Pages

Thursday, January 28, 2010

“ရွှေမဲ”ခွန်၏ အနုပိုင်ညာ (၄)

(ဃ-ခ) အခွန်ဝင်ပေါက်မျှဝီခြင်းနာင့် ထပ်ခါတလဲကောက်ခံခြင်း (မြောက်အမေရိက)
ကောက်ခံရဟိရေ အခွန်ငွေကို မျှဝီစွာထက်စာကေ ဒေသခံအစိုးရတိဘားကို အခွန်ဝင်ပေါက်တိထဲက တချို့ကို လွှဲပြောင်းပီးဗြီးကေ ကောက်ခံခိုင်းစွာက ပိုကောင်းသည်။ ယင်းပိုင် အခွန်ဝင်ပေါက်တိကို မျှဝီရေနိန်ရာမှာလည်း အခွန်တစ်မျိုးတည်းကိုပျာယ် အုပ်ချုပ်ရေးအဆင့်ဆင့်ကြားမှာ ထပ်ခါတလဲကောက်ခံလို့သော်လည်းကောင်း၊ အခွန်နာမေတိ အမျိုးမျိုးပြောင်းဗြီးကေသော်လည်းကောင်း ကောက်ခံနိုင်သည်။ ကနေဒါနိုင်ငံနာင့် အမေရိကန်ပြည်ထောင်စုရို့သည် အထက်ဖော်ပြပါ စနစ်ကို သုံးဂတ်သည်။ ယေကေလေ့ ကနေဒါနိုင်ငံပုံစံက full decentralizationလို့ခေါ်ရေ ဗဟိုဖယ်ဒရယ်အစိုးရ ထိန်းချုပ်မှုလုံးဝနီးပါး ကင်းမဲ့ရေ စနစ်ကို သုံးသည်။

အမေရိကန်ပြည်ထောင်စု
အမေရိကန်ပြည်ထောင်စု၏ ဖယ်ဒရယ်ဗဟိုအစိုးရသည် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ဖယ်ဒရယ်အစိုးရပိုင်မြီ (Federally owned land)အဖြစ်သတ်မှတ်ထားသည်။ ဥပမာ-အမျိုးသားပန်းခြံ (National Parks)၊ အမျိုးသားသစ်တော(National Forests)၊ ဖယ်ဒရယ်အကျဉ်းထောင် (ဖယ်ဒရယ်ပြစ်မှုကျူးလွန်သူတိ၊ ၀ါရှင်တန်ဒီစီမြို့ထဲမှာ ပြစ်မှုကျုးလွန်သူတိ စရေ အကျဉ်းသားတိကို ချုပ်နှောင်ထားရေ နိန်ရာ) စရေ နိန်ရာတိ ပါဝင်သည်။ ယင်း ဖယ်ဒရယ်အစိုးရပိုင်နယ်မြီတိက လွဲလို့ တခြားနိန်ရာတိကို ယင်းရို့၏ သက်ဆိုင်ရာ ပြည်နယ်တိက ပိုင်ဆိုင်သည်။ ယင်းပြည်နယ်တိသည် ဗဟိုအခြေခံဥပဒေအရ အချုပ်အခြာအာဏာပိုင် ပြည်နယ်တိဖြစ်တေအတွက် ပြည်နယ်တစ်ခုက ထွက်ရှိရေ သယံဇာတ ပစ္စည်းမှန်သမျှကို ယင်းပြည်နယ်က ပိုင်ဆိုင်သည်။ ဗဟိုအစိုးရနာင့် ၀င်ငွေတိကိုတော့ မျှဝီကောက်ခံဂတ်သည်။ အမေရိကန်ပြည်ထောင်စု၏ အနောက်မြောက်အစွန်ဆုံးမှာ သယံဇာတပေါကြွယ်ရေ အလက်စကာ ပြည်နယ်တည်ဟိသည်။ ယင်းပြည်နယ်မှာဆိုကေ ပြည်နယ်အခွန်စုစုပေါင်း၏ ၅ပုံ ၄ပုံကို ရီနံကပဲ ရရှိသည်။ ယင်းအတွက်ကြောင့် ယင်းပြည်နယ်၏ အခွန်ကောက်ခံခြင်းနာင့်ဆိုင်ရေ လုပ်ပုံကိုင်ပုံတိသည် စိတ်ဝင်စားစရာ၊ လေ့လာစရာ သာဓကတစ်ခုဖြစ်သည်။

အလက်စကာပြည်နယ်သည် ရီနံအပေါ်မှာ ပိုင်ဆိုင်ခွန်(Property tax)၊ ရီနံစည် တစ်စည်စီမှာ ၁၂ ဒသမ ၂၅ ရာခိုင်နှုန်းကနိန် ၁၅ ရာခိုင်နှုန်းအထိ ကောက်ခံတတ်တေ နစ်နာကြေး(Severance tax)၊ ပိုင်ရှင်ကြေး (Royalties)၊ အန္တရာယ်ဖြစ်စီတတ်တေ ပစ္စည်း မှောက်ကျစွာတိအတွက်ပါ ထည့်သွင်းကောက်ခံထားရေ ထုတ်လုပ်ခွန်၊ ကုမ္ပဏီကြီးတိ၏ ၀င်ငွေခွန် စရေ အခွန်အမျိုးအစားတိကို အများကြီးကောက်ခံသည်။ ကုမ္ပဏီကြီးတိ၏ ၀င်ငွေခွန်ကိုကောက်ခံရေ နိန်ရာမှာ ယင်းကုမ္ပဏီကြီးတိ၏ တကမ္ဘာလုံးက ရရေ ၀င်ငွေနာင့် အလက်စကာပြည်နယ်က ရရေ ၀င်ငွေ အချိုးအစားကို ကြည့်ပြီးကေ ကောက်ခံသည်။ ယင်းပိုင်ကောက်ခံရေနိန်ရာမှာ အချက်သုံးချက်ဖြစ်တေ
၁။ အလက်စကာပြည်နယ်မှာ ဟိရေ ကုမ္ပဏီကြီးတိက ထုတ်လုပ်လိုက်တေ ရီနံနာင့် ရီနံထွက်ပစ္စည်း ရောင်းငွေနာင့် သွင်းကုန်ခွန် ရာခိုင်နှုန်း၊
၂။ အလက်စကာပြည်နယ်က ထုတ်လုပ်လိုက်တေ ရာခိုင်နှုန်း
၃။ အလက်စကာပြည်နယ်က ပိုင်ဆိုင်ရေ ပိုင်ဆိုင်ပစ္စည်း ရာခိုင်နှုန်းတိ
အပေါ်မှာ အဓိက အလေးထား စိုင်းစားသည်။ ပြည်နယ်အစိုးရက ကောက်ခံရေအခွန်နာင့် ပိုင်ရှင်ကြေးတိအပေါ်မှာ ဖယ်ဒရယ်အစိုးရက ထပ်ပြီးကေ အခွန်ကောက်ခွင့်မဟိစွာကို တွိရသည်။

အထက်ဖော်ပြပါစနစ်သည် ဒေသခံအစိုးရတိကို ရီနံခွန်နာင့် ယင်းအခွန်ငွေတိ သုံးစွဲခြင်း၊ စုဆောင်းခြင်းနာင့် ပတ်သတ်ပြီးကေ အပြည့်အ၀ အာဏာပီးအပ်ထားသည်။ ပီးအပ်ထားရေ အာဏာကိုလည်း ဒေသခံအစိုးရတိက တာဝန်သိသိ လုပ်ဆောင်နိုင်ရန် စီမံထားသည်။ မလုပ်ဆောင်နိုင်က ဒေသခံအစိုးရဘားမှာ အပြစ်ပုံကျသည်။ အလက်စကာပြည်နယ်မှာလည်း ရီနံခွန်ထဲက တချို့တ၀က်ကို နောက်မျိုးဆက်သစ်တိအတွက် ပဒေသာပင်အဖြစ် စိုက်ထူထားဟိစွာကို တွိရသည်။ The Alaska Permanent Fund လို့ခေါ်ရေ အလက်စကာအမြဲတမ်းပဒေသာပင်ကို ၁၉၇၆ ခုနှစ်မှာ စတင်ထူထောင်ခသည်။ ဒေသရီနံခွန်၏ ၅ ပုံ ၁ ပုံလောက်ကို ယင်းပဒေသာပင်ထဲကို ထည့်သွင်းစီပြီးကေ ယင်းအထဲက တချို့ကို ဒေသခံပြည်သူတိဘားကို နှစ်စိုင် အကျိုးအမြတ်အဖြစ် ခွဲဝေပီးသည်။ ၂၀၀၁ နှစ်ကုန်စာရင်းအရ ယင်းပဒေသာပင်ထဲမှာ ဒေါ်လာဘီလီယံ ၂၅ နီးပါးဟိနိန်သည်ဟု သိရသည်။ (အမေရိကန်ပြည်ထောင်စုက ရီနံအများကြီးထွက်တေ ပြည်နယ်တစ်ခုဖြစ်တေ တက္ကဆက်(Texas)မှာ ဆိုကေလည်း Permanent University Fund (PUF)လို့ခေါ်ရေ အမြဲတမ်းတက္ကသိုလ်ရံပုံငွေ ကို ထားဟိပြီးကေ ယင်းပြည်နယ်ထဲက တက္ကသိုလ်တိကို ထောက်ပံ့ထားစွာကို တွိရသည်။ ယင်းပိုင်ထောက်ပံ့ထားလို့ ဒေသခံပြည်နယ်သားတိအနေနာင့် အဆင့်မြင့်ပညာရေးကို ဈီးနှုန်းသက်သက်သာသာနာင့် တက်နိုင်စွာကို တွိရသည်။ ယင်းပြည်နယ်က Texas A & M University at College Stationနာင့် University of Texas at Austin ရို့သည် အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်း ရီနံအင်ဂျင်နီယာ(Petroleum Engineering)တက္ကသိုလ်တိဖြစ်သည်။)

ကနေဒါ
ကနေဒါနိုင်ငံမှာဆိုကေ သဘာဝအရင်းအမြစ်ခွန်တိ (များသောအားဖြင်း ရီနံဆီခွန်)ကို ဒေသခံပြည်နယ်အစိုးရတိက ကောက်ခံခွင့်ဟိသည်။ အခွန်အမျိုးအစားတိခွဲပြီးကေ ကောက်ခံထားသည်။ ပိုင်ရှင်ကြေးကိုလည်း ကောက်ခံသည်။ ယင်းအတွက်ကြောင့် ရီနံထွက်ရေ ဒေသတချို့သည် ရီနံခွန်အများစုကို ကောက်ခံရဟိသည်။ နိုင်ငံ၏ အယ်ဘာတာ(Alberta)တိုင်းဆိုကေ သဘာဝပစ္စည်းတိ ပေါကြွယ်ဝလှသည်။ တစ်နိုင်ငံလုံးရီနံခွန်၏ လေးပုံတစ်ပုံကို ယင်းတိုင်းတစ်ခုတည်းက ကောက်ခံရဟိသည်။ ဆက်ဆကတ်ချီဝန်(Saskatchewan)တိုင်းဆိုကေလည်း တစ်နိုင်ငံလုံးရီနံခွန်၏ ၁၀ ပုံ ၁ ပုံကို ကောက်ခံရဟိသည်။ ယေကေလေ့ အားလုံးကို ခြုံငုံကြည့်လိုက်ကေ ရီနံခွန်သည် ဒေသခံအစိုးရတိဝင်ငွေ၏ ၃ ဒသမ ၅၀ ရာခိုင်နှုန်းကိုရာ ကိုယ်စားပြုသည်။ ယင်းအတွက်ကြောင့် ရီနံထွက်ဟိရေ ဒေသတိအနိန်နာင့် မိမိဒေသထွက်ရီနံက ရီနံခွန်တိကို ပိုရကေလေ့ တခြားဗဟိုအစိုးရက ပီးအပ်တေ ထောက်ပံ့ကြေး(grants)တိကိုကျကေ အရနည်းသည်။ ယင်းပိုင် ဗဟိုအစိုးရက တိုင်းအသီးသီး၏၀င်ငွေ မျှတအောင် ကြားက ချိန်ခွင်ညှိပီးသည်။

အခြားတဘက်မှာ အေပိုင်ရီနံနာင့် သဘာဝဓာတ်ငွေ့တိအပေါ်မှာ ပိုင်ရှင်ကြေးကောက်ခံခြင်း၊ ဒေသခံအစိုးရတိအပေါ်မှာ အပြည့်အ၀ အာဏာခွဲဝီပီးခြင်းတိရေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရပ်တိအပေါ်မှာ အခွန် အလွန်အကျွံကောက်ခံခြင်းတိကို ဖြစ်ပေါ်စီနိုင်သည်။ ယင်း၏အကျိုးဆက်အဖြစ် မိမိဒေသသို့ ရောက်ဟိလာဖို့ ရင်းနှီးမြှုပ်နှံမှုတိကို နည်းပါးစီနိုင်သည်။ ရီနံထွက်ဟိရေ ဒေသတိက ၀င်ငွေခွန်နာင့် ရောင်းကုန်ခွန်တိကို လျှော့ချကောက်ခံခြင်းဖြင့် တခြားပြည်နယ်တိက လူတိ ရီနံထွက်ဟိရေ ဒေသတိုင်းတိကို ပြောင်းရွေ့နိန်ထိုင်လာနိုင်သည်။ ယင်းအကျိုးဆက်အဖြစ် တခြားပြည်နယ်တိမှာ အခွန်ရဟိမှု နည်းပါးခြင်းပြဿနာတိကို ဖြစ်ပေါ်စီနိုင်သည်။ ကနေဒါနိုင်ငံ၏ စီးပွားရေး ပညာရှင်တိက တိုင်းဒေသမှာဟိရေ သဘာဝအရင်းအမြစ်က ရဟိရေ အခွန်တိကို ဗဟိုအစိုးရပါးကို လွှဲပြောင်းထားချင်ကတ်သည်။ ယေကေလေ့ အခြေခံဥပဒေက တိုင်းဒေသတိကို ပီးအပ်ထားရေ အခြေခံအခွင့်အရေးတိနာင့် နိုင်ငံရေးဆိုင်ရာ ကန့်သတ်ချက်တိ ဟိနိန်ရေအတွက် ဗဟိုအစိုးရပါးကို အခွန်ငွေတိ ပီးအပ်ထားဖို့ဆိုရေ ကိစ္စမှာ လောလောဆယ် ဖြစ်နိုင်ဖွယ်မဟိစွာကို တွိရသည်။

ကနေဒါနိုင်ငံနာင့် အမေရိကန်ပြည်ထောင်စုရို့သည် ဒေသခံအစိုးရတိဘားကို ရီနံခွန်ကောက်ခံခွင်အာဏာအပြည့်အ၀ပီးထားသည်။ ယင်းပိုင်ပီးထားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်ရေ အခက်အခဲပြဿနာတိ နည်းနိုင်သမျှနည်းအောင်လည်း ကြိုးစားကာကွယ်ထားစွာကို တွိရသည်။ ဥပမာ- ယင်းနိုင်ငံတိက ရီနံထွက်ဟိရေ ပြည်နယ်၊တိုင်းတိသည် ရီနံခွန်တိထဲက တချို့တ၀က်ကို ပဒေသာပင်အဖြစ် သတ်သတ်ထားဟိပြီးကေ အစိုးရတိက အလွန်အကျွံဖဲ့ချာမသုံးစွဲနိုင်အောင် စီမံထားသည်။ ယင်းပိုင်လုပ်ထားခြင်းကြောင့် ရီနံဈီးအတက်အကျကြောင့် ရိုက်ခတ်လာနိုင်ရေ အခွန်ငွေ အတိုးအလျော့ ပြဿနာတိကိုလည်း ကာကွယ်ပီးထားပြီးသားဖြစ်နိန်သည်။ ယင်းအပြင် ဗဟိုအစိုးရက ရီနံထွက်ဟိရေ ဒေသတိကို တခြားထောက်ပံ့ကြေးပီးခြင်းတိကို ကန့်သတ်ထားသည်။ ယင်းအတွက်ကြောင့် တိုင်း၊ ပြည်နယ်တိကြားမှာ အခွန်ငွေ မမျှမတဖြစ်မှုကို အတတ်နိုင်ဆုံး ညှိပီးထားသည်။ ဖယ်ဒရယ်အစိုးရ၏ အခွန်ဝင်ပေါက်တိအပေါ်မှာ ပြည်နယ်အစိုးရအသီးသီးက မိမိပြည်နယ်သူပြည်နယ်သားတိ ပီးအပ်ရဖို့ ဖယ်ဒရယ်အခွန်နှုန်းထားတိကို သတ်မှတ်ပီးနိုင်ခြင်းဖြင့် ပိုမိုတည်ငြိမ်မှုဟိရေ ဒေသအခွန်ငွေပမာဏကို ပိုင်ဆိုင်နိုင်အောင်လည်း စီမံထားပေသည်။

အထက်ဖော်ပြပါ နိုင်ငံအားလုံးကို လေ့လာခြင်းဖြင့် ရီနံနာင့် သဘာဝအရင်းအမြစ်ပေါကြွယ်ရေ ဒေသကံပြည်သူတိရေ မိမိဒေသက ထွက်ဟိရေ သယံဇာတ၏ အသီးအမြစ်ကို အနည်းနာင့်အများ ခံစားခွင့်ဟိသည်ကို တွိရသည်။ သဘာဝသယံဇာတပစ္စည်းများကို ယှာဖွေခွင့်ပီးစွာမှာသော်လည်းကောင်း၊ မြီပြင်ယှာဖွေလေ့လာမှုတိ ပြုလုပ်တေ နိန်ရာမှာသော်လည်းကောင်း၊ တူးဖော်စွာမှာသော်လည်းကောင်း၊ ရောင်းချရာမှာသော်လည်းကောင်း၊ အကျိုးအမြတ်တိခွဲဝေဖို့ ဆုံးဖြတ်ရာ စကားဝိုင်းမှာသော်လည်းကောင်း အနည်းနာင့်အများ ပါဝင်ခွင့် ဟိကြသည်။ ယင်းနိုင်ငံများနာင့် ဆန့်ကျင်ပြီးကေ ဗမာစစ်အစိုးရသည် ရခိုင်ပြည်မှ ထွက်ဟိရေ သဘာဝအရင်းအမြစ်တိကို မည်သည့် ရခိုင်ပြည်သူ၊ ရခိုင်ကိုယ်စားပြု ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အလိုမပါပဲ ယင်းရို့စိတ်ကြိုက်စီမံနိန်ကတ်စွာကို ရင်နာစရာ တွိဟိရသည်။ ပြည်ထောင်စုစိတ်ကို အရင်းခံရေ စစ်မှန်ရေ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်ကေ လက်ဟိအစိုးရ (သို့) နောက်တက်လာဖို့ အစိုးရတိသည် အောက်ပါအချက်တိကို နားလည်အကောင်အထည်ဖော်ရန် အရေးကြီးသည်။

၁။ ရခိုင်ပြည်က သယံဇာတိကို ရခိုင်သားတိကရာ ပိုင်ဆိုင်သည်။ ယင်းကို ဗဟိုအခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားဖို့ လိုသည်။
၂။ ရခိုင့်သယံဇာတတိအပေါ်မှာ ရခိုင်ပြည်သူတိကို ကိုယ်စားပြုရေ ရခိုင်ပြည်အစိုးရကရာ အခွန်ကောက်ခံခွင့်ဟိသည်။
၃။ ထွက်ဟိရေ သယံဇာတတိကို ရခိုင်ပြည်သူတိကို ကိုယ်စားပြုရေ ရခိုင်ပြည်အစိုးရကရာ ရောင်းချခွင့် ဟိသည်။
၃။ ရီနံတွင်းတူးလုပ်ငန်း၊ ထုတ်လုပ်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း စရေ လုပ်ငန်းလုပ်ကိုင်ဖို့အတွက် လိုင်စင်ကို ရခိုင်ပြည်သူတိကို ကိုယ်စားပြုရေ ရခိုင်ပြည်အစိုးရကရာ ထုတ်ပီးခွင့်ဟိသည်။ လိုင်စင်ခွန်နာင့် အလုပ်သမားဝင်ငွေခွန်စရေ အခွန်တိကို ရခိုင်ပြည်သူတိကို ကိုယ်စားပြုရေ ရခိုင်ပြည်အစိုးရကိုပီးဆောင်ရမည်။ ဗဟိုအစိုးရကို အနည်းအကျဉ်းပီးဆောင်ခြင်းကိုလည်း နားလည်ပီးရမည်။
၎။ ရခိုင်ပြည်ကိုယ်စားပြုအစိုးရကို ထွက်ဟိရေ သယံဇာတတိအပေါ်မှာ သဘာဝအရင်းအမြစ်ခွန်(natural resource taxes)နာင့် ပိုင်ရှင်ကြေး (Royalties)တိ ပီးဆောင်ရမည်။
၅။ ရဟိလာရေ အခွန်ငွေတိထဲက တချို့တ၀က်ကို အတိုးနှုန်းပုံမှန် ရနိုင်ရေ saving fund တစ်ခုပြုလုပ်ပြီးကေ နောက်မျိုးဆက်သစ်တိအတွက် စီမံထားရမည်။ ယင်း fundထဲက ဖဲ့ချာကို ရီနံခွန်အတက်အကျကြောင့် ဖြစ်ပေါ်လာနိုင်ရေ ဂယက်ရိုက်မှုနာင့် သက်ဆိုင်ရေ ကိစ္စရပ်တိမှာရာ သုံးရမည်။ မည်သည့်သုံးစွဲမှုကိုမဆို ရခိုင့်ပါလီမန်မှ မဲခွဲခွင့်ပြုပြီးခါမှရာ သုံးစွဲဖို့ဖဲ့ချာကို ရခိုင်ပြည်အစိုးရ ဘားဂျတ်ထဲသို့လွှဲပြောင်းပြီးကေ သုံးစွဲရမည်။
၆။ ရဟိရေ အခွန်တိကို လတ်တလော မဆင်မခြင် မသုံးစွဲပဲ ရေရှည်လည်း ကောင်းအောင်၊ နိုင်ငံ၏ ငွေကြေးပေါ်လစီဆိုင်ရာ ဆိုးကျိုးတိကိုလည်း မဖြစ်အောင် စနစ်တကျ၊ ပါးပါးနပ်နပ် သုံးစွဲရမည်။
၇။ ရဟိလာရေ အခွန်ငွေတိထဲက တချို့တ၀က်ကို Education Fund တစ်ခုပြုလုပ်ပြီးကေ ပညာရေးကိစ္စရပ်တိမှာ သုံးစွဲရမည်။ အဆင့်မှီတက္ကသိုလ်တိ တည်ဆောက်ပြီးကေ ဆင်းရဲချမ်းသာမရွေး ရခိုင်ပြည်သူပြည်သားတိအတွက် ပညာရေးကို ဈီးပေါပေါနာင်တက်ရောက်သင်ယူနိုင်အောင် စီမံထားရမည်။ ပညာရေးနာင့် မသက်ဆိုင်သော ကိစ္စရပ်တိမှာ မသုံးစွဲရ။ ဒေသခံအစိုးရ ဘားဂျတ်နာင့် တတွဲတည်းထားကေ နိုင်ငံရေး၊ စီးပွားရေး စရေ တခြား ဘားဂျတ်အတက်အကျရိုက်ခတ်မှုကို ကြုံရနိုင်ရေအတွက် Education Fundကို သီးသန့်ပညာရေးရံပုံငွေအဖြစ်ထားဟိလားရမည်။
၈။ အခွန်တိထဲက တချို့တ၀က်ကို သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတိဖြစ်ပေါ်ရေ နိန်ရာတိအတွက် လျော်ကြေးငွေအဖြစ် သီးသန့်ရန်ပုံငွေ တစ်ရပ်ထားရှိရမည်။

မှီငြမ်းချက်
1. Ahmad, Ehtisham.; Mottu, Eric.; Oil Revenue Assignments: Country Experiences and Issues, http://www.imf.org/external/pubs/ft/wp/2002/wp02203.pdf, accessed January 26, 2010.

2. Wikipedia, Niger Delta, http://en.wikipedia.org/wiki/Niger_delta, accessed January 26, 2010.

3. Niger Delta Congress, Understanding the Derivation Principle, http://www.nigerdeltacongress.com/uarticles/understanding_the_derivation_pri.htm, accessed January 26, 2010.

4. Wikipedia, Value Added Tax, http://en.wikipedia.org/wiki/Value_added_tax, accessed January 26, 2010.

5. History.com, Federally Owned Land by State, http://www.history.com/encyclopedia.do?articleId=227229, accessed January 28, 2010.

6. Federal Bureau of Prison, Protecting Society and Crime, http://www.bop.gov/, accessed January 28, 2010.

7. TSHA Online, Permanent University Fund, http://www.tshaonline.org/handbook/online/articles/PP/khp2.html, accessed February 10, 2010.

8. Wikipedia, Alaska Permanent Fund, http://en.wikipedia.org/wiki/Alaska_Permanent_Fund, accessed February 11, 2010.

9. Canada Maps, Detailed Saskatchewan Map, http://www.canada-maps.org/saskatchewan-map.htm, accessed February 11, 2010.

ဓာတ်ပုံ။ ။ နိရဉ္စရာ သတင်းဌာန၊ ဘင်းဂလားဒေ့ရှ်။

0 comments:

Post a Comment

 
© Copyright by AS  |  Template by Blogspot tutorial