အပိုင်း(၁)မှာ ဖော်ပြခရေပိုင် unitary stateချေတိသည် ရီနံခွန်ကို ဗဟိုကထိန်းချုပ်တေ full centralization model ကို သုံးဂတ်သည်။ ရီနံတူးဖော်ခြင်း၊ ရီနံထုတ်လုပ်ခြင်းတိက ရရှိရေ အခွန်ငွေတိကို ဗဟိုအစိုးရ၏ အထွေထွေအခွန်အဖြစ် ပီးဂတ်ရသည်။ ယင်းစနစ်ကိုကျင့်သုံးရေ နိုင်ငံတိကတော့ Gulf Cooperation Council(GCC)လို့ခေါ်ရေ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆက်သွယ်ရေး ကောင်စီဝင်နိုင်ငံတိဖြစ်တေ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗီးယား၊ယေမန် နိုင်ငံတိဖြစ်သည်။ တခြား ရီနံထုတ်unitary stateကြီး တိဖြစ်တေ အယ်ဂျီးရီးယား၊ အာဇာဘိုင်ဂျန်၊ အီရန်၊ အီရတ်၊ လစ်ဗျား၊ နော်ဝေး နာင့် အင်ဂလန်ရို့ကလည်း အထက်ပါ စနစ်ကို သုံးဂတ်သည်။
ယင်းဖော်ပြပါ စနစ်၏ ကောင်းကျိုးတိမှာ -
၁။ ဗဟိုအစိုးရမှာ ရီနံအပြင် တခြားအခွန်တိလည်း ကောက်ခံထားလို့ ရီနံခွန်အတက်အကျ ဂယက်ကို ပိုခံနိုင်ခြင်း၊
၂။ နိုင်ငံတွင်း ဒေသတိအကြား မညီမျှမှုတိကို ကြပ်မတ်ပီးနိုင်ခြင်း၊
၃။ ဒေသအစိုးရတိအကြား ရီနံခွန်မဟုတ်တေ တခြားအခွန်တိ အပြိုင်အဆိုင်လျှော့ကောက်ခြင်းကို လျှော့ချနိုင်ခြင်း ရို့ဖြစ်သည်။
(ဂ-က)Unitary Stateချေတိ၏ အခက်အခဲတိ
၁။ ရီနံထုတ်လုပ်တေ နိုင်ငံအများစုသည် ရီနံအပြင် တခြားအခွန်ကောက်ခံခြင်းတိကိုလည်း လုပ်ဆောင်ဂတ်ရဖို့ ဆိုစွာကို အသိအမှတ်ပြုဂတ်သည်။ ယေမှရာ ရီနံခွန်တစ်ခုတည်းကိုရာ မှီခိုနိုင်စရာမလိုဘဲ ရီနံခွန်အတက် အကျကြောင့် ရိုက်ခတ်လာနိုင်ရေ ဘဏ္ဍာငွေ နည်းပါးမှုတိကို ကာမိနိုင်ဖို့ဖြစ်သည်။ ယင်းအပြင် တချို့နိုင်ငံတိဆိုကေ World Trade Organization (WTO) ခေါ် ကမ္ဘာ့ကုန်သွယ်ရေးအသင်းကြီးကို ၀င်ခွင့်ရဖို့ စောင့်စားနိန်ချိန်မှာ သွင်းကုန်ခွန်တိကို လျှော့ကောက်ခဂတ်ပါသည်။ ယင်းပိုင် လွန်ခရေ ဆယ်နှစ်အတွင်းမှာ ရဟိခရေ သွင်းကုန်ခွန်နည်းပါးမှုတိကိုလည်း ကာမိနိုင်ဖို့ဖြစ်သည်။ အာဇာဘိုင်ဂျန်နာင့် တခြားနိုင်ငံတိဆိုကေ Value Added Tax (VAT)လို့ခေါ်ရေ အခွန်တိကို ကောက်ခံပြီးကေ ရီနံခွန်မတည်ငြိမ် မှု ဂယက်ကို တတ်နိုင်သလောက် နည်းပါးအောင် လုပ်စွာတိကိုလည်း တွိရပါသည်။ (VATဆိုစွာက sale taxလို့ ခေါ်ရေ အ၀ယ်ခွန်နာင့် မတူပါ။ VATက ပစ္စည်းတစ်ခုကို လက်အပြောင်းအလဲလုပ်တေ လူတိတိုင်းပါးက ယင်းပစ္စည်းတန်ဖိုးအပြောင်းအလဲ (value) ကို မူတည်လို့ ပီးရစွာပါ။ ဥပမာ - ငပိတစ်ပိဿာကို ပထမလူတစ်ယောက်က ၁၀၀၀ နာင့် ၀ယ်လိုက်ပြီးကေ နောက်တစ်ယောက်ကို ၁၁၀၀နာင့် ရောင်းကေ ယင်းအပိုငွေ ၁၀၀ ထက်မှာ သင့်လျော်ရေ အခွန်ကို ကောက်စွာမျိုးပါ။ ယင်းငပိကို လက်လဲလက်ပြောင်း ရောင်းနိန်သမျှကာလပတ်လုံး အခွန်ကလည်း လိုက်ကောက်နိန်ပါဖို့။)
၂။ တချို့နိုင်ငံတိဆိုကေလည်း ပဒေသာပင် စိုက်ထူပြီးကေ ရီနံခွန်အတက်အကျနာင့် အသုံးစရိတ် (Expenditures)မလုံလောက်နိုင်မှုတိကို ကာကွယ်ဖို့ကြိုးစားဂတ်သည်။ ယင်းပိုင်နိုင်ငံတိဖြစ်တေ နော်ဝေး၊ အာဇာဘိုင်ဂျန်၊ ကူဝိတ်ရို့မှာ Reserve Fundဆိုပြီးကေ အရန်ပဒေသာပင်တိကို စိုက်ထူထားဂတ်သည်။ ယင်းပိုင်စီမံခြင်း၏ အားနည်းချက်တစ်ခုကတော့ သုံးနိန်ကျ ဘားဂျတ်(Budget)ပိုင် စောင့်ကြည့်မှု နည်းပါးရေ မျဉ်းပြိုင်ဘားဂျတ်စီမံချက်တစ်ခု ပေါ်ပေါက်လာနိုင်ခြင်းဖြစ်သည်။ အေပိုင်အားနည်းချက်တိကို အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံတိမှာဟိရေ ဒေသပိုင်းဆိုင်ရာ အစိုးရတိအဆင့်မှာ တွိဟိရသည်။ ယင်းပိုင်ဘားဂျတ်ပိုင်းဆိုင်ရာ ရှုပ်ထွီးမှုတိကို ရှောင်ရှားနိုင်ဖို့အတွက် နော်ဝေးနိုင်ငံမှာဆိုကေ ယင်းပိုင် အရန်ငွေပဒေသာပင်ထဲကို ၀င်လာရေ ဖဲ့ချာတိကို ပါလီမန်သို့ အစီရင်ခံရသည်။ ယင်းပဒေသာပင်ကနိန် အစိုးရဘားဂျတ်ထဲကို ငွေလွှဲချင်ရေဆိုကေလည်း ပါလီမန်က ခွင့်ပြုချက်ပါမှရသည်။ ယေပြီးခါမှရာ သုံးစရာဟိစွာတိကို အစိုးရဘားဂျတ်ကနိန်တဆင့် ယူသုံးဂတ်ရသည်။
၃။ တချို့ကလည်း ရီနံနောက်ဆုံးထုတ်လုပ်နိုင်ဖို့ နှစ်ကို ခန့်မှန်းပြီးကေ (ရီနံရေ အမြဲတမ်းဟိနိန်ဖို့ သဘာဝသယံဇာတမဟုတ်ဘဲ အချိန်တန်ကေ ခန်းခြောက်လားသည်။) ကောက်ခံရဟိလာရေ နှစ်စိုင်ရီနံခွန်ထဲက တချို့တ၀က်ကို အတိုးရနိုင်ရေ ပဒေသာပင် (Saving Fund)တိ စိုက်ပြီးကေ နောက်လာဖို့ မျိုးဆက်သစ်တိအတွက် ကြိုလုပ်ပီးထားဂတ်သည်။ ဥပမာ - ကူဝိတ်နိုင်ငံက The Kuwaiti Reserve Fund for Future Generations (RFFG)ပိုင် ပဒေသာပင်စိုက်ထူခြင်းမျိုးကို ဆိုလိုသည်။ (ယေကေလေ့ ကူဝိတ်ကို အီရတ်က ၀င်သိမ်းပြီးနောက် ယင်းပဒေသာပင်က ဖဲ့ချာတချို့ကို နိုင်ငံပြန်လည်တည်ဆောက်ရေး စီမံကိန်းတိ အတွက် သုံးလိုက်ရသည်။)
Reserve Fundပဲထားထား၊ Saving Fundပဲထားထား ယင်းနိုင်ငံ၏ ငွေကြေးပေါ်လစီမကောင်းကေတော့ နိုင်ငံ၏အစိုးရဘားဂျတ်၊ အစိုးရစုဆောင်းငွေတိကို တည်ငြိမ်စီဖို့ကလည်း ခဲယဉ်းသည်။ တခါတလီ ယင်းပိုင် ငွေပဒေသာပင်တိစိုက်ထူခြင်းသည် မှန်းချက်နာင့် နှမ်းထွက်မကိုက် ဖြစ်တတ်တေအတွက်ကြောင့် စထူထောင်စခါ ဂရုတစိုက် စောင့်ကြည့်လေ့လာသုံးသပ်နိန်ဖို့လိုသည်။
(ဂ-ခ) Unitary Stateကြီးရို့၏ အဖြစ်အပျက်တိ
နိုင်ငံချေတိက ရီနံခွန်အတက်အကျဂယက်ရိုက်ခံရမှု နည်းအောင် လုံးပန်းနိန်ဂတ်တေပိုင် နိုင်ငံကြီးတိကလည်း ရီနံထွက်ဒေသတိနာင့် ကောက်ခံရဟိရေ ရီနံခွန်မျှဝီရေး (သို့) ရီနံခွန်ကောက်ခံရေ နိန်ရာတိမျှဝီခြင်း စရေ ကိစ္စတိနာင့် လုံးချာလည်နိန်ဂတ်ရသည်။ နိုင်ငံကြီးတိသည် ပုံမှန်ပြဿနာတိအပြင် တခြားရီနံခွန်မျှဝီရေး ကိစ္စတိမှာ အခက်အခဲတိအများကြီးနာင့် ရင်ဆိုင်ဂတ်ရသည်။
၁။ ဇာဒေသက အခွန်ပိုရသင့်လဲဆိုရေ အငြင်းပွားမှု၊ ဇောဒကတက်မှုတိက အမြဲတမ်းနီးပါးဟိတတ်သည်။ ခရိုင်၊ မြို့နယ်တိမှာဆိုကေ ပိုဆိုးသည်။ ခရိုင်၊ မြို့နယ်တိကို မြီထက်မှာ နယ်နိမိတ် စည်းတားပြီးကေ သတ်မှတ်လို့ ရကေလေ့ မြီအောက်ပြဿနာတိက တက်လာတတ်သည်။ ဥပမာ - ပထမခရိုင်မှာဟိရေ ရီနံတွင်းက ရီနံတည်ဟိမှုသည် ဒုတိယခရိုင်မှာ အရန်ထားရေ ရီနံတွင်းနာင့် ဆက်စပ်နိန်စွာမျိုးဖြစ်တတ်သည်။ ယေခါ ပထမခရိုင်မှာဟိရေ တွင်းထဲက ရီနံကို စုပ်ထုတ်လိုက်ကေလေ့ ဒုတိယခရိုင်မှာဟိရေ အရန်ရီနံတိ ပါလခပိုင်လည်း ဖြစ်နိန်သည်။
၂။ ယင်းပိုင်ဒေသတိကို ဗဟိုက မထိန်းချုပ်ဘဲ ရီနံခွန်ကောက်ခံခွန် ပီးလိုက်ကေ ပြဿနာတိက ယှင်းမရဖြစ်တတ်သည်။ ဒေသတွင်း အခွန်မညီမျှမှုတိကို ဖြစ်ပေါ်စီနိုင်သည်။
၃။ ပထမပိုင်းမှာ ဖော်ပြခရေပိုင် တခြားရီနံမဟုတ်တေ ပစ္စည်းခွန်တိ အပြိုင်အဆိုင်လျှော့ကောက်ဂတ်ကေလည်း ဒေသတွင်း တိုးတက်မှုမညီမျှခြင်းတိကို ဖြစ်စီနိုင်သည်။
၎။ ယင်းကိစ္စတိက ဗဟိုအစိုးရ၏ ဂယက်ရိုက်မှုတိကို ဖြေယှင်းဖို့ကြိုးစားချက်တိကို အနှောက်အယှေက်ဖြစ်စီနိုင်သည်။
ဒေသခံအစိုးရတချို့က ရီနံခွန်အမြောက်အမြားကို ရနိန်ကေ တစ်နိုင်ငံလုံးအတိုင်းအတာအရ ငွေကြေးပေါ်လစီပိုင်းဆိုင်ရာ လုပ်ဆောင်စွာတိမှာ အခက်အခဲဖြစ်နိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတိက အစိုးရတိသည် ရီနံဈီးနှုန်းတက်နိန်ရေအချိန်မှာ အသုံးအစွဲကြီးတတ်သည်။ သုံးစွဲရေအချိန်မှာလည်း သုံးစွဲမှုတိကို စနစ်တကျအကျိုးဟိဟိသုံးမသုံး စောင့်ကြည့်မှုတိ ပြုလုပ်ရဖို့ဖြစ်သည်။ ယေကေလေ့ ယင်းစောင့်ကြည့်မှုတိက ဗဟိုအဆင့်တောင်မက ဒေသခံအစိုးရအဆင့်မှာပါ အားနည်းသည်။ အထူးသဖြင့် ဒေသခံအစိုးရအဆင့်မှာဆိုကေ အစိုးရအသုံးအစွဲစီမံခြင်း၊ သုံးစွဲမှုတိကို စနစ်တကျမှတ်တမ်းတင်ခြင်းတိက အလွန်တရာ အားနည်းတတ်သည်။ ယင်းအချက်တိက ရီနံခွန်အတက်အကျဂယက် အဂေါင့်ဂေါင့်ရိုက်လာရေခါ လိုအပ်လာဖို့ ဘားဂျတ်ကို ထိခိုက်စီသည်။
တကယ်လို့ ဒေသခံအစိုးရတိက ရီနံစရေ သဘာဝအရင်းအမြစ်တိ ထုတ်ယူဖို့အတွက် အခြေခံအဆောက်အအုံ (ဥပမာ - ရီနံတင် ကားကြီးတိအတွက် ဟိုက်ဝေးလမ်းမကြီးတိ)၊ ၀န်ဆောင်မှုလုပ်ငန်းတိ စိုက်ထုတ်ပီးရရေဆိုကေ ရီနံခွန်တိ၏ တစိတ်တခြမ်းကို အသားတင်အလွတ် ပီးသင့်သည်။ ယင်းပိုင်ပျာယ် တခြား ထုတ်လုပ်ရေးနာင့် ပတ်သက်တေ အခွန်တိ၊ နစ်နာကြေးခွန်(Severance taxes)တိကိုလည်း ပီးဆောင်သင့်သည်။ ယင်းပိုင်လုပ်ဆောင်ချက်တိရေ ကောက်ခံရဟိရေ အခွန်ငွေကို အသလွတ် မျှဝီစွာထက် စီးပွားရေးပိုင်ဆိုင်ရာအရ ပိုပြီးကေတည်ငြိမ်မှုဟိနိုင်ပြီးကေ ဒေသခံအစိုးရတိအတွက်လည်း တရားမျှတမှု ဟိနိုင်သည်။
ရီနံထုတ်လုပ်ရီး(oil production)လုပ်ဆောင်ချက် တစ်ခုတည်းက ကောက်စွာရေ ဒေသခံအစိုးရတိအတွက် အခွန်အများကြီးကို ဖန်တီးနိုင်မှု နည်းပါးနိုင်သည်။ အထူးသဖြင့် ဗဟိုအစိုးရကို ရီနံထွက်တေဒေသခံအစိုးရက မယုံကြည်ကေ အခွန်ငွေရဟိနိုင်ဖို့ လမ်းကြောင်းတိကို ဒေသခံအစိုးရက ကြိုးစားရဖို့ဖြစ်သည်။ နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေး (Political Economy)စိုင်းစားချက်တိကို အခြေခံပြီးကေ ယင်းဒေသ၏ အရင်းအမြစ်သုံးစွဲမှုအခွန်တိကို ဒေသခံအစိုးရကို ကောက်ခံခွင့် ပီးနိုင်သည်။ အောက်မှာ အင်ဒိုနီးရှား၊ ကိုလံဘီယာနာင့် နိုင်ဂျီးရီးယားနိုင်ငံရို့ကို ဥပမာထားလေ့လာပြီးကေ အထက်ဖော်ပြပါ ပြဿနာတိကို တင်ပြလားပါမည်။
အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၀၀ ခုနှစ်အထိ ရီနံနာင့်သဘာဝဓာတ်ငွေ့က ရဟိလာရေ အခွန်တိကို ဗဟိုအစိုးရဘားကိုရာ ပီးဆောင်ရပြီးကေ ဒေသခံပြည်နယ်၊ ခရိုင်အစိုးရတိနာင့် ဇာအခွန်ကိုလေ့ မျှဝီခြင်း မဟိခကြောင်း သိဟိရသည်။ ၁၉၉၇ နာင့် ၂၀၀၀ ခုနှစ်ကြား ရဟိရေ ရီနံနာင့်သဘာဝဓာတ်ငွေ့ အခွန်သည် အစိုးရ ရဟိရေ အခွန်ဝင်ငွေစုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းထိဟိခသည်။ တနည်းအားဖြင့် ယင်းငွေ ပမာဏသည် နိုင်ငံ့GDP၏ ၅ ဒသမ ၆ ရာခိုင်နှုန်းနာင့် ညှီမျှသည်။
၂၀၀၁ခုနှစ်က စပြီးကေ ဗဟိုအစိုးရသည် ရဟိရေအခွန်တိကို ပညာရေး၊ ကျန်းမာရေးနာင့် တခြား အခြေခံအဆောက်အအုံတိအတွက် ဒေသခံအစိုးရချေတိဘားကို ၀ီမျှလာသည်။ ၂၀၀၁ ခုနှစ်က စပြီးကေ ကုန်းမြီထွက်(ပင်လယ်ကမ်းလွန်ကမဟုတ်တေ) ရီနံတိက ရဟိလာရေ အခွန်စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းနာင့် ကုန်းမြီထွက်သဘာဝဓာတ်ငွေ့က ရဟိလာရေ အခွန်စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရို့ကို အရင်းအမြစ်တည်ဟိရာ ဒေသ၏ ပြည်နယ်အစိုးရတိ၊ ခရိုင်အစိုးရတိကို မျှဝီပီးလာပါသည်။ အမေရိကနာင့် ကနေဒါနိုင်ငံရို့မှာဆိုကေ ပြည်နယ်အစိုးရတိက သူ့ပြည်နယ်မှာထွက်ဟိရေ သယံဇာတတိကို သူရို့ပိုင်ပြီးကေ သူ့ရို့ကိုယ်တိုင် အခွန်ကောက်ပါခွင့် ဟိသည်။ ယေကေလေ့ အင်ဒိုနီရှားနိုင်ငံမှာတော့ခါ ယင်းသယံဇာတတိကို ဗဟိုအစိုးရ၏ ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားသည်။
နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေး(Political Economy)ရှုထောင့်က သုံးသပ်ရဖို့ဆိုကေ ဗဟိုအစိုးရရေ သယံဇာတပိုင်ဆိုင်ရေ ဒေသခံတိ၏ တောင်းဆိုချက်တိကို မဖြစ်မနေ လိုက်နာရဖို့အခြေအနေမှာ ဟိနိန်သည်။ ရီနံထွက်တေ ဒေသတိက ဗဟိုအစိုးရနာင့် မပေါင်းဘဲ သီးသန့်ခွဲထွက်လာကေ အခွန်ငွေအားလုံးကို ရဟိပြီးကေ ပိုပြီးအကျိုးဖြစ်စီနိုင်သည်။ ယင်းအတွက်ကြောင့် မျှဝီရေးပုံစံတစ်ခုခုကို ဗဟိုအစိုးရအနိန်နာင့် လိုက်နာနိန်ရသည်။ ၂၀၀၁ ခုနှစ်ကဆိုကေ ခွဲထွက်ဖို့ ကြိုးစားနိန်ရေ အာချေးပြည်နယ်က ဗဟိုအစိုးရနာင့် ရီနံခွန်မျှဝီရေး သဘောတူညီချက်တစ်ခုကို ရယူခသည်။ ယင်းသဘောတူညီချက်အရ ရီနံခွန်၏ ၅၅ ရာခိုင်နှုန်းနာင့် သဘာဝဓာတ်ငွေ့ခွန်၏ ၄၀ ရာခိုင်နှုန်းကို ဒေသခံအာချေးအစိုးရက ရဟိဖို့ဖြစ်သည်။ ယင်းပိုင် မျှဝီရေးနည်းတိသည် ဗဟိုနာင့် ဒေသခံအစိုးရတိအကြားမှာဟိရေ မကျေမလည်မှုတိကို ထာဝရပြေလည်နိုင်ဖို့ မဟုတ်ဆိုစွာကို သုံးသပ်ရသည်။ အနာဂတ်မှာ ယင်းမကျေမလည်မှုတိက ဖြစ်နိုင်စမြဲပင်ဖြစ်သည်။ ယင်းတင်းမာမှုတိကို လျှော့ချစီနိုင်ဖို့ ဗဟိုအစိုးရဘက်က အမျိုးသားစည်းလုံးမှုတိဟိအောင် မဖြစ်မနေ လုပ်ဆောင်သင့်သည်။ ကာကွယ်ရေး၊ အမျိုးသားရေ လက္ခဏာ (National Identity)၊ ဗဟိုက လုပ်ပီးရေ ၀န်ဆောင်မှုတိ စရေ ကဏ္ဍတိမှာ ဗဟိုအစိုးရအနိန်နာင့် တတ်နိုင်သလောက် အထိရောက်ဆုံး လုပ်ပီးနိုင်ဖို့လိုသည်။
ရီနံနာင့်သဘာဝဓာတ်ငွေ့က ရဟိလာရေ အခွန်တိသည် ပြည်နယ်တချို့တ၀က်ထဲမှာရာ တည်ဟိနိန်ကေ ဒေသတွင်း တိုးတက်မှုမညီမျှခြင်းတိကို ဖြစ်ပေါ်စီနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံမှာဆိုကေ ပြည်နယ် ၅ ပြည်နယ်သည် ၀ီမျှလိုက်တေ ၀ီစု စုစုပေါင်း၏ ၄ ပုံ ၅ ပုံ(4/5)ကို ရဟိပြီးကေ ကျန်ရေ ပြည်နယ် ၂၅ ပြည်နယ်က အနည်းချေ (သို့) လုံးဝ မရစွာကို တွိဟိရသည်။ ယင်းအတွက်ကြောင့် ဗဟိုအစိုးရအနိန်နာင့် ပြည်နယ်အချင်းချင်း ညီညီမျှမျှ ဖြစ်အောင် ကြိုးစားလားရမည်။
ကိုလံဘီယာ
ကိုလံဘီယာရေ unitary republic ဖြစ်ကေလေ့ အာဏာတိက ဗဟိုအစိုးရဘားမှာဂျီး ဟိမနိန်ဘဲ ဒေသခံအစိုးရတိဘားမှာလည်း ဟိစွာကို တွိဟိရသည်။ အခွန်နာင့် အသုံးအစွဲကိစ္စတော်တော်များများကို ခရိုင်နာင့် မြူနီစပယ်အစိုးရတိဘားကို ၁၉၉၁ အခြေခံဥပဒေအရ ပီးအပ်ထားစွာကို တွိရသည်။ ယင်းပိုင်သျှောင် မြူနီစပယ်အစိုးရတိသည် အရေးကြီးရေ ကိစ္စတော်တော်များများကို လုပ်ကိုင်နိုင်သည်။ ဒေသခံတိ၏ ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်ကိစ္စတိကို ယင်းမြူနီစပယ်အစိုးရတိကိုပဲ အဓိကလုပ်ပိုင်ခွင့်ပီးထားသည်။
အခြေခံဥပဒေက ဗဟိုအစိုးရသည် ရဟိရေ အခွန်တချို့ကို ဒေသခံအစိုးရတိဘားကို မဖြစ်မနိန် လွှဲပြောင်းပီးရမည်လို့ ဆိုထားသည်။ ၂၀၀၂ ခုနှစ်မှာ ဗဟိုအစိုးရက အခွန်ဝင်ငွေ စုစုပေါင်း၏ ၄၆.၅ ရာခိုင်နှုန်းကို ဒေသခံအစိုးရတိဘားကို လွှဲပြောင်းပီးခသည်။ တဘက်မှာ ယင်းပိုင်လုပ်လိုက်လို့ ဗဟိုအစိုးရ အနိန်နာင့် ငွေကြေးပေါ်လစီတိကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆောင်ရွက်စွာတိမှာ အနှောင့်အယှက် အများကြီးဖြစ်လားခရသည်။ ဒေသခံအစိုးရတိရေ ယင်းရို့၏ အခွန်ကောက်ခံခွင့်အာဏာကို အပြည့်အ၀ မသုံးခဂတ်စွာကို တွိရသည်။ ယင်းအတွက်ကြောင့် ဒေသခံအစိုးရတိသည် ယင်းရို့၏အခွန်ဝင်ငွေ ထက်ဝက်နီးပါးလောက်ကို ဗဟိုအစိုးရနာင့် ပြည်သူပိုင်လုပ်ငန်းဘားက အဆင်သင့်ယူနိန်ခဂတ်သည်။ ၂၀၀၁ ခုနှစ်ကို ရောက်လာရေခါ ယင်းပိုင် ဗဟိုအစိုးရဘားမှာ အခွန်ငွေ အဆင့်သင့်ယူနိန်ဂတ်စွာကို ကန့်သတ်ဖို့အတွက် အခြေခံဥပဒေ ပြင်ဆင်ချက်တစ်ရပ်ကို အတည်ပြုခဂတ်သည်။
၁၉၉၇-၂၀၀၀ခုနှစ် စာရင်းအရ ရီနံခွန်သည် နိုင်ငံ GDP၏ ပျမ်းမျှ ၂ ဒသမ ၆ ရာခိုင်နှုန်းဟိစွာကို တွိရသည်။ ယင်းအခွန်ကို အစိုးရ အဆင့်ဆင့်နာင့် ပြည်သူပိုင်လုပ်ငန်းတိကြားမှာ မျှဝီဂတ်သည်။ ယင်းအခွန်ထဲမှာ အစိုးရရီနံကုမ္ပဏီ Ecopetrol၏ လုပ်ငန်းလည်ပတ်မှု အပိုငွေ(Operating Surplus)နာင့် Ecopetro၏ FAEPလို့ခေါ်ရေ ပဒေသာပင်ထဲကို တိုက်ရိုက်ပီးအပ်တေ ငွေပမာဏလည်း ပါဝင်သည်။ (FAEPသည် ရီနံငွေအတက်အကျကြောင့် ဖြစ်ပေါ်လာနိုင်ရေ ဂယက်ရိုက်ခတ်မှုကို တတ်နိုင်သလောက် နည်းအောင် စီမံထားရေ ပဒေသာပင်ဖြစ်သည်။) လုပ်ငန်းလည်ပတ်မှု အပိုငွေ၏တချို့တ၀က်ကို ဗဟိုအစိုးရက ရဟိပြီးကေ နောက်တချို့ကို ရီနံထွက်ရာဒေသတိ၊ ဆိပ်ကမ်းတိ၊ ပိုက်လိုင်း လမ်းကြောင်းဖြတ်သန်းလားရေ ဒေသတိက ပိုင်ရှင်ကြေး(royalty) အဖြစ်ရဟိဂတ်သည်။ FAEP Fundက ဖဲ့သာတိကိုကျခါ ဥပဒေမှာ ပြဌာန်းထားရေ ပုံသေနည်းအရ တွက်ချက်ပြီးကေ ဒေသခံအစိုးရအားလုံးနာင့် Ecopetrol ရို့က ၀ီယူဂတ်သည်။ ယင်းဥပဒေပါ ပုံသေနည်းသည် လူဦးရေ၊ အခွန်ကောက်ခံနိုင်မှု စရေ အချက်အလက်တိကို မူတည်ထားသည်။ အချုပ်ပြောရဖို့ဆိုကေ ရီနံခွန်အများစုသည် ဒေသခံအစိုးရလက်ထဲကို FAEP Fundထဲကနိန် တိုက်ရိုက်သော်လည်းကောင်း၊ royaltyအဖြစ်သော်လည်းကောင်း ရောက်ဟိနိန်သည်။
ရီနံခွန်သုံးစွဲမှုတိမှာ နိုင်ငံရေးဘက်လိုက်မှုတိ ကင်းယှင်းနိုင်အောင်ဆိုပြီးကေ ရီနံခွန်ဝီမျှရေး ဥပဒေကို ရွှီးသားပြဌာန်းခဂတ်သည်။ယေကေလေ့ ဒေသခံအစိုးရတိက သူရို့ပီးနိုင်စွာထက်များရေ ဖဲ့သာတိကို လားချီးစွာတိလည်း ရှိတတ်သည်။ ယေခါ ယင်းရီနံဝီမျှရေးစနစ်သည် တစ်နိုင်ငံလုံးဆိုင်ရာ ငွေကြေးပေါ်လစီအပေါ်မှာ ဆိုးကျိုးတိကို ဖြစ်စီသည်။ ကိုလံဘီယာနိုင်ငံမှာ ဒေသခံအစိုးရအများစုသည် ဒေ၀ါလီခံရဖို့ တဒါးချေ ဖြစ်ခဂတ်သည်။ ၂၀၀၁ ခုနှစ်ထဲမှာပင် ပြည်နယ် ၇ ခုနာင့် မြူနီစပယ် ၂ ခုရို့သည် သူ့ရို့၏ အကြွီးတိကို ပြန်ဆပ်ဖို့ အသီအလဲ ကြိုးစားခဂတ်ရသည်။ ယင်းအပြင် ရီနံခွန်မျှဝီခြင်း၊ ပိုင်ရှင်ကြေးပီးဆောင်ခြင်းတိသည် ရီနံထွက်ဒေသတိကို ချမ်းသာစီပြီးကေ တခြားရီနံမထွက်တေဒေသတိနာင့် မညီမျှခြင်းတိကို ဖြစ်စီသည်။ ရီနံထွက်ဒေသတိသည် သူရို့ဒေသကထွက်တေ ရီနံ၏ အကျိုးကို ခံစားဂတ်ရသည်။ (ရခိုင်ပြည်ကထွက်တေ ရီနံ၏အကျိုးကိုလည်း ရခိုင်သားတိ ခံစားခွင့်ရဟိရမည်။)
ဓာတ်ပုံ။ ။ကမ္ဘာ့ ရီနံအများစု ထုတ်လုပ်တေနိုင်ငံတိ (၂၀၀၇ ခုနှစ်)။
အစိမ်းရောင် - ကနေဒါနိုင်ငံ၏ ရီနံထုတ်လုပ်ရာ ပြည်နယ်တိ။
အပြာရောင် - အိုပက်အဖွဲ့ဝင် နိုင်ငံတိ။
ပန်းရောင် - အမေရိကန်ပြည်ထောင်စု၏ ရီနံထုတ်လုပ်ရာ ပြည်နယ်တိ။
အ၀ါရောင် - မြောက်ပင်လယ်ဒေသ၏ ရီနံထုတ်လုပ်ရာ နိုင်ငံတိ။
အနီရင့်ရောင် - တခြား ရီနံထုတ်လုပ်ရာ နိုင်ငံတိ။
*အပိုင်း(၃)ကို ဆက်လက်ဖတ်ရှုပါရန်။

0 comments:
Post a Comment