Pages

Saturday, January 16, 2010

“ရွှေမဲ”ခွန်၏ အနုပိုင်ညာ (၁)

ကမ္ဘာ့ စွမ်းအင်လိုအပ်ချက်ရေ တရက်ထက်တရက်၊ တဆထက်တဆ ကြီးမားလာရေ အတွက် ရီနံနာင့် သဘာဝဓာတ်ငွေ့တိရေ ဈီးကောင်းလာပါရေ။ ယင်းအတွက်နာင့် ရီနံကို black gold (ရွှေမဲ)လို့ တင်စားကတ်ပါရေ။ ယင်းရွှေမဲရေ တိုင်းပြည်ကို အကျိုးဟိနိုင်ရေပိုင် ယင်းရွှေမဲကြောင့် နိုင်ငံတိ စစ်ဖြစ်၊ အခြမ်းခြမ်းကွဲပြီးကေ အသက်အိုးအိမ်တိ ပျက်စီးကတ်စွာ သာဓက တိကလည်း ဟိပါရေ။ ၂၀၀၈ ခုနှစ်က ထုတ်တေ “ကမ္ဘာ့နိုင်ငံရေး၏ ဖြစ်ပျက်နိန်မှုနာင့် ပြောင်လဲမှုများ” (World Politics: Trend and Transformation)စာအုပ်မှာ ချားစ် ကက်လီ (Charles Kegley)က “နိုင်ငံတစ်ခု၏ နယ်မြေတစ်ခုမှာ ကြွယ်ဝရေ သဘာဝအရင်းအမြစ်တည်ဟိနိန် ကေ ယင်းနယ်မြေရေ ယင်းနိုင်ငံက ခွဲထွက်ဖို့ များ၏။ ယင်းအကျိုးဆက်အဖြစ် ပြည်တွင်းစစ်ကို ဖြစ်စီနိုင်သည်”လို့ ရွီးသားထားပါရေ။ ယင်းသူကပျာယ် ကမ္ဘာ့ဘဏ်က အချက်အလက်တိကို ကိုးကားပြီးကေ “၀င်ငွေနည်းပါးရေ နိုင်ငံတိသည် ၀င်ငွေကြီးရေ နိုင်ငံတိထက် ပြည်တွင်းစစ်ဖြစ်ဖို့ ၁၅ဆ ပိုများသည်”လို့ ဆက်ရွီးထားပါရေ။

ဗမာပြည်နာင့် ပြည်တွင်းစစ်၊ လက်ဟိရခိုင်ပြည်အခြေအနေ စရေ အကြောင်းတိကတော့ အားလုံးသိဂတ်တေ အတိုင်းပါပျာယ်။ အေနိန်ရာမှာ အကျယ်ချဲ့ပြီးကေတော့ ပြောစရာမဟိပါ။ အကျယ်ချဲ့ပြီး ကေ ပြောဖို့လိုစွာက ရခိုင်သားတိမှာ “အနာမှာ တုတ်ကျ”ဆိုရေပိုင် အေလောက် အဘက်ဘက်မှာ ဆုံးရှုံးမှုတိ ကြုံနိန်ရရေ အချိန်မှာ နောက်ထပ်ကိုယ်ရို့အကျိုးဖြစ်သင့်ရေ ရွှေမဲတိပါ ဆုံးရှုံးနိန်ရပါရေ။

ရခိုင်သူ၊ ရခိုင်သားတိက ဗမာပြည်နာင့် ဆက်ပြီးကေ တစ်နိုင်ငံတည်းမှာ နိန်ကတ်ဖို့ဆိုကေ တွိဟိရေ ရွှေမဲကြောင့် ရခိုင်နာင့် ပြည်မအာဏာရအစိုးရကြားမှာ အငြင်းပွားမှု၊ အ၀ီမတည့်မှုတိဖြစ်နိုင်ပါရေ။ အဂုဆိုကေ အ၀ီမတည့်ဖို့နိန်နိန်သာသာ တပြားလေ့တောင် မရပါ။ ရခိုင်ပြည်ကြီးက ရွှေမဲထွက်ကေလေ့ ရခိုင်ပြည်က ပြည်မဲ (သို့) မတိုးတက်ရေ၊ အမှောင်ကျရေ ပြည်တစ်ခုအဖြစ် ရပ်တည်နိန်ဆဲပါ။ ရခိုင်ပြည်က ထွက်ဟိရေ သဘာဝသယံဇာတကို ရခိုင်သားတိခံစားခွင့်ဟိပါမှ တရားမျှတပါဖို့။ ဇာပိုင်နည်းလမ်းတိနာင့် ကိုယ့်ရပိုင်ခွင့်ကို တောင်းယူရဖို့လဲ ဆိုစွာကို သိနိုင်ဖို့ ရီနံထွက်ဟိရေ နိုင်ငံတိကို ဥပမာထားပြီးကေ လေ့လာကတ်ရပါဖို့။ ၂၀၀၂ ခုနှစ်က နိုင်ငံတကာ ငွေကြေးဘဏ်(International Monetary Fund)၏ဦးစီးပံပိုးမှုနာင့် ပညာရှင်နှစ်ယောက်က နိုင်ငံအသီးသီးမှာ ယင်းရီနံခွန်ကို ဇာပိုင်မျှဝီကတ်လဲ ဆိုစွာကို သုတေသနပြုထားရေ စာတမ်းတစ်ခု ထွက်ဟိခပါရေ။ ယင်းစာတမ်းကို ရခိုင်သူ၊ ရခိုင်သားတိ ဥာဏ အကျိုးဟိစီဖို့ အပိုင်းခွဲပြီးကေ ဝေငှလိုက်ရပါရေ။

အေနိန်ရာ စကားချပ်အနိန်နာင့် ပြောစရာ စကားက ဟိလာပါရေ။ နံပါတ်တစ်အနိန်နာင့် - အေဆောင်းပါးရေ ရီနံခွန်ကို ဥပမာထား စောင်းပီးပြီးကေ ရွီးထားကေလေ့ နောက်သယံဇာတ အရင်းအမြစ်တိကိုလည်း ရည်ရွယ်ပါရေ။ ဥပမာ - ရီအားလျှပ်စစ် စွမ်းအင်တိကို ရောင်းချလို့ရရေ အခွန်နာင့်၊ ရောင်းငွေတိပိုင်ပါ။ နောက်တစ်ခုက ရီနံခွန်နာင့် ရီနံရောင်းငွေတိကို “မျှဝီဖို့”လို့ ရွီးထားရေ အတွက်ကြောင့် ရခိုင်ပြည်ရေ ဗမာပြည်၏ အစိတ်အပိုင်း နယ်မြေဆိုရေ ရှုထောင့်က ရွီးထားစွာဖြစ်ပါရေ။ တကယ်လို့ ရခိုင်ပြည်သည် ရခိုင်နိုင်ငံဆိုရေ ရှုထောင့်ကရွီးဖို့ဆိုကေ “မျှဝီဖို့”ဆိုရေ ကိစ္စက လိုအပ်ဖို့မဟုတ်ပါပျာယ်။ (စာရွီးသူရေ အသိပညာပီးရေးကို အခြေခံလို့ရွီးထားစွာဖြစ်ပါရေ။ ဇာရှုထောင့်ကိုမှ ထင်ဟပ်လိုလို့ ရွီးထားခြင်းမဟုတ်ပါ။) နောက်တစ်ခုအနိန်နာင့် ရခိုင်ပြည်မှာ ရခိုင်တိကို ကိုယ်စားပြုဖို့ Subnational Governments (SNGs)လို့ခေါ်ရေ ဒေသခံအစိုးရမဟိသိပါ။ ရခိုင်သားတိ လက်ထဲမှာ ပါဝါ တစိချေ၊ တဖဲ့ချေလေ့ မဟိပါ။ ယင်းအတွက်ကြောင့် အောက်မှာ ရွီးသားချက်တိရေ ရခိုင်ပြည်၏ ရသင့်ရေ အခွင့်အရေးတိကို မီးမောင်းထိုးပြချင်ရေ ရည်ရွယ်ချက်နာင့်ရာ ရွီးသားရခြင်းဖြစ်ပါရေ။ အဂေါင့်ဂေါင့် ရအောင်ယူဖို့အတွက်က အနည်းဆုံး ရခိုင်ကိုယ်စားပြု SNG သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ရခိုင်ကိုအကျိုးပြုနိုင်ရေ အခြေခံဥပဒေပြင်ဆင်ချက် (Constitution Amendments)တိနာင့် ဖြည့်စွက်ဖို့ လိုအပ်ပါဖို့။

ရီနံခွန် လေ့လာမှုစာတမ်းနိုင်ငံတိ၏ အတွေ့အကြုံနာင့် ကြုံတွေ့ရသော အခက်အခဲတိ

စာတမ်းအချုပ်

နိုင်ငံတိ၏ အတွေ့အကြုံကို အခြေခံပြီးကေ အေစာတမ်းရေ ဒေသခံ အစိုးရ (SNG)တိကို ရီနံခွန်ပီးအပ်ရာမှာ တွေ့ရှိရရေ ပေါ်လစီလမ်းကြောင်းတိကို လေ့လာထား၏။ သက်ဆိုင်ရာ စာပီတိက ရီနံခွန်ကို ဗဟိုအစိုးရကရာ ထိန်းချုပ်မျှဝီခြင်းကို အကြံပြုကြ၏။ ယေကေလေ့ နိုင်ငံရေးဆိုင်ရာ စီးပွားရေး (Political Economy)တိကို စိုင်းစားပြီးကေ အကြံပြုရကေ တည်ငြိမ်မှုဟိရေ ရီနံခွန်ကိစ္စရပ်တိကို သက်ဆိုင်ရာ ရီနံထုတ်လုပ်တေ ဒေသခံအစိုးရတိကို တာဝန်ပီးအပ်ခြင်းရာ ဖြစ်သင့်သည်။ ဗဟိုအစိုးရက လိုအပ်စွာတိကို ပူးပေါင်းဖြည့်စွက် ကူညီသင့်သည်။ ရီနံခွန်မျှဝီခြင်း (Oil Revenue Sharing)ရေ နိုင်ငံတိမှာ များသောအားဖြင့် သုံးနိန်ဂတ် ကေလေ့ အေလုပ်ရပ်ရေ ရီနံခွန်ကိစ္စရပ်တိကို လုပ်ဆောင်ရာမှာ အကြံမပြုလိုရေ လုပ်ရပ်တစ်ခုဖြစ်သည်။ ဇာကြောင့်လဲဆိုကေ ယင်းလုပ်ရပ်က နိုင်ငံ၏ စီးပွားရေးစီမံခန့်ခွဲမှုတိကို ရှုပ်ထွီးစီပြီးကေ ဘဏ္ဍာရေး မတည်ငြိမ်မှုတိကို ဖြစ်ပေါ်စီနိုင်သောကြောင့် ဖြစ်သည်။ ရီနံခွန်မျှဝီခြင်းရေ ရီနံထွက်တေဒေသခံတိ၏ ခွဲထွက်ရေးလုပ်ရပ်တိကို မဟန့်တားနိုင်ပေ။ အကြောင်းမှာ ဒေသခံတိရေ ခွဲထွက်လိုက်ကေ သူရို့အခွန်ကို ပြည်မနာင့် မျှဝီစရာမလိုဘဲ ပိုလို့တောင် အပြည့်အ၀ရဟိနိုင်ဖို့ အတွက်ကြောင့် ဖြစ်သည်။

(က) နိဒါန်း
နိုင်ငံတစ်နိုင်ငံ၏ အစိုးရ အဆင့်ဆင့်ထဲမှာ ရီနံခွန်ကို ခန့်ခွဲခြင်းရေ မလွယ်ရေ ကိစ္စတစ်ရပ်ဖြစ်သည်။
အခက်အခဲအမျိုးမျိုးကို ဖြစ်ပေါ်စီနိုင်သည်။ ဥပမာ - ရီနံထွက်ဟိရေ ဒေသခံအစိုးရSNGမှာ သဘာဝအရင်းအမြစ်တိက ရဟိရေ အခွန်ငွေကို တိုးကောက်ပိုင်ခွင့်ဟိခြင်း၊ ရီနံဈီးအတက်အကျကို တုန့်ပြန်ရေအခါမှာ ဒေသခံအစိုးရ၏ တရားရေးလုပ်ပိုင်ခွင့်(Subnational Jurisdictions)နာင့် ဗဟိုအစိုးရ အကြား လုပ်ထုံးလုပ်နည်းဆိုင်ရာ အငြင်းပွားနိုင်ခြင်း၊ အပြန်အလှန်တရားရေး လုပ်ပိုင်ခွင့်ညီမျှမှု(Equity)နာင့် ပြန်လည်ဖြန့်ဝီမှု (Redistribution)၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှု စရေကိစ္စတိက တကယ်တမ်းလုပ်ရရေခါ အစိုးရအဆင့်ဆင့်အကြား မပြေလည်မှုတိကို ဖြစ်ပေါ်စီသည်။ ရီနံထွက်ဟိရေ ဒေသတိက ရီနံခွန်ရှယ်ယာကို တိုက်ရိုက် တောင်းဆိုလာရေခါ နိုင်ငံ၏ စီးပွားရေး ယန္တရားကို ချုပ်ကိုင်ထားရေ လူတိနာင့် မပြေလည်မှုတိ ဖြစ်စီနိုင်ပါသည်။ ယင်းအတွက်ကြောင့် ရီနံခွန်တိကို စီမံခန့်ခွဲရေအခါမှာ ယင်းမပြေလည်မှုတိနည်းနိုင်သလောက်နည်းအောင် ကြိုးစားကြရမည်။ ယင်းအပြင် ထိရောက်မှု၊ တည်ငြိမ်မှု၊ ပြန်လည်ဖြန့်ေ၀၀ီငှမှုတိပါဝင်ရေ စီမံမှုတိကို ပြုလုပ်ရမည်ဟု စာပီရပ်တိက ဖော်ပြကြသည်။

အေစာတမ်းသည် နိုင်ငံအသီးသီးမှာ ရီနံခွန်ကို အစိုးရ၏ အုပ်ချုပ်ရေး အဆင့်ဆင့်အတွင်း ဇာပိုင်ခန့်ခွဲမှု ပြုဂတ်ဖို့လဲဆိုစွာကို ဖော်ပြထားသည်။ နိုင်ငံအသီးသီးလို့ဆိုစွာမှာ အမေရိကန်ပြည်ထောင်စုပိုင် ကြီးမားရေ ဖယ်ဒရယ်ပြည်ထောင်စုတိ ပါဝင်ရေပိုင် Unitary Stateဟုခေါ်ရေ ကူဝိတ်နိုင်ငံရို့ပိုင် ဒေသခံအစိုးရချေ တိနည်းပြီးကေ အာဏာအများစုက ဗဟိုအစိုးရပါးမှာ ဟိနိန်ရေ နိုင်ငံတိလည်း ပါဝင်သည်။ လေ့လာမှုပြုထားရေ နိုင်ငံတိကိုအခြေခံပြီးကေ သူရို့၏ရီနံခွန်စီမံခန့်ခွဲပုံကို အမျိုးအစားခွဲ၍ တင်ပြထားသည်။ တချို့နိုင်ငံတိက အားလုံးကို ဗဟိုကအပြည့်အ၀စီမံရေ ပုံစံ(Full Centralization)ကိုသုံးရေပိုင်၊ တချို့ကလည်း ဗဟိုကထိန်းချုပ်မှုကင်းမဲ့ရေ ပုံစံ(Full Decentralization)၊ တချို့ကလည်း ရီနံနာင့် ပတ်သက်တေ အခွန်တိကို ပုံစံအမျိုးမျိုးနာင့် ကောက်ခံခြင်း၊ ရီနံခွန်မျှဝီခြင်း (Revenue Sharing)စရေ ပုံစံပေါင်းစုံကို သုံးကတ်သည်။

အေစာတမ်းသည် ရီနံထုတ်တေနိုင်ငံအများအပြားကို လေ့လာသုံးသပ်ထားကေလေ့ ကနေဒါ၊ ကိုလံဘီယာ၊ အင်ဒိုနီးရှား၊ မက်စီကို၊ နိုင်ဂျီးရီးယား၊ ရရှား၊ ယူအေအီး၊ အမေရိကန်ပြည်ထောင်စု၊ ဗင်နေဇွဲလားစရေ နိုင်ငံတိကိုတော့ခါ အသေးစိတ်လေ့လာသမှု ပြုထားသည်။

ဗဟိုကအပြည့်အ၀စီမံခြင်း (Full Centralization)
ဗဟိုအစိုးရသည် နိုင်ငံတစ်နိုင်ငံ၏ အကြီးမားဆုံးအစိုးရဖြစ်တေအတွက်ကြောင့် ယင်းအစိုးရက ကောက်ခံနိုင်ခွင့်ဟိရေ အခွန်စနစ်သည် ဒေသခံအစိုးရ၏အခွန်စနစ်ထက် ပိုကြီးကေ ကျယ်ပြန့်သည်။ တနည်းအားဖြင့်ဆိုရကေ ဗဟိုအစိုးရသည် ရီနံခွန်အပြင် တခြား အိမ်ခွန်၊ ၀င်ငွေခွန် စရေ အခွန်တိကိုပါ ရီနံထွက်ဟိရေ ဒေသကရာမက တစ်နိုင်ငံလုံးက ကောက်ခံနိုင်ရေအတွက်ကြောင့် ရီနံဈီးနှုန်းအတက်အကျ ကြောင့် ဖြစ်ပေါ်လာမည့် အခွန်ငွေ အပြောင်းအလဲတိကို ခံနိုင်ရည် ပိုရှိသည်။ တကယ်လို့ရီနံထွက်ဟိရေ ဒေသခံအစိုးရက ရီနံခွန်အများစုကို ရဟိပြီးကေ ကောက်ခံနိန်ကျအခွန်တိကို လျှော့ချလိုက်ကေ နိုင်ငံတွင်းမှာ beggar-thy-neighborလို့ခေါ်ရေ ပြဿနာတိကို ဖြစ်ပေါ်စီနိုင်ပါသည်။ (Beggar-thy-neighborဆိုစွာက နိုင်ငံတကာစီးပွားကုန်သွယ်မှုတိမှာ ဖြစ်ပေါ်နိန်ကျဖြစ်တေ ဖြစ်စိုင်တစ်ခုပါ။ ဥပမာ - တရုတ်နိုင်ငံပိုင် နိုင်ငံက သူ့၏ ယွမ်ငွေတန်ဖိုးကို လျှော့ချခြင်းဖြင့် ပြည်ပဈီးကွက်မှာ သူ့ထုတ်ကုန်တိကို တခြားနိုင်ငံက ဈီးပေါပေါနာင့် ၀ယ်နိုင်အောင် တမင်တကာ ပြုလုပ်ထားပိုင်ပါ။ အခြားတစ်ဘက်မှာလည်း လူများနိုင်ငံတိက သွင်းကုန်တိကို သွင်းကုန်ခွန်တိုးမြှင့်ထားခြင့်ဖြင့် သွင်းကုန်ပစ္စည်းတိကို လူတိမ၀ယ်ချင်အောင် ဈီးကြီးအောင်လုပ်ထားပိုင်ပါ။ အေနိန်ရာမှာလည်း ရီနံထွက်တေ ရခိုင်ဒေသက ရီနံခွန်အများကြီးရနိန်လို့ တခြား ဥပမာ-အိမ်ခွန်ကို လျှော့ကောက်တေ ဆိုပါဖိ။ ယေကေ တခြား မကွေးတိုင်း၊ ဧရာဝတီတိုင်းက လူတိက ရခိုင်ပြည်မှာ အိမ်ခွန်သက်သာလို့ အိမ်လာဝယ်ကတ်ပါဖို့။ ယေခါ ယင်းတိုင်းတိက ဒေသခံအစိုးရတိ၏ အခွန်ငွေပမာဏကို ကျဆင်းစီပါဖို့။ ယင်းတိုင်းတိမှာ လုပ်စရာ လုပ်ငန်းတိ (ဥပမာ-လမ်းခင်းခြင်း) ကို ဒေသခံအစိုးရမှာ ဖဲ့ချာမဟိလို့ မလုပ်ဖြစ်တေ ကိစ္စတိဟိလာပါဖို့။ ပြဿနာတိဖြစ်လာပါဖို့။ ယင်းချင့်ကို Beggar-thy-neighbor ပြဿနာတိလို့ခေါ်ပါရေ။) ဗဟိုအစိုးရသည် ရီနံက ရဟိလာသော အခွန်ငွေကို ရီနံထွက်ဒေသနှာင့် ရီနံမထွက်တေ ဒေသကြားမှာ မျှမျှတတဖြစ်အောင် လုပ်ဆောင်နိုင်သည်။ ရီနံသည် အမြဲတမ်းထွက်ဟိနိုင်ရေ အရင်းအမြစ်တစ်ခုမဟုတ်သည့်အတွက်ကြောင့် ဒေသခံအစိုးရတိအနိန်ဖြင့် ရေရှည်အခွန်ငွေဝင်နိုင်သည့် ၀င်ပေါက်တစ်ခုအဖြစ် သဘောမထားသင့်ပေ။

ဒေသခံအစိုးရတိမှ ရီနံခွန်ကို စီမံခြင်း
ရီနံခွန်ကို ဒေသခံအစိုးရတိမှ စီမံခန့်ခွဲရခြင်းမှာ အဓိကအားဖြင့် နိုင်ငံရေးအကြောင်းကြောင့်ဖြစ်သည်။ ဒေသခံအစိုးရက စီမံနိုင်အောင် နိုင်ငံတော်၏အခြေခံဥပဒေက ဒေသခံအစိုးရကို ၄င်းဒေသက ထွက်ဟိသော သယံဇာတတိကို ပိုင်ဆိုင်ခွင့်ပီးထားခြင်း၊ ၀င်ငွေ(သို့)တခြားကဏ္ဍတိတွင် အခွန်ကောက်ခံနိုင်ခွင့်အာဏာကို ပီးအပ်ထားခြင်းတိကြောင့်ဖြစ်သည်။ ဒေသခံအစိုးရကို အေပိုင် စီမံခွင့်ပီးရခြင်း၏ ဖြစ်လေ့ဖြစ်ထအကြောင်းရင်းခံ ကတော့ ဗဟိုအစိုးရက သယံဇာတပေါကြွယ်ရေ ဒေသတိ ပြည်ထောင်စုထဲက ခွဲထွက်မလားအောင် ဆိုပြီးကေ ဒေသခံအစိုးရနာင့် ပြည်သူတိ ကျေနပ်အောင်လုပ်ပီးခြင်းဖြစ်သည်။ အေပိုင်လုပ်ခြင်း၏ ဆိုးကျိုးနာင့် ကောင်းကျိုးကို အောက်တွင် နိုင်ငံအလိုက်သုံးသပ်မှုတိမှာ တင်ပြလားပါမည်။

အေစာတမ်းသည် ရီနံခွန်စီမံမှုပုံစံအမျိုးမျိုး၏ နိုင်ငံစီးပွားရေးယန္တရားကို တည်ငြိမ်မှုဟိနိုင်မဟိနိုင်၊ ငွေကြေးဈီးကွက်ကို ဇာပိုင်ထိရောက်နိုင် စရေ အားသာချက်နာင့်အားနည်းချက်တိကို လေ့လာသုံးသပ် ထားသည်။ အေစာတမ်းသည် ဗဟိုကချုပ်ကိုင်သော စနစ်၊ ဒေသခံအစိုးရတိကို ရီနံခွန်မဟုတ်တေ တခြားအခွန်အမျိုးအစားတိ ကောက်ခံခွင့်ပီးခြင်း၊ တရားမျှတအောင် ရီနံခွန်ကို ဖြန့်ဖြူးပီးခြင်းတိကို ထောက်ခံသည်။ (သို့သော် ဗဟိုအစိုးရသည် သမာသမတ်ဟိသော ဗဟိုအစိုးရဖြစ်ရမည်။) နောက်တစ်နည်းကတော့ ရီနံနာင့်ပတ်သက်တေ အခွန်အမျိုးအစားတိထဲက ပိုပြီးကေ တည်ငြိမ်မှုဟိရေ အခွန်အမျိုးအစားတိ (ဥပမာ - ရီနံထုတ်လုပ်ရေးကုမ္ပဏီတိပါးက ရီနံထုတ်လုပ်ပိုင်ခွင့် လိုင်စင်ခွန်)ကို ရီနံထွက်ဟိရေဒေသခံ အစိုးရကို လုပ်ခွင့်ပီးခြင်း၊ ရီနံခွန်အချို့ကို ရီနံမထွက်တေ ဒေသခံအစိုးရတိကို သူရို့ဒေသမှာ ပြည်သူ့ဝန်ဆောင်မှု (ဥပမာ - မီးသတ်ဌာန) ကိစ္စတိကို အနည်းဆုံးဆောင်ရွက်နိုင်အောင် ဝေငှခြင်း နည်းဖြစ်သည်။ အထက်ကနည်းတိနာင့် မဖြစ်နိုင်လျှင် နောက်ဆုံး ဒေသခံအစိုးရတိကို လုပ်ပိုင်ခွင့် အားလုံးပီးပြီးကေ ရီနံခွင့်ကို မျှယူကတ်ခြင်းဖြစ်ပါသည်။ ဗဟိုအစိုးရလက်ထဲကနိန် အခွန်ငွေအမြောက်အမြားကို လွှဲယူလိုက်သည့်အတွက်ကြောင့် အေနည်းသည် နိုင်ငံစီးပွားရေး စီမံခန့်ခွဲမှုတိကို များစွာ ရှုပ်ထွီးစီနိုင်သည်။ မျှဝီမှုစနစ်အချိုးအစားပေါ်မူတည်ပြီးကေ ရီနံမထွက်တေ ဒေသတိအတွက် အခွန်ရဟိမှု နည်းပါးနိုင်မည်။ ရီနံဈီး အတက်အကျကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဂယက်ကို ဒေသခံအစိုးရတိအနိန်နာင့် ကိုင်တွယ်နိုင်မှု ခက်ခဲနိုင်သည်။ ယင်းအပြင် အေရီနံမျှဝီရေးနည်းသည် တကယ်တမ်းတွင် ဒေသခံအစိုးရ၏ ခွဲထွက်ရေး လုပ်ငန်းတိကို လျှော့ပါးမလားနိုင်ပေ။ အကြောင်းမှာ ရီနံထွက်ဟိရေ ဒေသတိအနိန်နာင့် ခွဲထွက်လားကေ တောင် ရီနံခွန် ၁၀၀ ရာခိုင်နှုန်းပြည့်ကို ရဟိနိုင်သောကြောင့် အဂေါင့်ဂေါင့်ခွဲထွက်လိုပါက ခွဲထွက်ကြမည်သာ ဖြစ်သည်။

(ခ) ရီနံခွန်စီမံခန့်ခွဲခြင်း အတွေ့အကြုံ
အစိုးရ အုပ်ချုပ်မှုအဆင့်ဆင့်အလိုက်
ရီနံခွန်နာင့်ပတ်သက်တေ ခွဲဝီမှုအချက်အလက်တိမှာ နည်းပါးလှသည်။ ၁၉၉၇ ခုနှစ်ကနိန် ၂၀၀၀ ခုနှစ်အတွင်း ရီနံထုတ်လုပ်တေ နိုင်ငံအသီးသီးက ရဟိရေ အချက်အလက်တိကို သုံးသပ်လိုက်ကေ ရီနံခွန်သည် အစိုးရကောက်ခံရဟိရေ အခွန်အားလုံးထက် အတက်အကျဖြစ်နိုင်မှု အများဆုံးဖြစ်သည်ကို တွိရသည်။ နိုင်ငံအသီးသီးအလိုက်ကွဲပြားခြားနားမှုတိကိုလည်း တွိရှိရသည်။ Unitary Stateလို့ခေါ် ရေ ဗဟိုကချုပ်ကိုင်မှုများရေ အစိုးရအချင်းချင်းမှာတောင် အီရန်၊ အင်ဒိုနီးရှား၊ ကိုလံဘီယာ စရေ နိုင်ငံတိက တခြား Unitary Stateဖြစ်တေ ဆော်ဒီအာရေဗီးယား၊ ကူဝိတ်တိထက် ရီနံဈီးအတက်အကျဖြစ်မှု ပိုများစွာကို တွိရှိရသည်။ ယင်းချင့်တိက ဇာကို ရည်ညွှန်းလဲဆိုကေ သက်ဆိုင်ရာအစိုးရတိ၏ ရီနံဈီးအကျအတက်ကို ထိန်းကွပ်ပီးနိုင်မှုစွမ်းရည် ကောင်းမကောင်းကို ဖော်ထုတ်နိန်သည်။ ယင်းပိုင်ဖြစ်စိုင်ကို Unitary Stateမှာတင် မကဘဲ တခြား ဖယ်ဒရယ်ပြည်ထောင်စု တိမှာလည်း တွိရှိရပါသည်။ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ ဗင်နီဇွဲလားစရေ ဖယ်ဒရယ်နိုင်ငံတိက မက်စီကို၊ ရရှား၊ ယူအေအီးရို့ထက် ရီနံဈီးအတက်အကျကို ထိန်းကွပ်နိုင်မှု မဟိစွာကိုလည်း တွိရှိရပါသည်။

နောက်အချက်အလက်တိက “အစိုးရ၏အခွန်တိထဲမှာ ရီနံခွန်ပါဝင်မှုရာခိုင်နှုန်းများလီ၊ ရီနံခွန်အတက်အကျ ဂယက်ရိုက်မှုကို ခံရမှုများလီ”ဟု ညွှန်ပြသည်။ အထူးသဖြင့် ရီနံက ရဟိရေ အခွန်ကို အများကြီးမှီခိုနိန်ကတ်တေ နိုင်ငံ (သို့)ဒေသခံအစိုးရတိက ယင်းဂယက်ရိုက်မှုကို ပိုခံရတတ်ပါသည်။

အထက်မှာ ဖော်ပြခရေပိုင် Unitary Stateနာင့် ဖယ်ဒရယ်နိုင်ငံတိမှာ ရီနံခွန်စီမံပုံ ၄မျိုး ရှိပါသည်။ ၄င်းရို့မှာ ဗဟိုအစိုးရထိန်းချုပ်မှုကင်းသော စနစ် (Full decentralization)၊ ဗဟိုအစိုးရအပြည့်အ၀ထိန်းချုပ်သော စနစ်(Full Centralization)၊ အခွန်ကောက်ခံရေနိန်ရာတိကို မျှဝီခြင်းနာင့် အကြိမ်ထပ်ကောက်ခံခြင်း (Overlapping/Shared Revenue Bases)၊ ကောက်ခံရဟိရေ အခွန်ငွေကို မျှဝီခြင်း(Revenue Sharing)ရို့ဖြစ်ပါသည်။

Unitary Stateအများစုဖြစ်တေ အယ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ အင်ဒိုနီးရှား (၂၀၀၀ခုနှစ်ထိ)၊ အီရန်၊ အီရတ်၊ ကူဝိတ်၊ လစ်ဗျား၊ နော်ဝေး၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗီးယား၊ အင်ဂလန်၊ ယေမန် နိုင်ငံရို့က Full Centralization စနစ်ကို သုံးသည်။ တခြား Unitary Stateဖြစ်တေ ကိုလံဘီယာ၊ ကာဇတ်စတန်၊ အက်ကွေဒေါ၊ အင်ဒိုနီးရှား (၂၀၀၁ခုနှစ် ကနိန်)ရို့က Revenue Sharingစနစ်ကို သုံးကတ်သည်။ ဖယ်ဒရယ်ပြည်ထောင်စုတိထဲက ဆိုကေ ကနေဒါ၊ အမေရိကန်ရို့က Shared Revenue Basesစနစ် ကိုသုံးပြီးကေ ယူအေအီးက Full decentralizationကိုသုံးသည်။ မက်စီကို၊ နိုင်ဂျီးရီးယား၊ ရရှား၊ ဗင်နင်ဇွဲလားရို့ကတော့ Revenue Sharingစနစ်ကို သုံးကတ်စွာကို တွိရသည်။

Unitary Stateချေ အများစုမှာ ရီနံခွန်ကို ဗဟိုကချုပ်ကိုင်စီမံခန့်ခွဲသည်ကို တွိရသည်။ အကြောင်းမှာ ဒေသခံအစိုးရဌာနတိသည် အရေးကြီးရေ သုံးငွေကိစ္စရပ်တိနာင့်ပတ်သက်ပြီးကေ လုပ်ပိုင်ခွင့်မဟိခြင်း၊ အခွန်ဝင်ပေါက်(Revenue Source)တိ မဟိခြင်းရို့ကြောင့်ဖြစ်သည်။ ယင်းနိုင်ငံတိမှာ ကြုံရတတ်တေ အခက်အခဲတိကတော့ ရီနံမဟုတ်တေ တခြားအခွန်ရရှိနိုင်ဖို့ နိန်ရာတိကို ရှာဖွေဖော်ထုတ်ရခြင်း၊ အတက်အကျဖြစ်လွန်းရေ ရီနံခွန်တိကို နိုင်ငံတော်အဆင့်မှာ စုဆောင်းခြင်းနာင့် တည်ငြိမ်မှုရှိအောင် လုပ်ရခြင်းရို့ ဖြစ်သည်။

Unitary Stateကြီးတိ (ဥပမာ - ကိုလံဘီယာ၊ အင်ဒိုနီးရှား)ကျခါ ရီနံခွန်ကို ဗဟိုအစိုးရက အပြည့်အ၀ မထိန်းချုပ်ဘဲ ဒေသခံအစိုးရတိနာင့် မျှဝီအောင်ဖိအားပီးခြင်း ခံရတတ်သည်။ ယင်း၏အကျိုးဆက်အဖြစ် နိုင်ငံစီးပွားရေးစီမံခန့်ခွဲခြင်းတိမှာ နဂိုကလုပ်ထုံးလုပ်နည်းတိနာင့် ကမောက်ကမ ဖြစ်စီသည်။ ယင်းအပြင် ယေဘုယျအားဖြင့် ရီနံထွက်နယ်မြေ၏ ဒေသခံအစိုးရတိသည် ယင်းမျှဝီပုံ အချိုးအစား၊ ပုံစံ တိကို မကျေနပ်ဖြစ်လေ့ရှိပြီးကေ နိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုတိကိုလည်း ဦးတည်စီသည်။

ယင်းပြဿနာတိသည် Unitary Stateတိရာ ဖြစ်စွာမဟုတ်ဘဲ ဖယ်ဒရယ်နိုင်ငံတိမှာလည်း ဖြစ်တတ်သည်။ အထူးသဖြင့် နိုင်ဂျီးရီးယားနိုင်ငံမှာ ရီနံကရရှိရေ အခွန်ကို အလွန်အမင်းမှီခိုနိန်ပြီးကေ တခြားကဏ္ဍတိက ရရှိရေ အခွန်တိက နည်းလို့ ဒေသခံအစိုးရတိအနိန်နာင့် ငွေကြေးမတည်ငြိမ်မှုတိ၊ ရီနံဈီးနှုန်းအတက်အကျ ဂယက်ရိုက်မှုတိကို မခံနိုင်ဖြစ်နိန်သည်။ နိုင်ငံတွင်း ပဋိပက္ခတိကလည်း ရှိနိန်ပါသည်။ (နိုင်ဂျီးရီးယား၏ နိုင်ဂျာမြစ်ဝကျွန်းပေါ် ဒေသမှာ ရီနံအများကြီးထွက်ပါရေ။ ၂၀၀၀ခုနှစ်အချက်အလက်တိအရ နိုင်ငံGDP၏ ၄၀ ရာခိုင်နှုန်းရေ ရီနံထုတ်လုပ်ရေးက လာပါရေ။ ယေကေလေ့ ယင်းရီနံထုတ်လုပ်ရေးက ထွက်ရှိလာရေ အကျိုးအမြတ်တိကို ဒေသခံလူမျိုးစုတိက ရဟိမှုနည်းလို့ လက်နက်ကိုင်ပြဿနာတိ အများကြီးဖြစ်နိန်ကတ် ပါရေ။ ရီနံနာင့် ဘေးထွက်အညစ်အကြေးတိကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတိကလည်း ကောင်းဆိုးရွားနိန်ရေလို့ လေ့လာသိရှိရပါရေ။)

ဖယ်ဒရယ်ပြည်ထောင်စုနှစ်ခုဖြစ်တေ ကနေဒါနာင့် အမေရိကန်ပြည်ထောင်စုရို့ကတော့ ရီနံခွန်ကို ဗဟိုက ကောက်ခံပြီးမှ ပြန်လည်ဝီမျှဖို့အစား
ဒေသခံအစိုးရတိကို ရီနံခွန်ကိစ္စတိနာင့် ပတ်သက်လို့ တာဝန်ပီးထားသည်။ ယင်းပိုင်တာဝန်ပီးထားခြင်းဖြင့် ဒေသခံအစိုးရတိ မှန်မှန်ကန်ကန် လုပ်မလုပ် ဗဟိုအစိုးရက စောင့်ကြပ်ပီးထားသည်။ ကနေဒါမှာဆိုကေ ရီနံမထုတ်တေဒေသတိနာင့် ပတ်သက်တေ အခွန်မညီမျှမှုတိကို အမျိုးသားညီမျှရေးစနစ် (National Equalization System) တစ်ခုထားရှိပြီးကေ ဗဟိုအစိုးရက ကူညီဆောင်ရွက်ပီးသည်။ ဗဟိုကထိန်းချုပ်မှုလုံးဝကင်းမဲ့ရေစနစ်ကို သုံးစွဲရေ နိုင်ငံဆိုလို့ ယူအေအီးနိုင်ငံတစ်နိုင်ငံရာ ရှိပါသည်။ ယင်းနိုင်ငံမှာ Upward Revenue Sharing Arrangement လို့ခေါ်ရေ “အောက်ကနိန်အထက်ကို တက်လားရေ အခွန်စနစ်”ကို ကျင့်သုံးစွာကို တွိရှိရပါသည်။ တနည်းအားဖြင့် ရီနံခွန်နာင့် ပတ်သက်တေ လုပ်ပိုင်ခွင့်တိကို အထက်နိုင်ငံတော်အဆင့်အစား အောက်ဒေသခံအစိုးရတိကို ပီးအပ်ထားပါသည်။

အပိုင်း(၂) ကို ဆက်လက်ဖတ်ရှုပါရန်။

0 comments:

Post a Comment

 
© Copyright by AS  |  Template by Blogspot tutorial