကာပဋိညာဉ်စာချုပ်’ ရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဗီတိုအာဏာကို တရုတ်အသုံးပြုခြင်းဟာ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို လုံးဝဂရုမစိုက်ရာ ရောက်ပါတယ်။ မြန်မာ စစ်အစိုးရကလည်း တရုတ်နည်းလမ်းအတိုင်း လိုက်လုပ်ဆောင်နေပါတယ်။

မေး။ ခင်ဗျားရဲ့ ဆောင်းပါးတစ်ခုမှာ နိုင်ငံတကာ နိုင်ငံရေးကို အကျိုးသက်ရောက်စေတဲ့ Alfred Mahan ရဲ့ သီအိုရီတစ်ခုအကြောင်း ကျနော်တို့ လေ့လာသိရှိရပါတယ်။ ပထ၀ီနိုင်ငံရေး သီအိုရီများဟာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာ လုံခြုံရေးအတွက် ဘယ်နိုင်ငံအတွက်မဆို အဓိက ဖက်တာဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီတော့ ဆိုရရင် ၂၁ ရာစု ဒစ်ပလိုမေစီက ပထ၀ီနိုင်ငံရေး နည်းဗျူဟာတွေအပေါ်မှာ တည်မှီနေပြီလား။

ချမ်း။ ပထ၀ီနိုင်ငံရေး ဖက်တာများဟာ အမျိုးသားလုံခြုံရေးအတွက်နဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် ဩဇာဖြန့်ကျက်မှုတို့အတွက် အလွန်အရေးပါတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကို Alfred Thayer Mahan က ထောက်ပြဖူးတယ်။ ပင်လယ်ကို စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ ရေတပ်အင်အားရှိသူဟာ နိုင်ငံခြားရေးပေါ်လစီမှာ အဓိက အာဏာရှိသူပါပဲတဲ့။

ဆယ့်ကိုးရာစု တစ်ဝက်လောက်ကတည်းက အမေရိကန်၊ ဂျပန်နဲ့ ဥရောပ ကိုလိုနီနိုင်ငံကြီးတွေအပေါ် အဲဒီသီအိုရီက လွှမ်းမိုးထားတယ်။ ဒီသီအိုရီက အခု ၂၁ ရာစုမှာလည်း ခေတ်အောက်မသွားသေးဘူး။ အခု ၂၁ ရာစု အစပိုင်းမှာကို ပင်လယ်ထဲ ရေတပ်အင်အား ပြိုင်ဆိုင်မှုတွေ မြင်တွေ့နေကြရတာပဲ။ တရုတ်ဟာ ပိစိဖိတ်ပယ်လယ်မှာ အမေရိကန်နဲ့ ရေတပ်အင်အား ပြိုင်ဆိုင်ဖို့ ပြင်ဆင်နေပြီး၊ အိန္ဒိယပင်လယ်မှာတော့ အိန္ဒိယနဲ့ ပြိုင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။

မေး။ ၂၁ ရာစုမှာ တရုတ်ဟာ ပင်လယ်ရေကြောင်းပါဝါ (Ming) နဲ့ ကုန်းမြေပါဝါ (Yuang) ကို ပေါင်းစုစည်းဖို့ ရည်မှန်းချက် ကြီးကြီးနဲ့ လုပ်ဆောင်နေတာ မြင်ရတာ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခင်ဗျားအမြင်တွေ လုပ်ပါဦး။

ချမ်း။ စိန ဗဟိုပြုမှုစနစ် (中華思想) က တရုတ်နိုင်ငံခြားရေး ပေါ်လစီမှာ အဓိက အခန်းကဏ္ဍက အရေးပါ နေသေးတယ်။ မင်းဆက်စိုးစံတဲ့ခေတ်မှာ ကျူးကျော်ခြင်း သို့မဟုတ် အညံ့ခံဖို့ တောင်းဆိုခြင်းဟာ နည်းဗျူဟာပဲ။ ၂၁ ရာစုမှာကျတော့ ဒီနည်းက ခေတ်အောက်သွားပြီ။ ပေကျင်းအစိုးရက ‘ပါဝါအပျော့ ပေါ်လစီ’ ကို စတင်အသုံးပြုလာတယ်။ တရုတ်ဟာ အရင် မွန်ဂိုစစ်တပ်တွေ ကျူးကျော်ခဲ့တဲ့ ယူရေးရှားဒေသ အားလုံးကို ဩဇာပြန်လွှမ်းဖို့ မတတ်နိုင်ဦးတော့၊ အဲသလောက်များများ ထိန်းထားနိုင်ဖို့ လိုချင်နေပါတယ်။

ပေကျင်းဟာ ချင် (မန်ချုး) မင်းဆက် လက်ထက်မှာ ဗြိတိသျှအိန္ဒိယနဲ့ တရုတ်တို့အကြား နယ်နမိတ်လိုင်း သတ်မှတ်ရေးဆွဲထားတဲ့ the McMahon မျည်းကို အသိအမှတ်ပြုဖို့ ငြင်းဆိုပါတယ်။ ဒါက သူတို့ရဲ့ အင်ပါယာ မြေမျက်နှာပြင် ချဲ့ထွင်လိုတဲ့ ရည်ရွယ်ချက်ကို ပြသနေပါတယ်။ မင်း မင်းဆက်ဟာ ဂျပန်၊ တောင်အာရှ၊ အရှေ့တောင်အာရှတို့နဲ့ ကန်ုသွယ်ရေး အသုံးပြုဖို့ ပယ်လယ်လမ်းကြောင်းတွေ တည်ထောင်ခဲ့တယ်။ အခု ပေကျင်းအစိုးရကလည်း အဲဒီ ဖြစ်ရပ်နှစ်ခုကို ပြန်ပေါင်းစပ်ဖို့ အိပ်မက်မက်နေကြတယ်လေ။

မေး။ ‘မြောက်ကိုရီယားနဲ့ မြန်မာကြားက မိစ္ဆာ၀င်ရိုးတန်း’ ဆိုပြီး ခင်ဗျားရေးခဲ့တယ်။ ဒါပေမဲ့ မိစ္ဆာ၀င်ရိုးက ပါကစ္စတန်နဲ့ အီရန်အထိ ချဲ့ကားနေပြီ။ အဲဒီ မိစ္ဆာအင်ပါယာ နောက်ကွယ်မှာ တရုတ်က အဓိကဗဟိုဆုံချက်မှာ ရှိနေသလား။

ချမ်း။ မြန်မာနဲ့ မြောက်ကိုရီယားကြားမှာက မိစ္ဆာ၀င်ရိုးတန်းက ထူထောင်ပြီးသားပါ။ သို့ပေမယ့် ပေကျင်းအစိုးရ စပွန်ဆာ ပေးမှုအောက်မှာ အီရန်နဲ့ ပါကစ္စတန် အထိ ချဲ့ကားဖို့ကတော့ ယဉ်ကျေးမှုနဲ့ ဘာသာရေးတို့ကြောင့် အဟန့်အ တား ဖြစ်နေပါသေးတယ်။ အဲဒီ မူဆလင်နိုင်ငံနှစ်နိုင်ငံက ဆယ်စုနှစ်အချို့ တရုတ်နဲ့ နီးနီးကပ်ကပ် မဟာမိတ်အဖြစ် ဆက်ရှိနေပါလိမ့်မယ်။

မေး။ နောက်ဆုံး မေးခွန်းမေးပါရစေ။ ခင်ဗျားကျနော့်ကို ပြောခဲ့ဖူးတာရှိတယ်။ '၂၁ ရာစု ဟောဒီကမ္ဘာဂြိုဟ်ပေါ်မှာ နေထိုင်ကြမယ့် လူတွေဟာ လွတ်လပ်မှု ခံစားကြရမလား၊ အာဏာရှင်စနစ်အောက်မှာပဲ နေထိုင်သွားကြရမလား ဆိုတာဟာ အထူးသဖြင့် ကျနော်တို့ တရုတ်ကို ဘယ်လိုဆန့်ကျင် ပြုမူသွားကြမလဲဆိုတဲ့ အပေါ်မှာ တည်မှီနေတယ်လို့' ဆိုခဲ့တယ်။ ဒါ ခင်ဗျားကျနော်တို့ကို ပြောချင်တဲ့ဟာပဲလား။

ချမ်း။ ဆင်မြူရယ်လ် ဟန်တင်တန် က၂၁ ရာစုဟာ ‘ယဉ်ကျေးမှုတွေ တိုးဆောင့်မယ့် ခေတ်’ လို့ ခန့်မှန်းခဲ့တယ်။ ဒါမှန်လာတာပဲလေ။ ဒါကို ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်တို့အကြား တိုးတိုက်ကုန်တာလို့လည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်တာပဲ။

၁၉၈၉ ခုနှစ်မှာ ဒလိုင်းလားမားကို နိုဘယ်ဆုပေးတော့ တရုတ်က နိုဘယ်ဆုကော်မတီကို အပြစ်တင်ခဲ့တယ်။ အဲဒီ ဘာသာရေး ခေါင်းဆောင်ကြီးက တိဘက်မှာ ငြိမ်းချမ်းရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့် ရရှိဖို့ အမြဲ ဆော်ဩနေတဲ့သူပါ။ အခု လျူရှောင်ဘိုကို ဆုချီးမြှင့်လို့ ကော်မတီကို ပြင်းပြင်းထန်ထန် ဝေဖန်နေပြန်ပြီ။ ပေကျင်းဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ဖက်က ရပ်နေတယ်။

ဒီနေရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အစိုးရများနဲ့ တရုတ်အကြားက ဆက်ဆံရေးအကြောင်း များများစားစား ကျနော်တို့ စဉ်းစားမနေသင့်ဘူး။ အဲဒီနိုင်ငံတွေက ပြည်သူတွေဟာ သူတို့အာဏာရှင်တွေ တွေးထင်သလောက် တုံးအနေကြတာ မဟုတ်ဘူး။ အီလက်ထရောနစ်ဆက်သွယ်ရေးခေတ်မှာ လစ်ဘရယ်လစ်ဇင်က တောမီးလို မြန်မြန်ကြီး ပြန့်နှံ့နေပါတယ်။ လူထုတွေရဲ့ လွတ်လပ်မှုရှာပုံတော်ဟာ အောင်မြင်ပါလိမ့်မယ်။ ကျနော်တို့ စောင့်ကြရပါမယ်။

ရည်ညွန်း။ The Liberty Web
____________________________________________

1 comments:

U Chandramani Student Welfare Association said...

i m reading about it

Post a Comment

 
© Copyright by AS  |  Template by Blogspot tutorial